What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 December 2019 12:13

မိဘတုိင္း သိထားသင့္တဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ

ဒီေရာဂါဟာ ဂ်ပန္ဦးေႏွာက္ေရာင္ဗိုင္းရပ္စ္ (Japanese Encephalitis V) ကူးစက္ခံရတဲ့အခါမ်ိဳးမွာ ျဖစ္တတ္တဲ့ေရာဂါ ျဖစ္ပါတယ္။

ျခင္ကေန ကူးစက္ျပီး ဆင္ေျခေထာက္ေရာဂါ ျဖစ္ေစတဲ့ က်ဴးလက္စ္ လို႕ေခၚတဲ့ ျခင္အမ်ိဳးအစား အကုိက္ခံရရင္ ျဖစ္ႏုိင္ပါတယ္။ ေသြးလြန္တုပ္ေကြးကို ျဖစ္ေစတဲ့ ေအးဒီးစ္ျခင္က ေရၾကည္ေရသန္႕မွာ ေပါက္ေပမယ့္ ဒီျခင္ကေတာ့ ေျမာင္းပုပ္၊ ဗြက္အုိင္၊ ေရဆုိးေတြမွာ ေပါက္ဖြားပါတယ္။

WHO ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ အာရွႏုိင္ငံေတြမွာ ျဖစ္တဲ့ ဦးေႏွာက္ေရာင္ေရာဂါေတြရဲ႕ အျဖစ္အမ်ားဆံုး အေၾကာင္းရင္းလို႕ သိရပါတယ္။ ဘယ္လိုအရြယ္မဆုိ ျဖစ္ႏုိင္သလုိ၊ ကေလးေတြမွာဆုိရင္ ၀မ္းပ်က္၀မ္းေလွ်ာ၊ အဆုတ္ေရာင္ေရာဂါေတြေလာက္ ျဖစ္ႏႈန္းမမ်ားေပမယ့္ ေသဆံုးမႈႏႈန္းက ၃၀ ရာခုိင္ႏႈန္း ရွိပါတယ္။

 

မေသဆံုးခဲ့ရင္ေတာင္ အာရံုေၾကာပုိင္းဆုိင္ရာ ျပႆနာေတြနဲ႕က်န္ခဲ့တာ၊ ဆြံ႕အနားမၾကား ျဖစ္သြားတာ၊ တစ္သက္လံုး ပံုမွန္ျပန္မျဖစ္ေတာ့တာက ၃၀ ကေန ၅၀ ရာခုိင္ႏႈန္းေလာက္ ရွိတယ္လို႕ ဆုိပါတယ္။ တစ္ႏွစ္ေအာက္ကေလးေတြမွာ စတုတၳေျမာက္ အေသအေပ်ာက္အမ်ားဆံုး ေရာဂါျဖစ္ျပီး၊ အသက္တစ္ႏွစ္ကေန ငါးႏွစ္အထိ ကေလးေတြမွာေတာ့ တတိယေျမာက္ အေသအေပ်ာက္အမ်ားဆံုး ေရာဂါလုိ႕ သိရပါတယ္။ ေနာက္တစ္ခုက ဒီေရာဂါကုိ အရွင္းေပ်ာက္ကင္းေအာင္ ကုလို႕မရေသးပါဘူး။ အဓိကက ေရာဂါေတြ လကၡဏာေတြ ဆုိးရြားမလာေအာင္၊ လူနာက ဒီဗုိင္းရပ္စ္ပုိးကူးစက္ခံရမႈကို တြန္းလွန္ႏုိင္ေအာင္သာ လုပ္ေပးႏုိင္ပါတယ္။

 

