What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 December 2019 11:12

Progestin-only injectable - သံုးလခံထုိးေဆးအေၾကာင္း

၁။ သံုးလခံထုိးေဆးဆိုတာ ဘာလဲ

သံုးလ (၁၃ ပတ္) တစ္ၾကိမ္ ထုိးရတဲ့ ေဆးၿဖစ္ပါတယ္။ ဒက္ပုိ (Depot) လို႔လည္း လူသိမ်ားပါတယ္။ ပရုိဂ်က္စတင္ ေဟာ္မုန္းတစ္မ်ိဳးတည္းသာ ပါ၀င္ပါတယ္။ (ထိုးေဆးအေနနနဲ႔ ေဟာ္မုန္းတစ္မ်ိဳးပါ ႏွစ္လခံထုိးေဆး၊ ေဟာ္မုန္းႏွစ္မ်ိဳးပါ တစ္လခံထုိးေဆးေတြ ရွိပါေသးတယ္၊ အခုေၿပာတဲ့ သံုးလခံေဆးကေတာ့ အသံုးၿပဳမႈ အမ်ားဆံုးပါပဲ)

၂။ အလုပ္လုပ္ပံု

ကုိယ္၀န္ရတယ္ဆုိတာ အမ်ိဳးသမီးခႏၶာကိုယ္ထဲက မမ်ိဳးဥနဲ႔ အမ်ိဳးသားဆီက သုက္ပုိးနဲ႔ ေပါင္းစပ္မိတဲ့အခါ ၿဖစ္လာတာပါ။ ဒီပစၥည္းေလးကေတာ့ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥမေၾကြေအာင္ တားဆီးေပးပါတယ္။ ဒီေတာ့ သုက္ပုိးေတြ၀င္လာလည္း ကိုယ္၀န္မရႏုိ္င္ေတာ့ဘူးေပါ့။ အဲဒီအၿပင္ သားအိမ္ေခါင္းခၽြဲကုိ ပ်စ္ေစၿခင္းအားၿဖင့္လည္း သားအိမ္ေခါင္းကုိ ၿဖတ္ၿပီးမွ မမ်ိဳးဥနဲ႔သြားေပါင္းရမယ့္ သုက္ပုိးေတြကုိ မ၀င္ႏုိင္ေအာင္ တားဆီးေပးပါတယ္။

 

၃။ ဘယ္လိုအသံုးၿပဳရတာလဲ

ကၽြမ္းက်င္တဲ့ဆရာ၀န္၊ ဆရာမဆီမွာ မွန္မွန္ေဆးထိုးဖုိ႔ လိုပါတယ္။ ေနမေကာင္းရင္ ေဆးထုိးသလိုပါပဲ။ သတ္မွတ္ရက္ထက္ (၂)ပတ္ေစာထုိးလို႔ရၿပီး (၄)ပတ္ေနာက္က်လုိ႔ရပါတယ္။ ဒါေပမယ့္ (၁၃)ပတ္တစ္ခါ ရက္ခ်ိန္းအတုိင္း မွန္မွန္ထိုးႏုိ္င္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

 

၄။ ထိေရာက္မႈ

ထိေရာက္မႈရွိတဲ့ သားဆက္ၿခားနည္းေတြထဲက တစ္ခု ၿဖစ္ပါတယ္။ မွန္မွန္ကန္ကန္သာ အသံုးၿပဳမယ္ဆိုရင္ အသံုးၿပဳၿပီး ပထမတစ္ႏွစ္အတြင္းမွာ ကုိယ္၀န္ရႏႈန္းက အမ်ိဳးသမီးအေယာက္(၁,၀၀၀)မွာ (၃)ေယာက္ ရွိၿပီး၊ သာမန္ေလာက္သာ အသံုးၿပဳမယ္ဆုိရင္ေတာ့ အေယာက္(၁၀၀)မွာ (၃)ေယာက္ ကုိယ္၀န္ရႏုိင္ပါတယ္။

 

