ဆီးအိမ်ကင်ဆာသည် ဆီးအိမ်၏ အတွင်းသားနံရံရှိ ဆဲလ်များမှ ဖြစ်ပွားသော ကင်ဆာဖြစ်ပါသည်။
ဆီးအိမ်သည် ဘောလုံးသဏ္ဍာန်ရှိသော အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး တင်ပါးဆုံပိုင်းမှာရှိပါသည်။
ဆီးအိမ်ကင်ဆာရှိနေကြောင်းကို အစပိုင်းအဆင့်၌ပင် စစ်ဆေးသိရှိနိုင်ပြီး ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ သို့သော် ဆီးအိမ်ကင်ဆာဟာ ပြန်ဖြစ်နိုင်တာကြောင့် မှန်မှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ဖြစ်ပွားရသည့် အကြောင်းအရင်း
ဆီးအိမ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေသော အကြောင်းအရင်းများမှာ -
- ဆေးလိပ်သောက်သူများ၊ အသက်အရွယ်ကြီးသူများ၊ လူဖြူများ၊ အမျိုးသားများ
- အိမ်သုတ်ဆေးနှင့် ဆိုးဆေးအမျိုးမျိုးကို ထိတွေ့မှုများသူများ
- Cyclophosphamide ကင်ဆာကုသ ဆေးသုံးစွဲသူများ
- ဆီးချိုဆေး pioglitazone နှင့် ၎င်းပါဝင်သော ဆေးဝါးများသုံးစွဲနေသူများ
- မကြာခဏ ဆီးအိမ်ရောင်လေ့ရှိသူများ၊ ကင်ဆာမျိုးရိုးရှိသူများတို့ဖြစ်ပါတယ်။
ဆီးအိမ်ကင်ဆာ ကာကွယ်ခြင်း
ဆီးအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းမရှိပေမယ့် ဖြစ်နိုင်ခြေ အလားအလာကို လျှော့ချပေးဖို့ လုပ်ဆောင်ရမယ့်နည်းလမ်းတော့ ရှိပါတယ်။
၁. ဆေးလိပ်လုံးဝမသောက်ပါနဲ့။
ဆေးလိပ်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် လုံးဝရှောင်ကြဉ်သင့်ပါတယ်။
၂. ဓာတုပစ္စည်းများကို သတိနဲ့ကိုင်တွယ်ပါ။
ဓာတုပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ကိုင်တွယ်နေရတဲ့သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်လမ်းညွှန်ချက် တွေအတိုင်း အတိအကျလိုက်နာသင့်ပါတယ်။
၃. ရေများများသောက်ပါ။
ရေဟာ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဆီးကနေ တစ်ဆင့် ကိုယ်ခန္ဓာပြင်ပ မြန်မြန်ရောက်သွားအောင် ပြုလုပ်ပေးပါတယ်။
ထို့ကြောင့် တစ်ချို့ရောဂါတွေအတွက် ဓာတ်ရောင်ခြည်ဆေးများ သွင်းပြီးမှ ကြည့်ရတဲ့ CT Scan, MRI စတာတွေနဲ့ ရောဂါရှာဖွေပြီးသွားရင် အဲဒီတစ်နေ့လုံး ရေများများသောက်၊ ဆီး များများသွားခိုင်းတာပဲ ဖြစ်ပါတယ်။
၎. အသီးအနှံနှင့် အသီးအရွက်များ များများစားပါ။
နေ့စဉ်စားသောက်တဲ့ အစားအသောက်အစီအစဉ် (Meal Plan) ထဲမှာ အသီးအနှံ တစ်ခုခု၊ အသီးအရွက် တစ်မျိုးမျိုး ကို ထည့်သွင်းထားပါ။ ဒီအစားအသောက်တွေက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးတဲ့ Antioxidant (ဓာတ်တိုးပစ္စည်းဆန့်ကျင်သောဓာတ်) တွေကို ခန္ဓာကိုယ်ထဲမှာ များလာစေပါတယ်။
Source: bagohealth