ေရာဂါလကၡဏာအေနနဲ႕ေတာ့ ကေလးက အဲဒီလို ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ျဖစ္ႏုိင္တဲ့ ေနရာေဒသမ်ိဳးမွာ ျခင္ကုိက္ခံရတဲ့ ထိေတြ႕မႈရွိမယ္။ ဖ်ားမယ္၊ ပ်ိဳ႕အန္မယ္၊ ေခါင္းကုိက္မယ္၊ တက္မယ္၊ သတိလစ္မယ္၊ အသက္ရွဴေတြ ျမန္လာမယ္။ ဒါေတြျဖစ္လာတာနဲ႕ ဂ်ပန္ဦးေႏွာင္ေရာင္ ျဖစ္ေနျပီလုိ႕ ယတိျပတ္ေျပာလို႕ေတာ့ မရေပမယ့္ ဒါေလးကို ေျပးသတိရေစခ်င္ပါတယ္။ ဒါဆုိ အျမန္ဆံုးေဆးရံုသြားျပီး လိုအပ္တဲ့ စစ္ေဆးမႈနဲ႕ ကုသမႈေတြ ခံယူႏုိင္မွာလည္း ျဖစ္ပါတယ္

"ခ်င္း(ဂ်င္း) စားသံုးျခင္း မျပဳလုပ္သင့္သူမ်ား" ဖတ္ရႈရန္ ႏွိပ္ပါ။

ခ်င္း(ဂ်င္း) စားသံုးျခင္း မျပဳလုပ္သင့္သူမ်ား

ဒီလိုေတြ ေသဆံုးမႈႏႈန္းနဲ႕ ရာသက္ပန္ မသန္စြမ္းျဖစ္က်န္ခဲ့တဲ့ႏႈန္းေတြ မ်ားေပမယ့္ ၀မ္းသာစရာကေတာ့ ထိေရာက္ျပီး ေဘးကင္းတဲ့ ကာကြယ္ေဆးေတြ ေပၚေနျပီဆုိတာပါပဲ။ ႏွစ္ၾကိမ္ထိုးထားႏိုင္ရင္ အေကာင္းဆံုးျဖစ္ျပီး၊ တစ္ၾကိမ္နဲ႕တစ္ၾကိမ္ ၂၈ ရက္ျခားျပီး ထုိးရပါတယ္။ မလိုလားအပ္တဲ့ ဆိုးက်ဳိးက မရွိသေလာက္ကုိ ရွားပါတယ္။ မိဘေတြက ကာကြယ္ေဆးလုိ႕ ေျပာလို္က္ရင္ ကေလးကို ထိခုိက္မွာ တအားေၾကာက္တတ္ၾကလို႕ ရွင္းျပတာပါ။ ေဆးထိုးတဲ့ ေနရာမွာ နာတာ၊ ဖ်ားတာမ်ိဳး ရွိႏုိင္တယ္။ ဘယ္သူမွ ၾကိဳမသိႏုိင္တဲ့ ေဆးနဲ႕ဓါတ္မတည္႕ဘူးဆုိတာမ်ိဳးကလည္း ျဖစ္ႏႈန္းတအားကုိနည္းပါတယ္။

 

ျပင္ပေဆးခန္းေတြမွာလည္း ထုိးေပးႏုိင္ျပီး၊ ခုဆုိရင္ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ကာကြယ္ေဆးကို လာမယ့္ ၂၀၁၇ ႏို၀င္ဘာလ ၁၅ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ ေက်ာင္းအေျချပဳ ကာကြယ္ေဆးထိုးအစီအစဥ္အေနနဲ႕ ထိုးေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကေန ၂၀ ရက္ေန႔ အထိကိုေတာ့ ျပည္သူလူထုအေျချပဳ ကာကြယ္ေဆးထိုးအစီအစဥ္အျဖစ္ ရပ္ကြက္ထဲမွာ စုရပ္ေတြထားၿပီး အသက္ ၉ လကေန ၅ ႏွစ္အထိ ကေလးေတြ၊ ၁၅ ႏွစ္အထိ ေက်ာင္းမေနရတဲ့ကေလးေတြ၊ ေက်ာင္းအေျချပဳ ကာကြယ္ေဆးထိုးအစီအစဥ္မွာ အေၾကာင္းေၾကာင္းေၾကာင့္ ေဆးမထိုးလိုက္ရတဲ့ ကေလးေတြကို အခမဲ့ ထိုးႏွံေပးသြားမွာ ျဖစ္တယ္လို႕လည္း သိရပါတယ္။

