What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 August 2020 20:38

ကာကွယ်ဆေးမရှိသည့် ဆင်တုပ်ကွေးရောဂါ လက္ခဏာများ ပြသလျှင် ဆရာဝန်နှင့် ပြပါ

ဆင်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာ

ကိုယ်အပူချိန်တက်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ ကြွက်သားများနာကျင် ခြင်း၊ အဆစ်အမျက်များရောင် ခြင်း၊ ကိုက်ခဲခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ဖြစ် ပြီး ရောဂါကူးစက်ခံရသူအများစု မှာ တစ်ပတ်အတွင်း သက်သာ ပျောက်ကင်းလေ့ရှိသော်လည်း အချို့သူများတွင်မူ အဆစ်အ မြစ်များနာကျင်ကိုက်ခဲခြင်းကို လနှင့်ချီ၍ခံစားရကြောင်း သိရသည်။

 

အထူးသဖြင့် မွေးကင်းစ ကလေးငယ်များ၊ အသက် (၆၅) နှစ်နှင့်အထက်လူကြီးများ၊ နာ တာရှည်ရောဂါ (သွေးတိုး၊ ဆီး ချို၊ နှလုံးရောဂါ) ခံစားနေရသူ များတွင် ရောဂါပိုမိုပြင်းထန်တတ်ကြောင်း သိရသည်။


ကာကွယ်ဆေးမရှိသည့်အတွက် ခြင်ကိုက်ခံရ၍ ဆင်တုပ်ကွေးရောဂါ လက္ခဏာ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စမ်း သပ်စစ်ဆေး၍ ကုသမှုခံယူရန် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သန္တာလွင်က ပြောကြားသည်။

 

“ဆင်တုပ်ကွေးရောဂါက ကာကွယ်ဆေးလည်းမရှိသေးဘူး။ ဒီရောဂါက ချီကန်ဂန်ညာဗိုင်းရပ်စ်ပိုး (Chi-kungunya virus) သယ်ဆောင် ထားတဲ့ အေဒီးစ်ခြင်ကျား ကိုက်ခံရခြင်းကနေ ကူးစက် နိုင်တဲ့ရောဂါဖြစ်တယ်။ အဲဒီခြင်ကြားက သွေးလွန်တုပ်ကွေးရောဂါလည်း ဖြစ်စေတဲ့ အတွက် ခြင်ကိုက်မခံသင့်ပါဘူး။ ဆင်တုပ်ကွေး က ဖြစ်ရင် အရမ်းခံရတဲ့ အတွက် ခြင်ကိုက်မခံဘဲ သံသယ ရှိတာနဲ့ ဆေးရုံ၊ ဆေးခန်းသွားပါလို့ တွန်တွန်းချင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

 

၎င်းခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားကြောင်း၊ နေ့အချိန်များ တွင်ကိုက်လေ့ရှိပြီး နံနက်အစော ပိုင်းနှင့် နေဝင်ခါနီးအချိန်များတွင် အများဆုံးကိုက်လေ့ရှိရာ ခြင် ကျားကိုက်ခံရပြီး သုံးရက်မှ ခုနစ် ရက်အတွင်း ရောဂါလက္ခဏာများ စတင်ပြသလေ့ရှိကြောင်း သိရသည်။

 

By Health Products Directory

Read times
Rate this item
(0 votes)