သွေးကင်ဆာရောဂါက သွေးအတွင်းရှိ ဆဲလ်များဖွင့်ဖြိုးမှု ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။
သွေးကင်ဆာရောဂါက သွေးအလုပ်လုပ်မှုစနစ်ကို ရပ်တန့်စေပြီး သွေးထိန်းချုပ်မှု့အောက်မှာ ဆဲလ်များကို ဖွင့်ဖြိုးစေပါတယ်။ သွေးကင်ဆာရောဂါက သွေးခုန်နှုန်းကို ရပ်တန့်စေတဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းများပြုတာ ၊ ကူးစက်ရောဂါများကို တိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ခံခုအားကောင်းစေတဲ့ အစားအသောက်များကို ပုံမှန်စားပေးခြင်းဖြင့် သွေးကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။
သွေးကင်ဆာအမျိုးအစားများ
သွေးဖြူဥ ကင်ဆာ (LEUKEMIA ) ၊ ပြန်ရည်ကျိတ်ဆဲလ်ကင်ဆာ ( LYMPHOCYTE) ၊ ရိုးတွင်းခြင်ဆီကင်ဆာ (MYELOMA ) ဆိုပြီး သွေးကင်ဆာရောဂါ အမျိုးအစားသုံးမျိုး ရှိပါတယ်။ ထိုသွေးကင်ဆာရောဂါ များကလည်း အခြားကင်ဆာများ နဲ့ ဆက်နွယ်မှုများစွာ ရှိပါတယ်။ ခန္ဓာကိုယ်တွင် အလွန်သေးငယ်သော ဆဲလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဆဲများအသစ်ပြန်လည် ထုတ်လုပ်ပြီး ၊ ဆဲဟောင်းများကို ဖျက်စီးခြင်းကြောင့် ခန္ဓာကိုယ်ပေါ့ပေါ့ပါးပါး လှုပ်ရှားနိုင် ခြင်းဖြစ်ပါတယ်။
Hospitals (Private) (ပုဂ္ဂလိက ဆေးရုံပေါင်း ၁၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
သွေးကင်ဆာရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း
သွေးကင်ဆာရောဂါက DNA များပြောင်းလဲတာ၊ DNAများ လုပ်လုပ်မှုစနစ် မှားခြင်းကြောင့် ဖြစ်ပေါ်သောရာဂါတစ်မျိုး ဖြစ်ပါတယ်။ဒါအပြင် အသက်အရွယ်၊ မျိုးရိုးဗီဇ ၊ ဓာတ်ရောင်ခြည် ၊ ဓာတ်တုပစ္စည်းများနဲ့ ထိတွေ့တာ၊ အခြားကျန်းမာရေးကုသမှုများကြောင့် သွေးကင်ဆာရောဂါ ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားတဲ့ သွေးကင်ဆာရောဂါ အမျိုးအစားများ ကွဲပြားနိုင်ပါ။ DNA များပြောင်းလဲမှုက သွေးထဲရှိ အရိုးတွင်းခြင်ဆီ များလျော့နည်းတာ ၊ သွေးတွင်းရှိဆဲလ်များ ကမောက်ကမ ဖြစ်တာ၊ ဆဲလ်များသေဆုံးခြင်းကြောင့် သွေးကင်ဆာ ၊ ကင်ဆာရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သွေးကင်ဆာရောဂါက သွေးထဲရှိဆဲလ်များ လုပ်ဆောင်ချက်အပေါ် မှုတည်ပြီးဖြစ်ပေါ်ပါတယ်။ Leukaemia ကင်ဆာရောဂါက သွေးထဲရှိသွေးဖြူဥကြောင့် ဖြစ်ပေါ်ပါတယ်။ Lymphoma ကင်ဆာရောဂါက ပြန်ရည်ကျိတ်ဆဲများ ကမောက်က ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ Myeloma က plasma cell များကြောင့်ဖြစ် ပွားရခြင်းဖြစ်ပါတယ်။
သွေးကင်ဆာကုသနည်း နဲ့ ဆိုးကျိုးများ
Chemotherapy -ဆေးဝါဖြင့်ကုသနည်း၊ Interferon therapy ကုသနည်း ၊ Stem cell transplantation - ရိုးတွင်းခြင်ဆီအစားထိုးကုသနည်း ၊ Surgery - ခွဲစိတ်ကုသနည်း စတဲ့နည်းများဖြင့် ကုသနိုင်ပါတယ်။ သွေးကင်ဆာကုသခြင်းဖြင့် ဆံပင်ကျွတ်တာ ၊ ပါးစပ်အနာပေါက်တာ ၊ သွေးအားနည်းတာ ၊ အစာအိမ်နဲ့ အူလမ်းကြောင်းထိခိုက်တာ စတဲ့ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
---------
သွေးကင်ဆာရောဂါအကြောင်း သိကောင်းစရာ