What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 15:34

သြားနဲ႔ခံတြင္းဂရုျပဳတာက အသည္းကင္ဆာ ကာကြယ္ရာေရာက္တယ္

တစ္ေန႔ႏွစ္ၾကိမ္သြားတိုက္ျဖစ္ရဲ႕လား။ မတိုက္ျဖစ္ဘူးဆိုရင္ေတာ့ ဒီေန႔ကစျပီး သြားကို မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္တိုက္တတ္တဲ့ အေလ့အက်င့္ကိုေမြးျမဴလိုက္ပါေနာ္။

သြားနဲ႔ခံတြင္း သန္႔ရွင္းမႈက သင္ထင္မထားေလာက္ေအာင္ကို တာသြားတာပါ။ ဘာေၾကာင့္ဒီလိုေျပာရတာလဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ဆက္ၾကည့္လိုက္ရေအာင္လား။

 

သြားနဲ႔ခံတြင္းက်နး္မာေရးကို ဂရုစိုက္ပါလို႔ေျပာရတဲ့ အေၾကာင္းအရင္း

သြားနဲ႔ခံတြင္းက်န္းမာေရးကိုဂရုစိုက္မႈက ခႏၶာကိုယ္ကို က်န္းမာေနေစဖို႔ အမ်ားၾကီးအေထာက္အကူျပဳေပးႏိုင္ပါတယ္။ ခံတြင္းက ခႏၶာကိုယ္ရဲ႕ ဝင္ေပါက္ပါ။ ခံတြင္းက်န္းမာေရးကိုသာေသခ်ာဂရုမစိုက္ဘူးဆိုရင္ ခႏၶာကိုယ္တစ္ခုလံုးအတြက္ ေကာင္းက်ိဳးမရွိဘဲဆိုးက်ိဳးေတြပဲျဖစ္လာမွာပါ။ သြားေတြကိုက္မယ္၊ သြားဖံုးကေနေသြးထြက္မယ္၊ ခံတြင္းန့႔ံဆိုးမယ္။ ဒါေတြက ခံတြင္းက်န္းမာေရးဂရုစိုက္မႈအားနည္းေနတယ္ဆိုတဲ့ လကၡဏာေတြပါ။

 

ခံတြင္းက်န္းမာေရးအားနည္းတဲ့အခါ ခံတြင္းထဲမွာ ဘက္တီးရီးယားေတြ အလြယ္တကူေပါက္ဖြားလာျပီး ေသြးေၾကာေတြထဲကို ေရာက္ရွိသြားမႈကေနတဆင့္ ကိုယ္တြင္းမွာ ေရာဂါေတြခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ခႏၶာကိုယ္က်န္းမာေစဖို႔ သြားနဲ႔ခံတြင္းကို ေသခ်ာေလးဂရုစိုက္ဖို႔လိုပါမယ္။

 

သြားနဲ႔ခံတြင္းက်န္းမာေရးကို ဂရုမစိုက္တာေၾကာင့္ဒါေတြျဖစ္လာႏိုင္ပါတယ္။ သြားကိုက္သြားနာျဖစ္မယ္ ၊ ခံတြင္းအနံ႔ဆိုးမယ္ ၊ အာသီးေရာင္မယ္ ၊ လည္ေခ်ာင္းနာမယ္ ၊ သြားဖံုးေရာဂါခံစားရမယ္ ၊ ႏွလံုးေရာဂါ ၊ ဆီးခ်ိဳ ၊ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ ၊ အဝလြန္တာ ၊ ေလျဖတ္တာနဲ႔ ကင္ဆာေရာဂါေတြခံစားရႏိုင္ပါတယ္။

 

ယူေကမွာျပဳလုပ္ခဲ့တဲ့ေလ့လာမႈအရ ခံတြင္းက်န္းမာေရးအားနည္းသူေတြက သြားဖံုး ေတြေရာင္တာ၊ သြားဆံုးရံႈးတာေတြအျပင္ အသည္းကင္ဆာျဖစ္နိုင္ေျခက ပံုမွန္ထက္ ၇၅ ရာခိုင္ႏႈန္းပိုမ်ားေနပါတယ္ လို႔ေတြ႔ရွိခဲ့ရပါတယ္။ အေစာပိုင္းကေလ့လာမႈေတြအရေတာ့ သြားနဲ႔ခံတြင္းက်န္းမာေရးကို ဂရုမစိုက္တာက အစာေရျမိဳကင္ဆာျဖစ္ေစႏိုင္တယ္လို႔ပဲေတြ႔ရွိခဲ့ရတာပါ။

