What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 May 2019 16:48

အသက်အန္တာရယ်ရှိနိုင်တဲ့ သွေးလွှတ်ကြောမ ဖောင်းပွခြင်း အကြောင်း

ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေအားလုံးဟာ သွေးလွှတ်ကြောမကြီးကနေ တဆင့်တဆင့်ခွဲဖြာထွက်လာတာဖြစ်ပြီး ၎င်းသွေးလွှတ်ကြောမကြီးကို Aorta လို့လည်းခေါ်ပါတယ်။ 

သူက နှလုံးဘယ်ဘက်ခြမ်းမှာရှိတဲ့ သွေးလွှတ်ခန်း (left Ventricle) ကနေ ထွက်လာပြီး ရင်ဘတ်ပိုင်းကနေ အောက်ဝမ်းဗိုက်ပိုင်းနေရာထိ ဆင်းလာပါတယ်။ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဟာ သွေးလွှတ်ကြောမကြီးရှိရာတလျှောက် ရင်ဘတ်ပိုင်း မှာလည်း ဖြစ်နိုင်သလို ဝမ်းဗိုက်ပိုင်းမှာလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရင်ဘတ်ပိုင်းနဲ့ဝမ်းဗိုက်ပိုင်းကြားနေရာမှာလည်း ဖြစ်နိုင်ပါတယ်။

 

ရင်ဘတ်ပိုင်းမှာဖြစ်တာကို thoracic aortic aneurysm လို့ခေါ်ပြီး ဝမ်းဗိုက်ပိုင်းမှာဖြစ်တာကိုတော့ abdominal aortic aneurysm လို့ခေါ်ပါတယ်။ ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကြားနေရာမှာဖြစ်တာကိုတော့ thoracoabdominal aneurysm လို့ခေါ်ပါတယ်။ တချို့သူတွေမှာဆိုရင် ရင်ဘတ်ပိုင်းမှာရော ဝမ်းဗိုက်ပိုင်းမှာရော နှစ်နေရာလုံးဖြစ်တာမျိုးလည်းရှိပါတယ်။ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဟာ အသက်အန္တရာယ်ရှိတဲ့အခြေအနေတခုဖြစ်ပါတယ်။ ဘာလို့ိလဲဆိုတော့ ဖောင်းပွလာတဲ့အရွယ်ပမာဏတိုးလာတဲ့အခါ သွေးလွှတ်ကြောမကြီးနံရံမှာပြဲတာ၊ သွေးလွှတ်ကြောမကြီးပေါက်ထွက်တာတွေ ရုတ်တရက်ဖြစ်နိုင်ပြီး အသက်သေလောက်သည်အထိ ကိုယ်ခန္ဓာအထဲမှာသွေးယိုတာတွေဖြစ်နိုင်လို့ပါ။

 

သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းကို ဆေးပညာအရ Aortic Aneurysm လို့ခေါ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းတွေအနေနဲ့ကတော့ သွေးတွင်းအဆီဓါတ်များလာပြီး သွေးကြောနံရံတွေမှာအဆီတွေကပ်ကာ သွေးကြောတွေမာလာတာ သွေးပေါင်ချိန်များတာ (သွေးတိုးတာ) သွေးကြောရောင်ရမ်းတဲ့ ရောဂါတွေဖြစ်တာ ထိခိုက်ဒဏ်ရာရတာပိုးဝင်တာ စသဖြင့်ကြောင့်ပါ။

 

အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ ဆေးလိပ်စွဲသောက်သူတွေ မိသားစုမျိုးရိုးထဲကတယောက်ယောက်မှာ ဒီလိုမျိုးဖြစ်တာရှိခဲ့ဖူးသူတွေ အမျိုးသားတွေ၊ အသားဖြူတဲ့သူတွေမှာဆိုရင် သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဖြစ်နိုင်ခြေဟာ ပိုများပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရင်ဘတ်ပိုင်းမှာဖြစ်တဲ့ thoracic aortic aneurysm မှာဆိုရင် ရင်ဘတ်အောင့်တာ၊ နာတာ၊ ခါးနာတာ၊ အသံအောတာ၊ ချောင်းဆိုးတာ၊ မောတာတွေဖြစ်နိုင်ပြီး ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ abdominal aortic aneurysm မှာဆိုရင် ဝမ်းဗိုက်နာတာအောင့်တာ၊ ဝမ်းဗိုက်ဘေးတဖက်တချပ်အောင့်တာ၊ ခါးနာတာ၊ ဝမ်းဗိုက်ချက်နားတဝိုက်မှာ အလုံးတလုံစမ်းမိပြီး ထိုအလုံးက လက်ကောက်ဝတ်မှာသွေးခုန်နှုန်းစမ်းတဲ့အခါမှာခံစားရသလို ခုန်စွခုန်စွဖြစ်နေတာ စသဖြင့်ပါ။

