What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 January 2020 14:09

မင်းရာဇာ အမှတ်တံဆိပ် စွယ်စုံဆေးသည် တိုင်းရင်းဆေးဝါးအဖြင့် သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေး ကြေညာခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများ ပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက် ရှိပါသည်။

 

ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်း ဆေးဝါးဖြစ်သဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။

 

အများပြည်သူတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန် နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူ သုံးစွဲရန် နှိုးဆော်အပ်ပါသည်။

 

တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်း ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

FB IMG 1579505930418

FB IMG 1579505932996

Department Of Traditional Medicine 

 

(Zawgyi)

-----------

မင္းရာဇာ အမွတ္တံဆိပ္ စြယ္စုံေဆးသည္ တိုင္းရင္းေဆးဝါးအျဖင့္ သုံးစြဲရန္ မသင့္ေလ်ာ္ေၾကာင္း အသိေပး ေၾကညာျခင္း

 

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ အရည္အေသြး စစ္မွန္ေကာင္းမြန္ၿပီး ေဘးဥပဒ္ အႏၲရာယ္ကင္းရွင္းကာ အက်ိဳးအာနိသင္ရွိေသာ တိုင္းရင္းေဆးဝါးမ်ားကို အမ်ား ျပည္သူတို႔ သုံးစြဲနိုင္ရန္ စဥ္ဆက္မျပတ္ စနစ္တက်စစ္ေဆးလ်က္ ရွိပါသည္။

 

 ယင္းသို႔စစ္ေဆးရာတြင္ ေဈးကြက္အတြင္းေရာင္းခ်လ်က္ရွိေသာ ေအာက္ေဖာ္ျပပါ တိုင္းရင္းေဆးဝါးသည္ အေနာက္တိုင္းေဆးေရာေႏွာၿပီး မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္း ေဆးဝါးျဖစ္သျဖင့္ စစ္မွန္အစြမ္းထက္မႈကို အာမခံခ်က္မေပးနိုင္ေသာေၾကာင့္ အမ်ားျပည္သူမ်ား သုံးစြဲရန္ မသင့္ေလ်ာ္ေၾကာင္း အသိေပးအပ္ပါသည္။

 

အမ်ားျပည္သူတို႔အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ တိုင္းရင္းေဆးပညာ ဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္းေဆးဝါးမ်ားကို ဝယ္ယူသုံးစြဲျခင္း မျပဳၾကရန္ႏွင့္ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ေဆးဝါးမ်ားကိုသာ စိစစ္ဝယ္ယူ သုံးစြဲရန္ ႏွိုးေဆာ္အပ္ပါသည္။

 

တိုင္းရင္းေဆးဝါးထုတ္လုပ္ျဖန႔္ျဖဴးသည့္ လုပ္ငန္းမ်ားႏွင့္ ေဆးဝါးေရာင္းခ်သည့္ ေဆးဆိုင္မ်ားသည္ တိုင္းရင္းေဆးပညာဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္းမရွိေသာ တိုင္းရင္း ေဆးဝါးမ်ား၊ ေဆးဝါးအတုမ်ား၊ စံမညီတိုင္းရင္းေဆးဝါးမ်ားအား ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ျခင္း လုံးဝ(လုံးဝ) မျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တိုင္းရင္းေဆးဝါးဥပေဒပုဒ္မ (၃၁)၊ (၃၂) အရ တရားစြဲဆို အေရးယူမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

FB IMG 1579505930418

FB IMG 1579505932996

Department Of Traditional Medicine 

Read times Last modified on Tuesday, 21 January 2020 09:50
Rate this item
(0 votes)