>>>သံဓာတ္ေၾကာင့္ ခရမ္းခ်ဥ္သီး အာနိသင္ေလ်ာ့က်ႏုိင္သည္<<<

သံဓာတ္ေၾကာင့္ ခရမ္းခ်ဥ္သီး အာနိသင္ေလ်ာ့က်ႏုိင္သည္

အရင္ကေလ့လာမႈရဲ႕ ရလဒ္

အေစာပိုင္းက ေလ့လာမႈရလဒ္ေတြအရေတာ့ ခံတြင္းက်န္းမာေရးကို ဂရုမစိုက္တာက အစာေရျမိဳကင္ဆာျဖစ္နိုင္ေျခ ပံုမွန္ထက္ ၂၈ ရာခိုင္ႏႈန္းေက်ာ္ပိုမ်ားေနတယ္၊လို႔ေတြ႔ရွိခဲ့ရတာပါ။ ဒါတင္မကေသးပါဘူး သြားနဲ႔ခံတြင္းကို ဂရုမစိုက္တာေၾကာင့္ အျခားေသာ ကင္ဆာေရာဂါေတြ ခံစားႏိုင္ေျခကလည္း ေတာ္ေတ္ာေလးမ်ားေနပါတယ္။

 

အခုေနာက္ပိုင္းမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈ၊ လူေတြရဲ႕ ေနထိုင္စားေသာက္မႈပံုစံေတြေျပာင္းလဲလာတာေၾကာင့္ ကင္ဆာျဖစ္ပြားမႈႏႈန္းေတြကလည္း ျမင့္တက္လာပါတယ္။ ဒီလိုျမင့္တက္လာတဲ့ထဲမွာ ခံတြင္းသန္႔ရွင္းမႈအားနည္းတာေၾကာင့္ အစာေျခစနစ္မွာ ကင္ဆာ ခံစားရတာေတြလည္း ပိုမ်ားလာပါတယ္။ အစာေျခစနစ္ကင္ဆာဆိုတဲ့အထဲမွာ အစာေရျမိဳကင္ဆာ၊ အစာအိမ္ကင္ဆာ၊ အူသိမ္၊ အူမၾကီး၊ အစာေဟာင္းအိမ္၊ စအိုကင္ဆာေတြအျပင္ သည္းေျချပြန္ကင္ဆာ၊ ပန္ကရိယကင္ဆာေတြလည္း ခံစားလာရပါတယ္။

 

အစာေျခစနစ္ဆိုင္ရာ ကင္ဆာခံစားရသူေတြထဲက ၁၃ ရာခိုင္ႏႈန္းေလာက္က ခံတြင္း မသန္႔ရွင္းမႈကေန စတာပါ။ အစာေျခစနစ္ကင္ဆာေတြျဖစ္ရတာကို သက္ေရာက္ေနေစတဲ့ေနာက္တစ္ခ်က္က သြားနဲ႔ခံတြင္းသန္႔ရွင္းမႈအားနည္းတာအျပင္ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြ စားသံုးမႈနည္းတာေၾကာင့္လည္း ပါဝင္ေနပါတယ္။

 

ခံတြင္းက်န္းမာေရးနဲ႔ အသည္းကင္ဆာျဖစ္ႏိုင္ေျခ

ဒီေလ့လာမႈအတြက္ အေမရိကန္ ဆရာဝန္ေတြက ေလ့လာမႈေတြလုပ္ၾကည့္တဲ့အခါမွာ ခံတြင္းသန္႔ရွင္းမႈအားနည္းသူေတြက အသည္းကင္ဆာျဖစ္နိုင္ေျခ ပံုမွန္ထက္ ၇၅ ရာခိုင္ႏႈန္းပိုမ်ားေနတယ္၊ လို႔ေတြ႔ရွိခဲ့ရပါတယ္။ ခံတြင္းသန္႔ရွင္းမႈအားနည္းသူေတြက အသည္းကင္ဆာ၊ သည္းေျချပြန္ကင္ဆာနဲ႔ သည္းေျခအိတ္ကင္ဆာေတြ ခံစားရႏိုင္ေျခက ပံုမွန္ထက္ပိုမ်ားေနၾကပါတယ္ ။ ဒါ့အပင္ အရြယ္ေရာက္ျပီးသူေတာ္ေတ္ာမ်ားမ်ားမွာ ခံစားရတဲ့ ကင္ဆာေတြက အသည္းကေနအစျပဳၾကတာပိုမ်ားပါတယ္။

 

တကယ္လို႔ ခံတြင္းသန္႔ရွင္းေရးလည္း အားနည္းမယ္၊ အရက္ေတြ၊ေဆးလိပ္ေတြေသာက္မယ္၊ ကြမ္းစားမယ္စတဲ့ ခံတြင္းက်န္းမာေရးကိုထိခိုက္ေစတဲ့ အျပဳအမူေတြကို လုပ္မယ္ဆိုရင္ သြားနဲ႔ သြားဖံုးေတြ ထိခိုက္ပ်က္စီးတာအျပင္ အသည္းကိုပါထိခိုက္ေစႏိုင္မွာ အေသအခ်ာပါ။ ဒါေၾကာင့္ တစ္ေန႔ကို ႏွစ္ၾကိမ္ ပံုမွန္သြားတိုက္လို႔ ခံတြင္းက်န္းမာေရးကို ဂရုစိုက္ျပီး အသည္းကင္ဆာအပါအဝင္အျခားေရာဂါေတြ ခံစားရမႈကေန ကိုယ့္ကိုကုိယ္ကာကြယ္လိုက္ပါ။

 

Hello Health Group

 

{Unicode}

======

သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်

 