၅။ အားသာခ်က္ေတြက ဘာေတြလဲ

သံုးလမွတစ္ခါ ထုိးရတဲ့အတြက္ ေန႔စဥ္ေဆးေသာက္ေနရတာထက္စာရင္ေတာ့ အလုပ္ရႈပ္သက္သာပါတယ္။ ေသြးမေပၚတတ္တာမို႔ ေသြးေပၚရင္ အလုပ္ရႈပ္တယ္လုိ႔ ခံယူတတ္တဲ့ အမ်ိဳးသမီးေတြအတြက္ဆုိလည္း အဆင္ေၿပပါတယ္။

 

၆။ အားနည္းခ်က္ေတြက ဘာေတြလဲ

ေဆးထုိးေပးမယ့္ ဆရာ၀န္၊ ဆရာမ၊ သို႔မဟုတ္ ကၽြမ္းက်င္သူရဲ႕ အကူအညီလိုတယ္။ ရာသီေသြး မေပၚတတ္ဘူး။ သူ႔အာနိသင္တစ္ခုက သားအိမ္နံရံ ထူထဲမႈကို တားဆီးေပးတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲမွာ တစ္လတစ္ခါ သားအိမ္နံရံက ထူထဲလာတယ္၊ ဘာလုိ႔ဆုိေတာ့ မမ်ိဳးဥနဲ႔ သုက္ပုိးနဲ႔ေပါင္းၿပီး သေႏၶမ်ားေအာင္သြားခဲ့ရင္ သားအိမ္မွာ သေႏၶတည္ႏုိ္င္ေအာင္လို႔။ အဲဒီလို သေႏၶေအာင္မသြားတဲ့အခါ ခုနက ထူထဲထားတဲ့ သားအိမ္နံရံက ကြာက်တယ္။ အဲဒါကုိ ရာသီလာတယ္လို႔ ေခၚတယ္။

 

အခု သူက အဲဒီသားအိမ္နံရံကို ထူမလာေအာင္ လုပ္ေပးလုိက္ေတာ့ ေအာက္ကုိ ဘာမွကြာက်လာစရာ မရွိေတာ့ဘူး။ ဒီေတာ့ ရာသီေသြးလည္း မဆင္းေတာ့ဘူးေပါ့။ ဆုိလိုတာက ေသြးမေပၚတာဟာ အထဲမွာ အပုပ္ေတြေအာင္း၊ အလံုးေတြတည္၊ ကင္ဆာၿဖစ္မွာမဟုတ္ဘူး၊ ေသြးအေနနဲ႔ ဆင္းလာစရာမရွိလို႔သာ ၿဖစ္တယ္ ဆိုတာေလး သိေစခ်င္ပါတယ္။ ဒါေၾကာင့္ ေသြးမေပၚတာ စိတ္ပူစရာ မလိုဘူး။ စိတ္ေအးလက္ေအး ေနလို႔ရတယ္။ ဒါေပမယ့္ ကၽြန္မက ေသြးေပၚမွၾကိဳက္တာ ဆုိရင္ေတာ့ ဒီနည္းလမ္းကို ေရြးခ်ယ္ဖုိ႔ စဥ္းစားေစခ်င္ပါတယ္။

 

မၿဖစ္မေန သိေစခ်င္တာကေတာ့ ဒီေဆးဟာ ေဆးထုိးရပ္လိုက္ေပမယ့္ ကုိယ္၀န္ၿပန္ရဖုိ႔ လအနည္းငယ္ေစာင့္ရတတ္တယ္ ဆုိတာပါပဲ။ ပ်မ္းမွ်(၆)လကေန (၁၀)လအထိ ၾကာတတ္ပါတယ္။ လံုး၀ကုိယ္၀န္မရႏို္င္ေတာ့တာေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကေလးတစ္ခါမွ မေမြးဖူးေသးတဲ့ အမ်ိဳးသမီးေတြ၊ ကေလးလိုခ်င္ၿပီဆုိရင္ ခ်က္ခ်င္းရမွၿဖစ္မယ္ ဆုိတဲ့ အမ်ိဳးသမီးေတြဆုိရင္ေတာ့ မသံုးခင္မွာ ေသခ်ာစဥ္းစားၾကေစခ်င္ပါတယ္။