 

၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလကစၿပီး အမ်ဳိးသား ကာကြယ္ေဆးထိုး အစီအစဥ္မွာ အသက္ ၉ လအရြယ္ ကေလးေတြအတြက္ ထုိးေပးရမယ့္ ကာကြယ္ေဆးအျဖစ္ ပံုမွန္ထည့္သြင္းသြားေတာ့မွာလည္း ျဖစ္ပါတယ္။ အသက္ ၉ လကေန ၁၅ ႏွစ္အတြင္း ကေလးေတြကို ထုိးေပးမွာကေတာ့ ဒီတစ္ၾကိမ္ပဲျဖစ္တာမို႕ မပ်က္မကြက္ ထုိးေပးၾကဖို႕ တုိက္တြန္းလိုပါတယ္။

 

ေရာဂါရွာေဖြရလည္း ခက္ခဲသလုိ၊ ကုသရလည္း ခက္တာမို႕ ကာကြယ္ေဆးထိုးထားျခင္းျဖင့္ ကုိယ့္ကေလးကုိ ဒီေရာဂါကေန အေကာင္းဆံုး ကာကြယ္ႏုိင္မွာ ျဖစ္ပါတယ္။

 

ေဒါက္တာ ျဖိဳးသီဟ

{Unicode}

=======

မိဘတိုင်း သိထားသင့်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ

ဒီရောဂါဟာ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ် (Japanese Encephalitis V) ကူးစက်ခံရတဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ခြင်ကနေ ကူးစက်ပြီး ဆင်ခြေထောက်ရောဂါ ဖြစ်စေတဲ့ ကျူးလက်စ် လို့ခေါ်တဲ့ ခြင်အမျိုးအစား အကိုက်ခံရရင် ဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ အေးဒီးစ်ခြင်က ရေကြည်ရေသန့်မှာ ပေါက်ပေမယ့် ဒီခြင်ကတော့ မြောင်းပုပ်၊ ဗွက်အိုင်၊ ရေဆိုးတွေမှာ ပေါက်ဖွားပါတယ်။

 

WHO ရဲ့ ထုတ်ပြန်ချက်တွေအရ အာရှနိုင်ငံတွေမှာ ဖြစ်တဲ့ ဦးနှောက်ရောင်ရောဂါတွေရဲ့ အဖြစ်အများဆုံး အကြောင်းရင်းလို့ သိရပါတယ်။ ဘယ်လိုအရွယ်မဆို ဖြစ်နိုင်သလို၊ ကလေးတွေမှာဆိုရင် ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောင်ရောဂါတွေလောက် ဖြစ်နှုန်းမများပေမယ့် သေဆုံးမှုနှုန်းက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။

 

မသေဆုံးခဲ့ရင်တောင် အာရုံကြောပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ကျန်ခဲ့တာ၊ ဆွံ့အနားမကြား ဖြစ်သွားတာ၊ တစ်သက်လုံး ပုံမှန်ပြန်မဖြစ်တော့တာက ၃၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်အောက်ကလေးတွေမှာ စတုတ္ထမြောက် အသေအပျောက်အများဆုံး ရောဂါဖြစ်ပြီး၊ အသက်တစ်နှစ်ကနေ ငါးနှစ်အထိ ကလေးတွေမှာတော့ တတိယမြောက် အသေအပျောက်အများဆုံး ရောဂါလို့ သိရပါတယ်။ နောက်တစ်ခုက ဒီရောဂါကို အရှင်းပျောက်ကင်းအောင် ကုလို့မရသေးပါဘူး။ အဓိကက ရောဂါတွေ လက္ခဏာတွေ ဆိုးရွားမလာအောင်၊ လူနာက ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကို တွန်းလှန်နိုင်အောင်သာ လုပ်ပေးနိုင်ပါတယ်။

 

