What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 September 2019 12:46

သံဓာတ်ကြောင့် ခရမ်းချဉ်သီး အာနိသင်လျော့ကျနိုင်သည်

ခရမ်းချဉ်သီးတွင် ကျန်းမာရေး ကောင်းကျိုး အမျိုးမျိုး ရှိနေသည်။ ကင်ဆာနှင့် သွေးတိုးတို့ကို ကာကွယ်တားဆီးပေးနိုင်သည်မှအစ အရေပြား၊ နှလုံးနှင့် မျက်လုံးတို့၏ ကျန်းမာရေးကို ထိန်းပေးထားသည်အထိ ခရမ်းချဉ်သီးက ကောင်းကျိုးပြုသည်။

ခရမ်းချဉ်သီးနှင့် ကင်ဆာတို့အကြား ဆက်နွှယ်မှုများကို ယခင်က လေ့လာစူးစမ်းခဲ့ရာ lycopene နှင့် ပတ်သက်နေကြောင်း တွေ့ခဲ့ကြသည်။ ခရမ်းချဉ်သီးထဲမှာ lycopene ပါဝင်သည်။ lycopene သည် ဆီးအကြိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကင်ဆာ ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးသည်။ 

သို့ဖြစ်ရာ lycopene ကြွယ်ဝသော စားစရာတို့ကို စားခြင်းသည် ကျန်းမာရေးအတွက် ကောင်းသည် မှန်သော်လည်း အတူပါလာသည့် အခြားအဟာရဓာတ်ကြောင့် lycopene ရရှိမှုကို လျော့ကျသွားစေနိုင်သည်။ သို့ဖြစ်ရာ ကင်ဆာကာကွယ်နိုင်စွမ်းကို အပြည့်အ၀ မထမ်းဆောင်ပေးနိုင်တော့ချေ။

 

သာဓကတစ်ခုမှာ သံဓာတ်ကြွယ်ဝသော အားဖြည့်အစာကို မှီဝဲပါက lycopene ရယူခြင်းကို ထက်ဝက်လျော့ကျစေကြောင်း မကြာသေးမီက ပြုခဲ့သော သုတေသန အချို့တွင် တွေ့ရသည်ဟု Molecular Nutrition & Food Research ဂျာနယ်တွင် Ohio State University မှ ပါမောက္ခRachel Kopecက လေ့လာတွေ့ရှိချက်များကို ဆောင်းပါး ရေးသား တင်ပြခဲ့သည်။ 

 

“သူတို စားတဲ့ အစားအစာမှာ သံဓာတ်ပါတာ များနေရင် lycopene ရယူတာ ထက်ဝက်လျော့ကျသွားတာကို ကျွန်တော်တု့ိရဲ့ စမ်းသပ်မှုတွေမှာ တွေ့ရတယ်”ဟု ၎င်းက ရေးသားသည်။ 

 

“အဟာရဓာတ်တွေဟာ ရောဂါကာကွယ်ရေးမှာ အရေးပါတဲ့ကဏ္ဍမှာ ဝင်ကစားပေးတာ မှန်ပေမဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ စားကြတဲ့အခါ ဘယ်ဟာကို ဘယ်လို စားမလဲဆိုတာ အသေးစိတ် တိတိကျကျ သိထားဖို့ အရေးကြီးတယ်။ ဒါမှလည်း သိပ္ပံအခြေခံ အကြံပေးချက်တွေကို အားကိုးစရာ ဖြစ်အောင် ကျွန်တော်တို့ ပြောပြပေးနိုင်မယ်” ဟု ၎င်းက ရေးသားထားသည်။

Written By Health Products Directory

 

(Zawgyi)

----------

သံဓာတ္ေၾကာင့္ ခရမ္းခ်ဥ္သီး အာနိသင္ေလ်ာ့က်ႏုိင္သည္

 