 

၇။ ေဘးထြက္ဆုိးက်ိဳး ဘယ္လိုရွိလဲ

ေဟာ္မုန္းပါတဲ့အတြက္ ေဟာ္မုန္းေၾကာင့္ၿဖစ္တဲ့ ေဘးထြက္ဆုိးက်ိဳးေတြ ခံစားရႏုိင္ပါတယ္။ ေခါင္းမူးတာ၊ ဇက္ေၾကာတက္တာ၊ ပ်ိဳ႕အန္တာ၊ ကုိယ္အေလးခ်ိန္ အေၿပာင္းအလဲၿဖစ္တာ၊ ရင္သားေတြတင္းၿပီး နာတာ၊ ဒါေတြၿဖစ္ႏုိင္ပါတယ္။ ေဆးထုိးစမွာ ေသြးကေမာက္ကမ ၿဖစ္တာမ်ိဳး ရွိတတ္တယ္။ တအားမ်ားတယ္၊ ရက္ရွည္တယ္ဆုိရင္ေတာ့ ဆရာ၀န္န႔ဲ ၿပန္ၿပၿပီး လိုအပ္တဲ့ေဆးေတြ ေသာက္ဖုိ႔ လိုပါမယ္။

 

၈။ မသံုးစြဲသင့္ေသာ အေၿခအေနမ်ား

ရင္သားကင္ဆာ (Breast cancer) ၊ ေၿခေထာက္တုိ႔ အဆုတ္တုိ႔မွာ ေသြးေၾကာပိတ္တာ (Deep vein thrombosis) ၊ အသည္းေရာဂါ (Liver diseases) နဲ႔ ပံုမမွန္ေသြးဆင္းေနၿခင္း (Irregular bleeding) ေတြမွာ အသံုးၿပဳလို႔ မသင့္ေတာ္ပါဘူး။ ေသြးေပါင္ခ်ိန္ (၁၆၀)နဲ႕ အထက္ ရွိေနရင္၊ ဆီးခ်ိဳေရာဂါကို ႏွစ္(၂၀)နဲ႔အထက္ ခံစားေနရရင္၊ ၿပင္းထန္တဲ့ဆီးခ်ိဳေရာဂါရွိေနရင္လည္း အသံုးမၿပဳသင့္ပါဘူး။

 

တီဘီေဆး၊ အတက္က်ေဆးေတြကေတာ့ ေဟာ္မုန္းေတြရဲ႕ အာနိသင္ကုိ ေလ်ာ့က်ေစတာမို႔ ဒီေဆးေတြ ေသာက္ေနရတဲ့အခ်ိန္ဆို ထိုးေဆးအၿပင္ ေဟာ္မုန္းမပါတဲ့ ေနာက္ထပ္သားဆက္ၿခားနည္းတစ္ခုကို ထပ္အသံုးၿပဳဖုိ႔ လိုပါမယ္။ (ဥပမာ ကြန္ဒံုး)။ ေရာဂါကိုပုိဆိုးေစလို႔ မဟုတ္ပါဘူး၊ ထိုးေဆးရဲ႕ အာနိသင္ကုိ က်ေစတဲ့အတြက္ ကုိယ္၀န္ရသြားႏုိင္လို႔ ၿဖစ္ပါတယ္။

 

၉။ လြဲမွားတဲ့ အယူအဆမ်ား

သံုးလၿပည္႔တုိ္င္း ထုိးရန္

ဒီေဆးက ရပ္လုိက္ေပမယ့္ ခ်က္ခ်င္း ကိုယ္၀န္ၿပန္မရတတ္ဘူး၊ အရွိန္က်န္တတ္တယ္ ဆုိေပမယ့္ ဒါဟာ တရားေသတြက္လို႔ မရပါဘူး။ အမ်ိဳးသမီးေတြက ဒီလိုအရွိန္က်န္တတ္တယ္ ဆုိတာကို သိသြားၾကတဲ့အခါ (၃)လတစ္ၾကိမ္ မထိုးၾကေတာ့ဘဲနဲ႕ (၆)လေနမွ၊ (၉)လေနမွ ထိုးၾကတာမ်ိဳးေတြ လုပ္လာၾကပါတယ္။

