What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 January 2020 07:52

လေဖြတ်ခြင်း နှင့် လေဖြန်းခြင်း အကြောင်း သိကောင်းစရာ

လေဖြတ်ခြင်းနှင့် လေဖြန်းခြင်း အကြောင်းဗဟုသုတအနေနဲ့ ဖော်ပြပေးလိုပါတယ်။ 

လေဖြန်းခြင်း ဆိုတာ ယာယီဦးနှောက်နှင့် အာရုံကြောပိုင်းထိခိုက်ခြင်း များသောအားဖြင့် သွေးမလျှောက်ခြင်းကြောင့် ခြေလက်များ လှုပ်ရှားမရခြင်းမျိုးဖြစ်ပါတယ်။ လူနာအများစုမှာ (၂၄) နာရီအတွင်း ပြန်ကောင်းလာပါတယ်။

 

လေဖြတ်ခြင်း ဆိုတာ ဦးနှောက်သွေးကြောပိတ်ခြင်း သို့မဟုတ် ဦးနှောက် သွေးကြောပေါက်ခြင်းကြောင့် နာတာရှည် ကိုယ်လက် လှုပ်ရှားမရတော့ခြင်းကို ဖြစ်စေသော ဦးနှောက်နှင့် အာရုံကြော ထိခိုက်ပျက်စီးမှုဖြစ်ပါတယ်။

 

သွေးတိုးရောဂါရှိသူများနှင့် ဆီးချိုရောဂါသည်များ နှလုံးရောဂါရှိသူများ ဆေးလိပ်ဆေးရွက်ကြီး အရက်သောက်သုံးသူများ အထူးသတိပြုသင့်ပါတယ်။

 

နောက်ထပ် တစ်မျိုးကတော့ Progressive Stroke ခေါ် ပို၍ ယိုယွင်းလာတတ်သော လေဖြတ်ခြင်း ၊ ကနဦးတွင် ခြေတဖက်လက်တစ်ဖက်မျှသာ လေးပြီး အချိန်ကြာသည်နှင့်အမျှ multifocal ခေါ် မျက်နှာ ခြေလက်တနေရာထပ်ပို၍ လေးလာတတ်ပါတယ်။

 

Completed Stroke

လေဖြတ်ခြင်း စသည့်အချိန်မှစသည့် ပုံစံအတိုင်း ပိုဆိုးသွားခြင်းမရှိသော လေဖြတ်ခြင်း ပုံစံဖြစ်ပတယ်။

 

သတိထားသင့်သော သူများအနေနှင့်ကတော့ မျိုးရိုးရှိသူများ ၊ အဝလွန်သူများ ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ ၊ ဆီးချိုရောဂါသည်များ ၊ သွေးတိုးရောဂါရှိသူများ ၊ အထိုင်များ၍ လှုပ်ရှားမှုနည်းပြီး လေ့ကျင့်ခန်းအားကစားပုံမှန်မရှိသူများ ၊ ဆေးလိပ် ဆေးရွက်ကြီး အရက်သောက်သုံးသူများ ၊ မွေးရာပါ ဦးနှောက်သွေးကြောရောဂါရှိသူများ ဘဲဖြစ်ပါတယ်။

 

အထက်ပါ ရောဂါရှိသူများသည် ဦးနှောက်သွေးကြောများပေါက်ခြင်း၊ ပိတ်ခြင်းများကဲ့သို့သော အကျိုးဆက်များ ဖြစ်ပွား၍ လေဖြတ်ခြင်း၊ လေဖြန်းခြင်းအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် အထက်ပါ အချက်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်စေရန်အတွက်

 

နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးပါ ၊ အဆီအငန်များ လျှော့စားပါ ၊ ဆီးချိုသွေးတိုးကို ပုံမှန်တိုင်း၍ ဆေးမပြတ်သောက်ပါ၊ ထိန်းပါ ၊ နှလုံးရောဂါကဲ့သို့သော ရောဂါများကို သမားတော်နှင့် ပုံမှန်ပြပါ။ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲသော အကျင့်ကို ရှောင်ကျဉ်ပါ။

 

အချိန်ဆွဲလျှင် လူနာ၏ ပြန်လည်ကျန်းမာမှု ရလဒ်အား နာတာရှည်စေနိုင်သောကြောင့် အချိန်မှီခွဲခြားသိနိုင်စေရန် နီးစပ်ရာ ဆေးရုံသို့ အချိန်မှီ သွားရောက်ပြသပါ။

 

အချို့သော လေဖြတ်ခြင်းနှင့် ဆင်တူသော ရောဂါများနှင့် လေဖြတ်ခြင်းကို အချိန်မှီခွဲခြားနိုင်ရန်အလွန်အရေးကြီးလှပါတယ်။

 

Shwe Moe Pwint Aye Wellness Centre

(Zawgyi)
------------
ေလျဖတ္ျခင္း ႏွင့္ ေလျဖန္းျခင္း အေၾကာင္း သိေကာင္းစရာ

ေလျဖတ္ျခင္းႏွင့္ ေလျဖန္းျခင္း အေၾကာင္းဗဟုသုတအေနနဲ႕ ေဖာ္ျပေပးလိုပါတယ္။

 

