What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 September 2022 15:36

ဒူးဆစ်ရောင်ခြင်း (Knee Osteoarthritis) ရဲ့ သတိပေး လက္ခဏာများ

ဒူးဆစ်ရောင်ခြင်း (Knee Osteoarthritis) ရဲ့ သတိပေး လက္ခဏာများ Omnia Health Insights

ဒူးဆစ်ရောင်ခြင်း(Knee Osteoarthritis) ဟာ အသက်(၅၀) ကျော်လာရင် အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများကတော့ ဟော်မုန်း၊ ကြွက်သားနှင့်အရိုးဆိုင်ရာ အကြောင်းအရင်းများကြောင့် အမျိုးသားများထက် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။

 

ဒါပေမယ့်လည်း ယနေ့ချိန်မှာတော့ ဒူးအဆစ်ရောင်ခြင်းဟာ လူငယ်များမှာပါ အဖြစ်များလို့ သတိထားရမယ့် ရောဂါဝေဒနာတစ်ခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒူးဆစ်ရောင်တဲ့လူနာများအနေနဲ့ ဒူးနာခြင်း၊ ဒူးဆစ်များ တောင့်တင်း ခြင်း၊ ဒူးဆစ်နေရာမှတကျွတ်ကျွတ်အသံမြည်ခြင်း၊ ဒူးနေရာကိုထိလိုက်ချိန်မှာ နာကျင်ခြင်း၊ ဒူးအနေအထားမမှန်ခြင်း စတာတွေကိုခံစားရနိုင်သလို ဒီလိုလက္ခဏာတွေ စုပေါင်းပြီးခံစားရတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။

 

ဒူးဆစ်ရောင်ခြင်းကို ကုသနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပေမယ့် ဝေဒနာ အပေါ်မူတည်ပြီး တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ စစ်ဆေးကာ ကုသဆွေးနွေး ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်များ၊ Hyaluronic အက်ဆစ်ထိုးခြင်း၊ သောက်ဆေး၊ ရူပကုထုံး (Physiotherapy)၊ ခွဲစိတ်ကုသခြင်း စသဖြင့် ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိပါတယ်။ လူနာရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ဆရာဝန်များမှ သင့်လျော်တဲ့ကုသမှုမျိုးကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။

 

အောက်ပါအခြေအနေရှိသူများကိုလည်း ဒူးဆစ်ရောင်ခြင်းဖြစ်နိုင်ခြေရှိသူများအဖြစ် သတ်မှတ်နိုင်ပါတယ်။

လေ့ကျင့်ခန်း(သို့) မတော်တဆဖြစ်ရပ်များကြောင့် ယခင်ကဒူးဒဏ်ရာ ရဖူး သူများ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံမရှိခြင်းကြောင့် ကိုယ်အလေးချိန် တက်သူများ(သို့)အဝလွန်သူများ။

ဒူးဆစ်နေရာကိုပိုမိုအားစိုက်ရသူများ။

ဒူးဆစ်ရောင်ခြင်းကိုဖြစ်စေသည့် လေးဖက်နာ၊ ဂေါက် စသည့် ရောဂါအခံ ရှိသူများ။ (၎င်းရောဂါများဟာ ပြင်းထန်စွာ ဒူး ရောင်ကိုင်းပြီး တုန့်ခနဲ့ရပ်သွား စေသည်အထိ ဒူးကို ထိခိုက်ပျက်စီးစေပါတယ်။)

My_yangon1.jpg

ဒူးဆစ်ရောင်ခြင်းလက္ခဏာများ

ဒူးဆစ်ရောင်ခြင်းရဲ့ လက္ခဏာများဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး အချိန်ကြာကြာ တစ်ခုပြီးနောက်မှာ တဖြည်းဖြည်း နဲ့ ရောဂါအဖြစ်ပြောင်းလဲသွားပါတယ်။ ဒူးဆစ်ရောင်ခြင်းရောဂါ ရှိမရှိဆိုတာကို အောက်ပါနည်းလမ်း (၆) ခုအားဖြင့် ကိုယ့်ကိုယ်ကို စစ်ဆေးနိုင်ပါတယ်။

 