 

အဲဒီလိုသာ စိတ္ခ်ရမယ္ဆိုရင္ (၆)လခံေဆး တို႔ (၉)လခံေဆး တုိ႔ပဲ ေခၚေတာ့မွာေပါ့။ တကယ္ေတာ့ တစ္ခါထိုးရင္ (၃)လအထိပဲ စိတ္ခ်ရပါတယ္။ (၃)လၿပည္႔တုိင္း ၿပန္ထုုိးရပါမယ္။ အရွိန္က်န္တတ္တယ္ဆုိတာကုိ ေဆးထုိးရပ္ၿပီး ကုိယ္၀န္ခ်က္ခ်င္းၿပန္မရတဲ့အခါ စိတ္ပူေနမွာစုိးတဲ့အတြက္ ေၿပာတာပါ၊ ကိုယ့္ဘက္ကေတာ့ ကုိယ္၀န္မလိုခ်င္ဘူးဆုိရင္ ၃လတစ္ခါ ေဆးထပ္ထိုးဖို႔ လိုပါလိမ့္မယ္။

 

ေဆးထုိးစမွာ ေသြးဆင္းတတ္ပါတယ္။ ဒါဟာ ေၾကာက္စရာ မလိုပါဘူး။ ထုိးစမွာ ၿဖစ္တတ္ပါတယ္။ အခ်ိန္တန္တဲ့အခါ အသားက်သြားပါလိမ့္မယ္။ ေသြးမေပၚတာ ေၾကာက္စရာ မလိုပါဘူး။ သူ႕ရဲ႕အာနိသင္ေၾကာင့္ ၿဖစ္တာပါ။ အထဲမွာ အပုပ္ေတြေအာင္းၿပီး ကင္ဆာၿဖစ္တာ၊ အလံုးေတြတည္မွာ စိတ္ပူစရာ မလိုပါဘူး။

 

၁၀။ Your life, your choice

ဒီထိုးေဆးကေတာ့ အမ်ိဳးသမီးေတြ အသံုးအမ်ားဆံုး သားဆက္ၿခားနည္းလမ္းေတြထဲက တစ္ခု ၿဖစ္ပါတယ္။ သားဆက္ၿခားနည္းအားလံုးမွာေတာ့ အားသာခ်က္၊ အားနည္းခ်က္ကုိယ္စီ ရွိၾကတာပါပဲ။ အဓိကကေတာ့ ဘယ္သူေၿပာလုိ႔၊ ဘယ္၀ါတုိက္တြန္းလို႔ ဆုိတာထက္ ကုိယ္နဲ႕သင့္ေတာ္တဲ့ သားဆက္ၿခားနည္းတစ္ခုကို ကၽြမ္းက်င္သူနဲ႕ တုိင္ပင္ၿပီး ေရြးခ်ယ္အသံုးၿပဳႏုိင္ၾကဖို႔ လိုပါတယ္။

 

ေဒါက္တာ ၿဖိဳးသီဟ

{Unicode}

=======

Progestin-only injectable - သုံးလခံထိုးဆေးအကြောင်း

၁။ သုံးလခံထိုးဆေးဆိုတာ ဘာလဲ

သုံးလ (၁၃ ပတ်) တစ်ကြိမ် ထိုးရတဲ့ ဆေးဖြစ်ပါတယ်။ ဒက်ပို (Depot) လို့လည်း လူသိများပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်ပါတယ်။ (ထိုးဆေးအနေနနဲ့ ဟော်မုန်းတစ်မျိုးပါ နှစ်လခံထိုးဆေး၊ ဟော်မုန်းနှစ်မျိုးပါ တစ်လခံထိုးဆေးတွေ ရှိပါသေးတယ်၊ အခုပြောတဲ့ သုံးလခံဆေးကတော့ အသုံးပြုမှု အများဆုံးပါပဲ)