 

တချို့တွေမှာ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဖြစ်ပေမယ့် ဘာလက္ခဏာမှ မခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ဖြစ်တဲ့အရွယ်ပမာဏ၊ အရွယ်အစားကြီးနှုန်းမြန်တာ၊ နှေးတာ စတဲ့အချက်တွေပေါ် မူတည်နိုင်ပါတယ်။ ဖော်ပြပါလက္ခဏာတွေ မိမိမှာရှိလာရင်တော့ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်းဖြစ်တာ ဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ပြသစစ်ဆေးကြည့်သင့်ပါတယ်။

 

ဟုတ်တယ်ဆိုရင် ကုသမှုမြန်မြန်ခံယူဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မိမိမှာ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်း ဖြစ်နေတာဟာ ဘယ်ချိန်ထပေါက်မယ်မှန်းမသိတဲ့ ဗုံးတလုံးကို လက်မှာကိုင်ထားရတာမျိုးနဲ့ ဆင်တူပါတယ်။ ဖောင်းပွနေတဲ့ သွေးလွှတ်ကြောမကြီးဟာ အချိန်မရွေးကွဲထွက်နိုင်ပြီး အဲ့လိုကွဲထွက်တဲ့အခါမှာ ချက်ချင်းအရေးပေါ်ကုသမှုရဖို့ ကြာနေတာမျိုးဆိုရင် အသက်သေဆုံးနိုင်လို့ပါ။သွေးလွှတ်ကြောမကြီးဖောင်းပွနေရာကနေ ကွဲထွက်တဲ့အခါ ရုတ်တရက် ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်နေရာမှာ ဆွဲဖြဲလိုက်သလိုမျိုး ပြင်းထန်တဲ့ နာကျင်မှုကို တောက်လျှောက်ခံစားရတာ၊ ခါးနဲ့ နောက်ကျောနေရာတွေမှာပါနာတာ၊ အသက်ရှုရခက်တာ၊ သွေးပေါင်ကျတာ၊ သွေးခုန်နှုန်းမမှန်တာ၊ ခန္ဓာကိုယ်တခြမ်းအားနည်းသွားတာ စသဖြင့်ဖြစ်နိုင်ပါတယ်။

 

ဒီလိုဖြစ်တဲ့အခါကျ နီးစပ်ရာဆေးရုံကိုအမြန်ဆုံးပို့ပြီး အရေးပေါ်ကုသမှုချက်ချင်းခံယူဖို့လိုပါတယ်။ သွေးလွှတ်ကြောမကြီးဖောင်းပွခြင်း ဖြစ်နိုင်ခြေနဲအောင်အသား ငါး ဟင်းရွက် စုံလင်မျှတအောင်စားပါ။ အဆီအဆိမ့်အငန်တွေလျှော့စားပါ။ သင့်သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓါတ်ကို မများအောင်ထိန်းထားပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သုံးစွဲခြင်းကို ရှောင်ပါ လို့အကြံပေးချင်ပါတယ်။

Source: Dr 528(ondoctor)

 

(Zawgyi)

=====

အသက္အႏၱာရယ္ရွိႏိုင္တဲ့ ေသြးလႊတ္ေၾကာမ ေဖာင္းပြျခင္း အေၾကာင္း

 

ခႏၶာကိုယ္အႏွံ့မွာရွိတဲ့ ေသြးေၾကာေတြအားလုံးဟာ ေသြးလႊတ္ေၾကာမႀကီးကေန တဆင့္တဆင့္ခြဲျဖာထြက္လာတာျဖစ္ျပီး ၎ေသြးလႊတ္ေၾကာမႀကီးကို Aorta လို႔လည္းေခၚပါတယ္။  သူက ႏွလုံးဘယ္ဘက္ျခမ္းမွာရွိတဲ့ ေသြးလႊတ္ခန္း (left Ventricle) ကေန ထြက္လာၿပီး ရင္ဘတ္ပိုင္းကေန ေအာက္ဝမ္းဗိုက္ပိုင္းေနရာထိ ဆင္းလာပါတယ္။ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္းဟာ ေသြးလႊတ္ေၾကာမႀကီးရွိရာတေလၽွာက္ ရင္ဘတ္ပိုင္း မွာလည္း ျဖစ္နိုင္သလို ဝမ္းဗိုက္ပိုင္းမွာလည္းျဖစ္နိုင္ပါတယ္။ ဒါ့အျပင္ ရင္ဘတ္ပိုင္းနဲ႔ဝမ္းဗိုက္ပိုင္းၾကားေနရာမွာလည္း ျဖစ္နိုင္ပါတယ္။