ခရမ္းခ်ဥ္သီးတြင္ က်န္းမာေရး ေကာင္းက်ဳိး အမ်ဳိးမ်ဳိး ရွိေနသည္။ ကင္ဆာႏွင့္ ေသြးတုိးတုိ႔ကုိ ကာကြယ္တားဆီးေပးႏုိင္သည္မွအစ အေရျပား၊ ႏွလုံးႏွင့္ မ်က္လုံးတုိ႔၏ က်န္းမာေရးကုိ ထိန္းေပးထားသည္အထိ ခရမ္းခ်ဥ္သီးက ေကာင္းက်ဳိးျပဳသည္။ ခရမ္းခ်ဥ္သီးႏွင့္ ကင္ဆာတုိ႔အၾကား ဆက္ႏႊယ္မႈမ်ားကုိ ယခင္က ေလ့လာစူးစမ္းခဲ့ရာ lycopene ႏွင့္ ပတ္သက္ေနေၾကာင္း ေတြ႕ခဲ့ၾကသည္။ ခရမ္းခ်ဥ္သီးထဲမွာ lycopene ပါ၀င္သည္။ lycopene သည္ ဆီးအႀကိတ္ကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမကင္ဆာ ျဖစ္ပြားမည့္ အႏၱရာယ္ကုိ ေလွ်ာ့ခ်ေပးသည္။ 

 

သုိ႔ျဖစ္ရာ lycopene ၾကြယ္၀ေသာ စားစရာတုိ႔ကုိ စားျခင္းသည္ က်န္းမာေရးအတြက္ ေကာင္းသည္ မွန္ေသာ္လည္း အတူပါလာသည့္ အျခားအဟာရဓာတ္ေၾကာင့္ lycopene ရရွိမႈကို ေလ်ာ့က်သြားေစႏုိင္သည္။ သုိ႔ျဖစ္ရာ ကင္ဆာကာကြယ္ႏုိင္စြမ္းကုိ အျပည့္အ၀ မထမ္းေဆာင္ေပးႏုိင္ေတာ့ေခ်။ 

 

သာဓကတစ္ခုမွာ သံဓာတ္ၾကြယ္၀ေသာ အားျဖည့္အစာကုိ မွီ၀ဲပါက lycopene ရယူျခင္းကုိ ထက္၀က္ေလ်ာ့က်ေစေၾကာင္း မၾကာေသးမီက ျပဳခဲ့ေသာ သုေတသန အခ်ိဳ႕တြင္ ေတြ႕ရသည္ဟု Molecular Nutrition & Food Research ဂ်ာနယ္တြင္ Ohio State University မွ ပါေမာကၡRachel Kopecက ေလ့လာေတြ႕ရွိခ်က္မ်ားကို ေဆာင္းပါး ေရးသား တင္ျပခဲ့သည္။

 

“သူတုိ စားတဲ့ အစားအစာမွာ သံဓာတ္ပါတာ မ်ားေနရင္ lycopene ရယူတာ ထက္၀က္ေလ်ာ့က်သြားတာကုိ ကၽြန္ေတာ္တု႔ိရဲ႕ စမ္းသပ္မႈေတြမွာ ေတြ႕ရတယ္”ဟု ၎က ေရးသားသည္။ 

 

“အဟာရဓာတ္ေတြဟာ ေရာဂါကာကြယ္ေရးမွာ အေရးပါတဲ့က႑မွာ ၀င္ကစားေပးတာ မွန္ေပမဲ့ က်န္းမာေရးအတြက္ ကၽြန္ေတာ္တုိ႔ စားၾကတဲ့အခါ ဘယ္ဟာကုိ ဘယ္လုိ စားမလဲဆုိတာ အေသးစိတ္ တိတိက်က် သိထားဖုိ႔ အေရးႀကီးတယ္။ ဒါမွလည္း သိပံၸအေျခခံ အႀကံေပးခ်က္ေတြကုိ အားကုိးစရာ ျဖစ္ေအာင္ ကၽြန္ေတာ္တုိ႔ ေျပာျပေပးႏုိင္မယ္” ဟု ၎က ေရးသားထားသည္။ 

 

Written By Health Products Directory

Read times Last modified on Wednesday, 05 February 2020 12:21
Rate this item
(1 Vote)