ေလျဖန္းျခင္း ဆိုတာ ယာယီဦးႏွောက္ႏွင့္ အာ႐ုံေၾကာပိုင္းထိခိုက္ျခင္း မ်ားေသာအားျဖင့္ ေသြးမေလွ်ာက္ျခင္းေၾကာင့္ ေျခလက္မ်ား လႈပ္ရွားမရျခင္းမ်ိဳးျဖစ္ပါတယ္။ လူနာအမ်ားစုမွာ (၂၄) နာရီအတြင္း ျပန္ေကာင္းလာပါတယ္။

 

ေလျဖတ္ျခင္း ဆိုတာ ဦးႏွောက္ေသြးေၾကာပိတ္ျခင္း သို႔မဟုတ္ ဦးႏွောက္ ေသြးေၾကာေပါက္ျခင္းေၾကာင့္ နာတာရွည္ ကိုယ္လက္ လႈပ္ရွားမရေတာ့ျခင္းကို ျဖစ္ေစေသာ ဦးႏွောက္ႏွင့္ အာ႐ုံေၾကာ ထိခိုက္ပ်က္စီးမႈျဖစ္ပါတယ္။

 

ေသြးတိုးေရာဂါရွိသူမ်ားႏွင့္ ဆီးခ်ိဳေရာဂါသည္မ်ား ႏွလုံးေရာဂါရွိသူမ်ား ေဆးလိပ္ေဆး႐ြက္ႀကီး အရက္ေသာက္သုံးသူမ်ား အထူးသတိျပဳသင့္ပါတယ္။

 

ေနာက္ထပ္ တစ္မ်ိဳးကေတာ့ Progressive Stroke ေခၚ ပို၍ ယိုယြင္းလာတတ္ေသာ ေလျဖတ္ျခင္း ၊ ကနဦးတြင္ ေျခတဖက္လက္တစ္ဖက္မွ်သာ ေလးၿပီး အခ်ိန္ၾကာသည္ႏွင့္အမွ် multifocal ေခၚ မ်က္ႏွာ ေျခလက္တေနရာထပ္ပို၍ ေလးလာတတ္ပါတယ္။

 

Completed Stroke

ေလျဖတ္ျခင္း စသည့္အခ်ိန္မွစသည့္ ပုံစံအတိုင္း ပိုဆိုးသြားျခင္းမရွိေသာ ေလျဖတ္ျခင္း ပုံစံျဖစ္ပတယ္။

 

သတိထားသင့္ေသာ သူမ်ားအေနႏွင့္ကေတာ့ မ်ိဳးရိုးရွိသူမ်ား ၊အ၀လြန္သူမ်ား ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ား ၊ ဆီးခ်ိဳေရာဂါသည္မ်ား ၊ ေသြးတိုးေရာဂါရွိသူမ်ား ၊ အထိုင္မ်ား၍ လႈပ္ရွားမႈနည္းၿပီး ေလ့က်င့္ခန္းအားကစားပုံမွန္မရွိသူမ်ား ၊ ေဆးလိပ္ ေဆး႐ြက္ႀကီး အရက္ေသာက္သုံးသူမ်ား ၊ ​ေမြးရာပါ ဦးႏွောက္ေသြးေၾကာေရာဂါရွိသူမ်ား ဘဲျဖစ္ပါတယ္။

 

အထက္ပါ ေရာဂါရွိသူမ်ားသည္ ဦးႏွောက္ေသြးေၾကာမ်ားေပါက္ျခင္း၊ ပိတ္ျခင္းမ်ားကဲ့သို႔ေသာ အက်ိဳးဆက္မ်ား ျဖစ္ပြား၍ ေလျဖတ္ျခင္း၊ ​ေလျဖန္းျခင္းအႏၱရာယ္မ်ား ျဖစ္ေပၚလာနိုင္ေသာေၾကာင့္ အထက္ပါ အခ်က္မ်ားကို အတတ္နိုင္ဆုံး ေလွ်ာ့ခ်နိဳင္ေစရန္အတြက္

 

ေန႕စဥ္ ကိုယ္လက္လႈပ္ရွားအားကစားလုပ္ေပးပါ ၊ အဆီအငန္မ်ား ေလွ်ာ့စားပါ ၊ ဆီးခ်ိဳေသြးတိုးကို ပုံမွန္တိုင္း၍ ေဆးမျပတ္ေသာက္ပါ၊ ထိန္းပါ ၊ ႏွလုံးေရာဂါကဲ့သို႔ေသာ ေရာဂါမ်ားကို သမားေတာ္ႏွင့္ ပုံမွန္ျပပါ။ ေဆးလိပ္ေဆး႐ြက္ႀကီးသုံးစြဲေသာ အက်င့္ကို ေရွာင္က်ဥ္ပါ။

 

အခ်ိန္ဆြဲလွ်င္ လူနာ၏ ျပန္လည္က်န္းမာမႈ ရလဒ္အား နာတာရွည္ေစနိုင္ေသာေၾကာင့္ အခ်ိန္မွီခြဲျခားသိနိုင္ေစရန္ နီးစပ္ရာ ေဆး႐ုံသို႔ အခ်ိန္မွီ သြားေရာက္ျပသပါ။

 

အခ်ိဳ႕ေသာ ေလျဖတ္ျခင္းႏွင့္ ဆင္တူေသာ ေရာဂါမ်ားႏွင့္ေလျဖတ္ျခင္းကို အခ်ိန္မွီခြဲျခားနိုင္ရန္အလြန္အေရးႀကီးလွပါတယ္။

 

Shwe Moe Pwint Aye Wellness Centre

Read times
Rate this item
(1 Vote)