 

ရင္ဘတ္ပိုင္းမွာျဖစ္တာကို thoracic aortic aneurysm လို႔ေခၚၿပီး ဝမ္းဗိုက္ပိုင္းမွာျဖစ္တာကိုေတာ့ abdominal aortic aneurysm လို႔ေခၚပါတယ္။ ရင္ဘတ္ပိုင္းနဲ႔ ဝမ္းဗိုက္ပိုင္းၾကားေနရာမွာျဖစ္တာကိုေတာ့ thoracoabdominal aneurysm လို႔ေခၚပါတယ္။ တခ်ိဳ႕သူေတြမွာဆိုရင္ ရင္ဘတ္ပိုင္းမွာေရာ ဝမ္းဗိုက္ပိုင္းမွာေရာ ႏွစ္ေနရာလုံးျဖစ္တာမ်ိဳးလည္းရွိပါတယ္။ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္းဟာ အသက္အႏၲရာယ္ရွိတဲ့အေျခအေနတခုျဖစ္ပါတယ္။ ဘာလို႔ိလဲဆိုေတာ့ ေဖာင္းပြလာတဲ့အရြယ္ပမာဏတိုးလာတဲ့အခါ ေသြးလႊတ္ေၾကာမႀကီးနံရံမွာျပဲတာ၊ ေသြးလႊတ္ေၾကာမႀကီးေပါက္ထြက္တာေတြ ႐ုတ္တရက္ျဖစ္နိုင္ၿပီး အသက္ေသေလာက္သည္အထိ ကိုယ္ခႏၶာအထဲမွာေသြးယိုတာေတြျဖစ္နိုင္လို႔ပါ။

 

ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္းကို ေဆးပညာအရ Aortic Aneurysm လို႔ေခၚပါတယ္။ ျဖစ္ရတဲ့အေၾကာင္းေတြအေနနဲ႔ကေတာ့ ေသြးတြင္းအဆီဓါတ္မ်ားလာၿပီး ေသြးေၾကာနံရံေတြမွာအဆီေတြကပ္ကာ ေသြးေၾကာေတြမာလာတာ ေသြးေပါင္ခ်ိန္မ်ားတာ (ေသြးတိုးတာ) ေသြးေၾကာေရာင္ရမ္းတဲ့ ေရာဂါေတြျဖစ္တာ ထိခိုက္ဒဏ္ရာရတာပိုးဝင္တာ စသျဖင့္ေၾကာင့္ပါ။

 

အသက္ ၆၅ ႏွစ္နဲ႔အထက္ရွိသူေတြ ေဆးလိပ္စြဲေသာက္သူေတြ မိသားစုမ်ိဳးရိုးထဲကတေယာက္ေယာက္မွာ ဒီလိုမ်ိဳးျဖစ္တာရွိခဲ့ဖူးသူေတြ အမ်ိဳးသားေတြ၊ အသားျဖဴတဲ့သူေတြမွာဆိုရင္ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္းျဖစ္နိုင္ေျခဟာ ပိုမ်ားပါတယ္။ ေရာဂါလကၡဏာေတြအေနနဲ႔ကေတာ့ ရင္ဘတ္ပိုင္းမွာျဖစ္တဲ့ thoracic aortic aneurysm မွာဆိုရင္ ရင္ဘတ္ေအာင့္တာ၊ နာတာ၊ ခါးနာတာ၊ အသံေအာတာ၊ ေခ်ာင္းဆိုးတာ၊ ေမာတာေတြျဖစ္နိုင္ၿပီး ဝမ္းဗိုက္ပိုင္းမွာျဖစ္တဲ့ abdominal aortic aneurysm မွာဆိုရင္ ဝမ္းဗိုက္နာတာေအာင့္တာ၊ ဝမ္းဗိုက္ေဘးတဖက္တခ်ပ္ေအာင့္တာ၊ ခါးနာတာ၊ ဝမ္းဗိုက္ခ်က္နားတဝိုက္မွာ အလုံးတလုံစမ္းမိၿပီး ထိုအလုံးက လက္ေကာက္ဝတ္မွာေသြးခုန္ႏႈန္းစမ္းတဲ့အခါမွာခံစားရသလို ခုန္စြခုန္စြျဖစ္ေနတာ စသျဖင့္ပါ။