၁။ ဒူးနာခြင်း - လူနာအနေနဲ့ ဒူးနာခြင်းကို (၆)လကျော်တဲ့အထိ ပေါ်လိုက် ပျောက်လိုက်ခံစားရပါလိမ့်မယ်။ ဒါ့အပြင် ဒူးကိုကွေးပြီး အားစိုက်ရတဲ့လှုပ်ရှားမှုများ ဖြစ်တဲ့ လမ်းအကြာကြီးလျှောက်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်း၊ အတက်အဆင်း လုပ်ခြင်း၊ တောင်တက်ခြင်း၊ ကားထဲတွင်အချိန်ကြာရှည်စွာထိုင်ခြင်း များမှ တစ်ဆင့် ဒူးနာခြင်းဖြစ်နိုင်ပါတယ်။ ကနဦးအဆင့်မှာတော့ ဒီလိုမျိုး လှုပ်ရှားမှုတွေဟာ တစ်ခဏတာ ခံစားရပြီး ပျောက်သွားပါတယ်။

 

ဒါပေမယ့်လည်း အလယ်အလတ်အ ဆင့်ရောက်ပြီဆိုရင် နာကျင်မှုဝေဒနာ ပိုကြီးကြာရှည်လာပါ တယ်။ ဒါ့အပြင် လှဲလျောင်းနေချိန်၊ ထိုင်ပြီးအနားယူချိန်တွေမှာ ဒူး အပေါ်ကို ဘာဖိအားသက်ရောက် မှုမှမရှိသည့်တိုင်အောင် နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ သေချာတာကတော့ နာကျင်မှုဟာ အပြီးအပြတ်ပျောက်ကင်းသွားတာမျိုး မရှိပါဘူး။

 

၂။ ဒူးနေရာမှာထုံကျင်နေခြင်း - လူနာများအနေနဲ့ နေ့စဉ် မနက်ခင်းပိုင်း နိုးလာတဲ့ အချိန် ဒူး ထုံကျင်နေတာကို သတိပြုမိပါလိမ့်မယ်။ အဲဒီနောက် ခြေထောက် တုံ့ဆိုင်း သွားနိုင်သလို မိနစ်(၃၀)ကျော်လာရင် လှုပ်ရှားရခက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒူးကိုအနားပေးလိုက်တဲ့အချိန်တိုင်းမှာ နောက်တစ်ခါ ပြန် ထုံကျင်လာ ပြီး ဒူးဆစ်နေရာမှာ တောင့်တင်းလာကာ ကွေးမရဆန့်မရ အထိ ဖြစ်တတ်ပါတယ်။

 

၃။ တကျွတ်ကျွတ်အသံမြည်ခြင်း - ခန္ဓာကိုယ်ကိုရွှေ့လိုက်တဲ့အချိန်(သို့) ဒူးဆစ်ကို အကွေး အညွှတ်လုပ်တဲ့အချိန်မှာ တကျွတ်ကျွတ်အသံ ကြားရပါလိမ့်မယ်။

၄။ ဒူးကိုဖိလိုက်တဲ့အချိန်မှာနာကျင်ခြင်း - ဒူး ရဲ့ နေရာတစ်ခုခုကို ဖိလိုက်တာနဲ့ နာကျင်မှုကို ခံစားရပါလိမ့်မယ်။

 

၅။ ဒူးပုံပျက်ခြင်း - အရိုးငေါထွက်ခြင်း(Bony Protrusion)၊ ဒူးခွင်ခြင်း(Knock-Knee) အပါအဝင် ဒူးဟာ ပုံမှန်ထက်ပိုပြီး ကြီးမားတဲ့ လက္ခဏာကို မြင်တွေ့ရ မှာဖြစ်ပါတယ်။

၆။ ရောင်ရမ်းခြင်း - ဒူးရောင်ကိုင်းခြင်းလက္ခဏာကို ခံစားရမှာဖြစ်ပြီး အတွင်းမှာ ဖြစ်ပေါ်နေတဲ့ရောင်ရမ်းခြင်းကြောင့် ထိလိုက်တာနဲ့ ပူနွေးနွေးဖြစ်နေမှာပါ။

 

Samitivej Hospitals

Myanmar Health Products Guide

My_yangon.jpg

Read times
Rate this item
(1 Vote)