What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 June 2017 14:22

အမျိုးသမီးတိုင်း ရင်သားကင်ဆာမဖြစ်စေဖို့ ကာကွယ်ရမယ့်နည်းလမ်း (၈) ခု

အမျိုးသမီးတိုင်း ရင်သားကင်ဆာမဖြစ်စေဖို့ ကာကွယ်ရမယ့်နည်းလမ်း (၈) ခု Google.com

အမျိုးသမီးများ အကြောက်ဆုံးရောဂါကတော့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်မယ်လို့ ထင်ပါတယ်။

ဒီတော့ ရင်သားကင်ဆာဆိုတာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရကြောင်း သိစေချင်ပါတယ်။

၁. မိခင်တွေ ကလေးကို နို့တိုက်မပျင်းပါနဲ့။

လေ့လာတွေ့ရှိမှုအရ ကလေးကို နို့တိုက်တဲ့မိခင်နဲ့ နို့မတိုက်တဲ့ မိခင်မှာ ကင်ဆာဖြစ်မှုဟာ နို့်မတိုက်တဲ့ မိခင်တွေက 60% ပိုတယ်လို့ ဆိုပါတယ်။ နို့တိုက်တဲ့ မိခင်ဟာ သေချာပေါက်အနေနဲ့ 15 လ အတွင်း ရင်သားကင်ဆာ မဖြစ်နိုင်သလို ရင်သားကင်ဆာဖြစ်မှုကို သာမန်ထက် 4% လျှော့ချနိုင်ပါတယ်။

၂. ရေနွေးကြမ်း ပုံမှန်သောက်ပေးပါ။

ရေနွေးကြမ်းသောက်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေရုံသာမက သွေးထဲမှာရှိတဲ့ ကိုလက်စထရောနဲ့ အဆီပိုတွေကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

၃. အစပ်အရသာ များများစားပေးပါ။

ငရုတ်သီး၊ ငရုပ်ကောင်း စတာတွေ များများစားပေးပါ။ ငရုတ်သီး စတဲ့ အစပ်အရသာရှိတဲ့ အစားအစာတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အက်စစ်ဓာတ်ကို အချိန်တိုအတွင်း ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း ကိုလက်စထရောဓာတ်ပါဝင်မှုကို လျှောချပေးပြီး နှလုံးရောဂါ၊ သွေးတိုး/သွေးကျ ရောဂါတွေကို ကာကွယ်ပေး ပါတယ်။

၎. လေ့ကျင့်ခန်း များများလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးတင် မကဘဲ စိတ်ကျန်းမာရေးကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းကို ၀င်ရောက်လာမယ့် ရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်အရက်ကို ရှောင်ပါ။

၅. ကျန်းမာစေမယ့် ကိုယ်အလေးချိန် ရှိပါစေ။

မိမိရဲ့ အရပ်၊ သို့မဟုတ် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ် အလေးချိန် ရှိအောင် ထိန်းသိမ်းပါ။ ၀လွန်းရင်လည်း ရောဂါတွေကို ဖိတ်ခေါ်နေသလို ဖြစ်သလို၊ ပိန်လွန်းရင်လည်း ကိုယ်ခံစွမ်းအားနည်းပြီး ရောဂါတွေအကြိုက် တွယ်ကပ်ရာ ဖြစ်တတ်ပါတယ်။

၆. အသီးအရွက်ကို များများစားပါ။

စားတဲ့သောက်တဲ့အခါမှာလည်း အသီးအရွက်ကိုသာ ဦးစားပေးစားပါ။ အသားတွေထဲမှာတော့ ငါးအသားဟာ လူကို ဆိုးကျိုးဖြစ်စေမှုမရှိဘဲ Omega 3 စတဲ့ ဓာတ်တွေဟာ ရောဂါစုံကို ကာကွယ်ပေးနိုင်ပါတယ်။

၇. မိသားစုရဲ့ ကျန်းမာရေးသမိုင်းကြောင်းကို သိပါစေ။

ရင်သားကင်ဆာဟာ မျိုးရိုးလိုက်တယ်လို့ ဆိုပါတယ်။ ဒီတော့ မိသားစုနဲ့ နီးစပ်တဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းမှာ ရင်သားကင်ဆာနဲ့ ကွယ်လွန်ဖူးသူ၊ လက်ရှိ ရင်သားကင်ဆာခံစားနေရသူ ရှိရင် သင့်အနေနဲ့လည်း မပေါ့စပါနဲ့။ နှစ်လတစ်ခါ၊ သုံးလတစ်ခါ ရင်သားကင်ဆာရှိမရှိ စစ်ဆေးမှု လုပ်သင့်ပါတယ်။ ရှိနေရင်လည်း အသိစောရင် အလှမပျက် ခွဲစိပ်မှု လုပ်နိုင်နေပါပြီ။

၈. Omega 3 ပါဝင်တဲ့ အစားအစာတွေကို များများစားပေးပါ။

Omega 3 ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဂျုံကဲ့သို့သော နှံစားပင်အမျိုးမျိုး၊ ငါကြီးဆီ-စတာတွေ ဖြစ်ပါတယ်။

Source: shwemom

Read times
Rate this item
(2 votes)