ရောဂါလက္ခဏာအနေနဲ့တော့ ကလေးက အဲဒီလို ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်နိုင်တဲ့ နေရာဒေသမျိုးမှာ ခြင်ကိုက်ခံရတဲ့ ထိတွေ့မှုရှိမယ်။ ဖျားမယ်၊ ပျို့အန်မယ်၊ ခေါင်းကိုက်မယ်၊ တက်မယ်၊ သတိလစ်မယ်၊ အသက်ရှူတွေ မြန်လာမယ်။ ဒါတွေဖြစ်လာတာနဲ့ ဂျပန်ဦးနှောင်ရောင် ဖြစ်နေပြီလို့ ယတိပြတ်ပြောလို့တော့ မရပေမယ့် ဒါလေးကို ပြေးသတိရစေချင်ပါတယ်။ ဒါဆို အမြန်ဆုံးဆေးရုံသွားပြီး လိုအပ်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေ ခံယူနိုင်မှာလည်း ဖြစ်ပါတယ်။

"ချင်း(ဂျင်း) စားသုံးခြင်း မပြုလုပ်သင့်သူများ" ဖတ်ရှုရန် နှိပ်ပါ။

ခ်င္း(ဂ်င္း) စားသံုးျခင္း မျပဳလုပ္သင့္သူမ်ား

ဒီလိုတွေ သေဆုံးမှုနှုန်းနဲ့ ရာသက်ပန် မသန်စွမ်းဖြစ်ကျန်ခဲ့တဲ့နှုန်းတွေ များပေမယ့် ဝမ်းသာစရာကတော့ ထိရောက်ပြီး ဘေးကင်းတဲ့ ကာကွယ်ဆေးတွေ ပေါ်နေပြီဆိုတာပါပဲ။ နှစ်ကြိမ်ထိုးထားနိုင်ရင် အကောင်းဆုံးဖြစ်ပြီး၊ တစ်ကြိမ်နဲ့တစ်ကြိမ် ၂၈ ရက်ခြားပြီး ထိုးရပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးက မရှိသလောက်ကို ရှားပါတယ်။ မိဘတွေက ကာကွယ်ဆေးလို့ ပြောလိုက်ရင် ကလေးကို ထိခိုက်မှာ တအားကြောက်တတ်ကြလို့ ရှင်းပြတာပါ။ ဆေးထိုးတဲ့ နေရာမှာ နာတာ၊ ဖျားတာမျိုး ရှိနိုင်တယ်။ ဘယ်သူမှ ကြိုမသိနိုင်တဲ့ ဆေးနဲ့ဓါတ်မတည့်ဘူးဆိုတာမျိုးကလည်း ဖြစ်နှုန်းတအားကိုနည်းပါတယ်။

 

ပြင်ပဆေးခန်းတွေမှာလည်း ထိုးပေးနိုင်ပြီး၊ ခုဆိုရင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို လာမယ့် ၂၀၁၇ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်အနေနဲ့ ထိုးပေးတော့မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိကိုတော့ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်အဖြစ် ရပ်ကွက်ထဲမှာ စုရပ်တွေထားပြီး အသက် ၉ လကနေ ၅ နှစ်အထိ ကလေးတွေ၊ ၁၅ နှစ်အထိ ကျောင်းမနေရတဲ့ကလေးတွေ၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်မှာ အကြောင်းကြောင်းကြောင့် ဆေးမထိုးလိုက်ရတဲ့ ကလေးတွေကို အခမဲ့ ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကစပြီး အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသက် ၉ လအရွယ် ကလေးတွေအတွက် ထိုးပေးရမယ့် ကာကွယ်ဆေးအဖြစ် ပုံမှန်ထည့်သွင်းသွားတော့မှာလည်း ဖြစ်ပါတယ်။ အသက် ၉ လကနေ ၁၅ နှစ်အတွင်း ကလေးတွေကို ထိုးပေးမှာကတော့ ဒီတစ်ကြိမ်ပဲဖြစ်တာမို့ မပျက်မကွက် ထိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်။

 

ရောဂါရှာဖွေရလည်း ခက်ခဲသလို၊ ကုသရလည်း ခက်တာမို့ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုယ့်ကလေးကို ဒီရောဂါကနေ အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)