 

၂။ အလုပ်လုပ်ပုံ

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် တားဆီးပေးပါတယ်။ ဒီတော့ သုက်ပိုးတွေဝင်လာလည်း ကိုယ်ဝန်မရနိုင်တော့ဘူးပေါ့။ အဲဒီအပြင် သားအိမ်ခေါင်းချွဲကို ပျစ်စေခြင်းအားဖြင့်လည်း သားအိမ်ခေါင်းကို ဖြတ်ပြီးမှ မမျိုးဥနဲ့သွားပေါင်းရမယ့် သုက်ပိုးတွေကို မဝင်နိုင်အောင် တားဆီးပေးပါတယ်။

 

၃။ ဘယ်လိုအသုံးပြုရတာလဲ

ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမဆီမှာ မှန်မှန်ဆေးထိုးဖို့ လိုပါတယ်။ နေမကောင်းရင် ဆေးထိုးသလိုပါပဲ။ သတ်မှတ်ရက်ထက် (၂)ပတ်စောထိုးလို့ရပြီး (၄)ပတ်နောက်ကျလို့ရပါတယ်။ ဒါပေမယ့် (၁၃)ပတ်တစ်ခါ ရက်ချိန်းအတိုင်း မှန်မှန်ထိုးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

 

၄။ ထိရောက်မှု

ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁,၀၀၀)မှာ (၃)ယောက် ရှိပြီး၊ သာမန်လောက်သာ အသုံးပြုမယ်ဆိုရင်တော့ အယောက်(၁၀၀)မှာ (၃)ယောက် ကိုယ်ဝန်ရနိုင်ပါတယ်။

 

၅။ အားသာချက်တွေက ဘာတွေလဲ

သုံးလမှတစ်ခါ ထိုးရတဲ့အတွက် နေ့စဉ်ဆေးသောက်နေရတာထက်စာရင်တော့ အလုပ်ရှုပ်သက်သာပါတယ်။ သွေးမပေါ်တတ်တာမို့ သွေးပေါ်ရင် အလုပ်ရှုပ်တယ်လို့ ခံယူတတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း အဆင်ပြေပါတယ်။

 

၆။ အားနည်းချက်တွေက ဘာတွေလဲ

ဆေးထိုးပေးမယ့် ဆရာဝန်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။ ရာသီသွေး မပေါ်တတ်ဘူး။ သူ့အာနိသင်တစ်ခုက သားအိမ်နံရံ ထူထဲမှုကို တားဆီးပေးတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်လတစ်ခါ သားအိမ်နံရံက ထူထဲလာတယ်၊ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ အဲဒီလို သန္ဓေအောင်မသွားတဲ့အခါ ခုနက ထူထဲထားတဲ့ သားအိမ်နံရံက ကွာကျတယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်တယ်။

 

အခု သူက အဲဒီသားအိမ်နံရံကို ထူမလာအောင် လုပ်ပေးလိုက်တော့ အောက်ကို ဘာမှကွာကျလာစရာ မရှိတော့ဘူး။ ဒီတော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ဖို့ စဉ်းစားစေချင်ပါတယ်။

 

မဖြစ်မနေ သိစေချင်တာကတော့ ဒီဆေးဟာ ဆေးထိုးရပ်လိုက်ပေမယ့် ကိုယ်ဝန်ပြန်ရဖို့ လအနည်းငယ်စောင့်ရတတ်တယ် ဆိုတာပါပဲ။ ပျမ်းမျှ(၆)လကနေ (၁၀)လအထိ ကြာတတ်ပါတယ်။ လုံးဝကိုယ်ဝန်မရနိုင်တော့တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတွေ၊ ကလေးလိုချင်ပြီဆိုရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ အမျိုးသမီးတွေဆိုရင်တော့ မသုံးခင်မှာ သေချာစဉ်းစားကြစေချင်ပါတယ်။

 