 

Read More : မ်က္စိေညာင္းညာမႈမ်ားကို သက္သာေစႏိုင္တဲ့ နည္းလမ္းမ်ား

 

တခ်ိဳ႕ေတြမွာ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္းျဖစ္ေပမယ့္ ဘာလကၡဏာမွ မခံစားရတာမ်ိဳးလည္းရွိနိုင္ပါတယ္။ ျဖစ္တဲ့အရြယ္ပမာဏ၊ အရြယ္အစားႀကီးႏႈန္းျမန္တာ၊ ေႏွးတာ စတဲ့အခ်က္ေတြေပၚ မူတည္နိုင္ပါတယ္။ ေဖာ္ျပပါလကၡဏာေတြ မိမိမွာရွိလာရင္ေတာ့ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္းျဖစ္တာ ဟုတ္မဟုတ္ေသခ်ာေအာင္ ဆရာဝန္နဲ႔ျပသစစ္ေဆးၾကည့္သင့္ပါတယ္။

 

ဟုတ္တယ္ဆိုရင္ ကုသမႈျမန္ျမန္ခံယူဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ မိမိမွာ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္း ျဖစ္ေနတာဟာ ဘယ္ခ်ိန္ထေပါက္မယ္မွန္းမသိတဲ့ ဗုံးတလုံးကို လက္မွာကိုင္ထားရတာမ်ိဳးနဲ႔ ဆင္တူပါတယ္။ ေဖာင္းပြေနတဲ့ ေသြးလႊတ္ေၾကာမႀကီးဟာ အခ်ိန္မေရြးကြဲထြက္နိုင္ၿပီး အဲ့လိုကြဲထြက္တဲ့အခါမွာ ခ်က္ခ်င္းအေရးေပၚကုသမႈရဖို႔ ၾကာေနတာမ်ိဳးဆိုရင္ အသက္ေသဆုံးနိုင္လို႔ပါ။ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြေနရာကေန ကြဲထြက္တဲ့အခါ ႐ုတ္တရက္ ရင္ဘတ္ သို႔မဟုတ္ ဝမ္းဗိုက္ေနရာမွာ ဆြဲျဖဲလိုက္သလိုမ်ိဳး ျပင္းထန္တဲ့ နာက်င္မႈကို ေတာက္ေလၽွာက္ခံစားရတာ၊ ခါးနဲ႔ ေနာက္ေက်ာေနရာေတြမွာပါနာတာ၊ အသက္ရႈရခက္တာ၊ ေသြးေပါင္က်တာ၊ ေသြးခုန္ႏႈန္းမမွန္တာ၊ ခႏၶာကိုယ္တျခမ္းအားနည္းသြားတာ စသျဖင့္ျဖစ္နိုင္ပါတယ္။

 

ဒီလိုျဖစ္တဲ့အခါက် နီးစပ္ရာေဆး႐ုံကိုအျမန္ဆုံးပို႔ၿပီး အေရးေပၚကုသမႈခ်က္ခ်င္းခံယူဖို႔လိုပါတယ္။ ေသြးလႊတ္ေၾကာမႀကီးေဖာင္းပြျခင္း ျဖစ္နိုင္ေျခနဲေအာင္အသား ငါး ဟင္းရြက္ စုံလင္မၽွတေအာင္စားပါ။ အဆီအဆိမ့္အငန္ေတြေလၽွာ့စားပါ။ သင့္ေသြးေပါင္ခ်ိန္နဲ႔ ေသြးတြင္းအဆီဓါတ္ကို မမ်ားေအာင္ထိန္းထားပါ။ ကိုယ္လက္ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။ ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးထြက္ပစၥည္းေတြ သုံးစြဲျခင္းကို ေရွာင္ပါ လို႔အႀကံေပးခ်င္ပါတယ္။

 

Source: Dr 528(ondoctor)

Read times Last modified on Tuesday, 28 January 2020 17:22
Rate this item
(1 Vote)