What's New


Thursday, 18 July 2019 13:07

အာရှတော်ဝင်ဆေးရုံ အကြောင်း - Asia Royal Hospital

အာရှာတော်ဝင်ဆေးရုံကို ၂၀၀၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် အထပ် ၁၁ ထပ်တိုက် ဖြင့် စမ်းချောင်မြို့နယ်၌ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အာရှာတော်ဝင်ဆေးရုံမှာဆိုရင် နိုင်ငံတကာ အဆင့်မီနည်းပညာဖြင့် အကောင်းဆုံး ဆေးကုသမှုများပေးနိုင်ရန် နှင့် လူနာများကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ဖို့အတွက် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိပါတယ်။

 

အာရှတော်ဝင်ဆေးရုံ မှာ လာရောက် ဆေးကုသမှုခံယူတဲ့ လူနာများအတွက် သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ နှင့် လေ့ကျင့်သင်ကြားပေးထားတဲ့ သူနာပြုများဖြင့် ထိရောက်တဲ့ ဆေးကုသမှုများပေးနိုင်ဖို့အတွက် ၂၄ နာရီ အကောင်းဆုံး ဝန်ဆောင်မှုပေးနေတာလည်း ဖြစ်ပါတယ်။

 

 

အာရှတော်ဝင်ဆေးရုံမှာ ၂၄ အတွင်း အရေးပေါ် ဆေးကုသမှုလိုအပ်တဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများက အချိန်မရွေး စောင့်ရှောက်ကုသမှုကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်းတဲ့ ဝန်ဆောင်မှုတွေ နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုပေးခဲ့တာကတော့ ဆယ်စုနှစ် တစ်စုကျော်ကတည်းကပဲ ဖြစ်ပါတယ်။

 

 

လူနာများ၏ စိတ်ကျေနပ်မှုသည် ကျနော်တို့၏ ဝန်ဆောင်မှုဆိုသည့်အတိုင်း နောက်ဆုံးပေါ် ခေတ်မီနည်းပညာ ဆေးကုသမှုများ နှင့်အတူ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို ၂၄ နာရီ ပတ်လုံး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

အာရှာတော်ဝင်ဆေးရုံ တွင် ၂၄ နာရီ ရရှနိုင်သော ဝန်ဆောင်မှုများ

 

၁ ။ အရေးပေါ်ဝန်ဆောင်မှု (Ambulance Service)

၂ ။ အရေးပေါ် ခွဲစိတ်ခန်း ဝန်ဆောင်မှု (Operation Theatre Service)

၃ ။ နှလုံးကြပ်မတ် ကုသဆောင် နှင့် အထူးကြပ်မတ်ဆောင် ကုသဆောင် (CCU, ICU)

 

၎ ။ ဆေးကောင်တာ ဝန်ဆေင်မှု (Pharmacy Service)

၅ ။ ခေတ်မီအဆင့်မြင့် ကွန်ပျူတာဓာတ်ခွဲစစ်ဆေးမှု (Computerized Laboratory)

၆ ။ နှလုံးသွေးကြောချဲ့ ကုသမှု (Invasive Cardiac Laboratory)

 

၇ ။ ကွန်ပျူတာဓါတ်မှန် အပါအဝင် ဓါတ်မှန် အမျိုးမျိုးရိုက်ကူးမှု (CT SCAN,C ARM & X RAY)

၈ ။ အရေးပေါ် လေဖြတ်လူနာ ကုသမှု (STROKE UNIT)

၉ ။ နှလုံး စမ်းသပ်ခန်း (ECG)

 

၁၀ ။ နှလုံးသွေးကြော နှင့် ကြွက်သားများ ပုံရပ်ဖော်စက်ဖြင့် ကုသခြင်း (MYOCARDIAL PERFUSION SCAN)

၁၁ ။ ကျောက်ကပ် သန့်စင်ခန်း ဝန်ဆောင်မှု (HAEMODIALYSIS CENTER)

၁၂ ။ လူနာစောင့် တည်ခိုဆောင် (GUEST HOUSE)

 

၁၃ ။ အဆင့်မြင့်အတွင်း လူနာခန်းများတွင် စောင့်ကြပ်ကြည့်ရှုမှု (OBSERVATION SERVICE)

၁၄ ။ အတွင်းလူနာ ဝန်ဆောင်မှု (INSURANCE SERVICE)

 

ပုဂ္ဂလိက ဆေးရုံးပေါင်း ၁၀၀ ကျော်၏ လိပ်စာ နှင့် ဖုန်းနံပါတ်များကို ရှာဖွေရန် " နှိပ် " ပါ။

Image result for Hospitals

 

 

မနက် ၈ နာရီ မှ ည ၈ နာရီ အတွင်း ရရှိနိုင်သော ဝန်ဆောင်မှုများ

 

၁၅ ။ လေးဖက်မြင် ရုပ်လုံးကြွတယ်လီဗေးရှင်းဓါတ်မှန် (4D Ultrasound)

၁၆ ။ Booking ဝန်ဆောင်မှု (OPD SERVICE)

၁၇ ။ သွားနှင့် ခံတွင်း အထူးကုဆေးခန်း (DENTAL CLINIC)

 

၁၈ ။ စွမ်းဆောင်မှုမြှင့်တင်ရေးသင်တန်းများ (REHABILITATION UNIT)

၁၉ ။ နှလုံးဓါတ်မှန်စစ်ဆေးမှု (ECHOCARDIOGRAM)

၂၀ ။ အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်၍ ဟောက်သောသူများအတွက် ကုသပေးခြင်း (SLEEP LAB)

 

၂၁ ။ ဦးနှောက်လျှပ်လှိုင်း ပုံရိပ်ဖော်စက်ဖြင့် ကုသပေးခြင်း (EEG)

၂၂ ။ အထွေထွေ ကျန်းမာရေး စစ်ဆေးခြင်း (MEDICAL CHECK UP UNIT)

၂၃ ။ အမျိုးသမီးများရင်သားနှင့် ပတ်သက်သောရောဂါများရှာဖွေရေး ဝန်ဆောင်မှု (MAMMOGRAM)

အစရှိတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 


လိပ်စာ

အမှတ် - ၁၄ ၊ ဗဟိုလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ။

 

ဆက်သွယ်ရန်

(+951) 2304999 ၊ (+951) 538055 ၊ (+951) 537296 ။

 

Written By Aung Win

Read times Last modified on Tuesday, 23 July 2019 13:20
Rate this item
(1 Vote)