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။ ဆေးထိုးစမှာ သွေးကမောက်ကမ ဖြစ်တာမျိုး ရှိတတ်တယ်။ တအားများတယ်၊ ရက်ရှည်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး လိုအပ်တဲ့ဆေးတွေ သောက်ဖို့ လိုပါမယ်။

 

၈။ မသုံးစွဲသင့်သော အခြေအနေများ

ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) နဲ့ ပုံမမှန်သွေးဆင်းနေခြင်း (Irregular bleeding) တွေမှာ အသုံးပြုလို့ မသင့်တော်ပါဘူး။ သွေးပေါင်ချိန် (၁၆၀)နဲ့ အထက် ရှိနေရင်၊ ဆီးချိုရောဂါကို နှစ်(၂၀)နဲ့အထက် ခံစားနေရရင်၊ ပြင်းထန်တဲ့ဆီးချိုရောဂါရှိနေရင်လည်း အသုံးမပြုသင့်ပါဘူး။

 

တီဘီဆေး၊ အတက်ကျဆေးတွေကတော့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆို ထိုးဆေးအပြင် ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး)။ ရောဂါကိုပိုဆိုးစေလို့ မဟုတ်ပါဘူး၊ ထိုးဆေးရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

 

၉။ လွဲမှားတဲ့ အယူအဆများ

သုံးလပြည့်တိုင်း ထိုးရန် 

ဒီဆေးက ရပ်လိုက်ပေမယ့် ချက်ချင်း ကိုယ်ဝန်ပြန်မရတတ်ဘူး၊ အရှိန်ကျန်တတ်တယ် ဆိုပေမယ့် ဒါဟာ တရားသေတွက်လို့ မရပါဘူး။ အမျိုးသမီးတွေက ဒီလိုအရှိန်ကျန်တတ်တယ် ဆိုတာကို သိသွားကြတဲ့အခါ (၃)လတစ်ကြိမ် မထိုးကြတော့ဘဲနဲ့ (၆)လနေမှ၊ (၉)လနေမှ ထိုးကြတာမျိုးတွေ လုပ်လာကြပါတယ်။

 

အဲဒီလိုသာ စိတ်ချရမယ်ဆိုရင် (၆)လခံဆေး တို့ (၉)လခံဆေး တို့ပဲ ခေါ်တော့မှာပေါ့။ တကယ်တော့ တစ်ခါထိုးရင် (၃)လအထိပဲ စိတ်ချရပါတယ်။ (၃)လပြည့်တိုင်း ပြန်ထိုးရပါမယ်။ အရှိန်ကျန်တတ်တယ်ဆိုတာကို ဆေးထိုးရပ်ပြီး ကိုယ်ဝန်ချက်ချင်းပြန်မရတဲ့အခါ စိတ်ပူနေမှာစိုးတဲ့အတွက် ပြောတာပါ၊ ကိုယ့်ဘက်ကတော့ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် ၃လတစ်ခါ ဆေးထပ်ထိုးဖို့ လိုပါလိမ့်မယ်။

 

ဆေးထိုးစမှာ သွေးဆင်းတတ်ပါတယ်။ ဒါဟာ ကြောက်စရာ မလိုပါဘူး။ ထိုးစမှာ ဖြစ်တတ်ပါတယ်။ အချိန်တန်တဲ့အခါ အသားကျသွားပါလိမ့်မယ်။ သွေးမပေါ်တာ ကြောက်စရာ မလိုပါဘူး။ သူ့ရဲ့အာနိသင်ကြောင့် ဖြစ်တာပါ။ အထဲမှာ အပုပ်တွေအောင်းပြီး ကင်ဆာဖြစ်တာ၊ အလုံးတွေတည်မှာ စိတ်ပူစရာ မလိုပါဘူး။

 

၁၀။ Your life, your choice

ဒီထိုးဆေးကတော့ အမျိုးသမီးတွေ အသုံးအများဆုံး သားဆက်ခြားနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ လိုပါတယ်။

Read times Last modified on Saturday, 07 December 2019 11:37
Rate this item
(0 votes)