တစ်နေ့နှစ်ကြိမ်သွားတိုက်ဖြစ်ရဲ့လား။ မတိုက်ဖြစ်ဘူးဆိုရင်တော့ ဒီနေ့ကစပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူလိုက်ပါနော်။ သွားနဲ့ခံတွင်း သန့်ရှင်းမှုက သင်ထင်မထားလောက်အောင်ကို တာသွားတာပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်လား။

 

သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်း

သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်မှုက ခန္ဓာကိုယ်ကို ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ ခံတွင်းက ခန္ဓာကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ ခံတွင်းန့ံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။

 

ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီး သွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာ ရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကို သေချာလေးဂရုစိုက်ဖို့လိုပါမယ်။

 

သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာကြောင့်ဒါတွေဖြစ်လာနိုင်ပါတယ်။ သွားကိုက်သွားနာဖြစ်မယ် ၊ ခံတွင်းအနံ့ဆိုးမယ် ၊ အာသီးရောင်မယ် ၊ လည်ချောင်းနာမယ် ၊ သွားဖုံးရောဂါခံစားရမယ် ၊ နှလုံးရောဂါ ၊ ဆီးချို ၊ မှတ်ဉာဏ်ချို့ယွင်းတာ ၊ အဝလွန်တာ ၊ လေဖြတ်တာနဲ့ ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။

 

ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုအရ ခံတွင်းကျန်းမာရေးအားနည်းသူတွေက သွားဖုံး တွေရောင်တာ၊ သွားဆုံးရှုံးတာတွေအပြင် အသည်းကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေပါတယ် လို့တွေ့ရှိခဲ့ရပါတယ်။ အစောပိုင်းကလေ့လာမှုတွေအရတော့ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်စေနိုင်တယ်လို့ပဲတွေ့ရှိခဲ့ရတာပါ။

>>>သံဓာတ်ကြောင့် ခရမ်းချဉ်သီး အာနိသင်လျော့ကျနိုင်သည်<<<

သံဓာတ္ေၾကာင့္ ခရမ္းခ်ဥ္သီး အာနိသင္ေလ်ာ့က်ႏုိင္သည္

အရင်ကလေ့လာမှုရဲ့ ရလဒ်

အစောပိုင်းက လေ့လာမှုရလဒ်တွေအရတော့ ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းကျော်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် အခြားသော ကင်ဆာရောဂါတွေ ခံစားနိုင်ခြေကလည်း တော်တေ်ာလေးများနေပါတယ်။

 

အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေပြောင်းလဲလာတာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်းတွေကလည်း မြင့်တက်လာပါတယ်။ ဒီလိုမြင့်တက်လာတဲ့ထဲမှာ ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် အစာခြေစနစ်မှာ ကင်ဆာ ခံစားရတာတွေလည်း ပိုများလာပါတယ်။ အစာခြေစနစ်ကင်ဆာဆိုတဲ့အထဲမှာ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ စအိုကင်ဆာတွေအပြင် သည်းခြေပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာတွေလည်း ခံစားလာရပါတယ်။

 

အစာခြေစနစ်ဆိုင်ရာ ကင်ဆာခံစားရသူတွေထဲက ၁၃ ရာခိုင်နှုန်းလောက်က ခံတွင်း မသန့်ရှင်းမှုကနေ စတာပါ။ အစာခြေစနစ်ကင်ဆာတွေဖြစ်ရတာကို သက်ရောက်နေစေတဲ့နောက်တစ်ချက်က သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းတာအပြင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာကြောင့်လည်း ပါဝင်နေပါတယ်။

 

ခံတွင်းကျန်းမာရေးနဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေ

ဒီလေ့လာမှုအတွက် အမေရိကန် ဆရာဝန်တွေက လေ့လာမှုတွေလုပ်ကြည့်တဲ့အခါမှာ ခံတွင်းသန့်ရှင်းမှုအားနည်းသူတွေက အသည်းကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ခံတွင်းသန့်ရှင်းမှုအားနည်းသူတွေက အသည်းကင်ဆာ၊ သည်းခြေပြွန်ကင်ဆာနဲ့ သည်းခြေအိတ်ကင်ဆာတွေ ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေကြပါတယ် ။ ဒါ့အပင် အရွယ်ရောက်ပြီးသူတော်တေ်ာများများမှာ ခံစားရတဲ့ ကင်ဆာတွေက အသည်းကနေအစပြုကြတာပိုများပါတယ်။

 

တကယ်လို့ ခံတွင်းသန့်ရှင်းရေးလည်း အားနည်းမယ်၊ အရက်တွေ၊ဆေးလိပ်တွေသောက်မယ်၊ ကွမ်းစားမယ်စတဲ့ ခံတွင်းကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင် သွားနဲ့ သွားဖုံးတွေ ထိခိုက်ပျက်စီးတာအပြင် အသည်းကိုပါထိခိုက်စေနိုင်မှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သွားတိုက်လို့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး အသည်းကင်ဆာအပါအဝင်အခြားရောဂါတွေ ခံစားရမှုကနေ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ပါ။

Read times
Rate this item
(0 votes)