ဆီး၊ဝမ်းထဲမှာ သွေးပါခြင်း ဆီးထဲမှာ ဖြစ်စေ၊ ဝမ်းထဲမှာ ဖြစ်စေ သွေးပါတယ် ဆိုရင်လည်း သတိထားရပါမယ်။
အထူးသဖြင့် ဒီလိုသွေးပါတာ ရက်နဲ့ချီပြီး ကြာနေမယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။ ဝမ်းသွားရင်း သွေးပါတာက လိပ်ခေါင်လည်း ဖြစ်တတ်ပေမဲ့ အူမကြီး ကင်ဆာကိုလည်း ထည့်စဉ်းစာ ပြီး သတိထားသင့်ပါတယ်။ ဆီးထဲမှာ သွေးပါတာက ကျောက်ကပ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ တွေကို သတိထားရပါမယ်။
အကျိတ်တွေ ထွက်လာခြင်း ခန္ဓာကိုယ်မှာ ပဲစေ့ပုံစံ ရှိတဲ့ သေးသေး Lymph Nodes ခေါ် Glands လေးတွေ ရှိပါတယ်။ ဒီ Glands လေးတွေ က ပိုးဝင်တဲ့ အခါ ပုံပြောင်းတတ်ပါတယ်၊ ယောင်လာတာ ကြီးလာတာမျိုးပါ။
ဒါပေမဲ့ ဒီလိုဖြစ်လာတိုင်း ရိုးရိုးပိုးဝင်တာလို့ သတ်မှတ် လို့မရပါ။ Leukemia ခေါ် သွေးကင်ဆာ တွေ၊ Lymphoma တွေမှာလည်း ဒီ Lymph Node လေးတွေ ကြီးလာ၊ယောင်လာ တတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်မှာ အလုံး၊အကျိတ်တွေ ထွက်လာတယ်၊ တစ်လနှစ်လာက်အထိလည်း မပျောက်သွားဘူးဆိုရင်တော့ ဆရာဝန် တစ်ယောက်ယောက်ဆီမှာ သွားရောက်ပြသသင့်ပါတယ်။
တံတွေး မျိုချရတာ ခက်ခဲခြင်း တခါတလေ တံတွေးမျိုချရခက်ခဲတာ ပြသနာမဟုတ်ပေမဲ့ အချိန်အကြာကြီး ဖြစ်နေမယ်၊ အန်လာမယ်၊ ပိန်ကျသွားမယ် ဆိုရင်တော့ ဆရာဝန် နဲ့ ပြသင့်ပါတယ်။ ဒါက လည်ချောင်းကင်ဆာ သို့မဟုတ် အစာအိမ်ကင်ဆာ ဖြစ်တတ်လို့ပါ။
အမျိုးသမီး အများစု ကတော့ ဘာမှမလုပ်ရပဲ ပိန်ကျသွားတာကို လိုချင်ကြပါတယ်။ ဒါပေမဲ့ တကယ်ပဲ အစားလည်း မလျှော့၊ အားကစား လည်း မလုပ်ပဲ နဲ့ ၁၀ ပေါင်လောက် ကျသွားရင်တော့ စဉ်းစားစရာပါ။ ဒီလိုပိန်ကျ သွားတိုင်း ကင်ဆာ တော့ မဟုတ်ပါ။
လည်ပင်းမှာ ရှိတဲ့ Thyroid ရောဂါတွေ မှာလည်း ဝိတ် အတက်အကျ အပြောင်းအလည်း ရှိတတ်ပါတယ်။ ကင်ဆာ ဆိုရင်တော့ ပန်ကရိယ ကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ အဆုတ်ကင်ဆာ တွေ ဖြစ်တတ်ပါတယ်။ ဆရာဝန် က လိုအပ်တဲ့ သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာ တွေ လုပ်ပါလိမ့်မယ်။ ဆက်လက်ဖော်ပြပါမည်။
ဒေါက်တာဖြိုးကိုကို
(Zawgyi)
----------
အမ်ိဳးသမီးတိုင္း သိထားသင့္တဲ့ ကင္ဆာ လကၡဏာမ်ား
ဆီး၊ဝမ္းထဲမွာ ေသြးပါျခင္း ဆီးထဲမွာ ျဖစ္ေစ၊ ဝမ္းထဲမွာ ျဖစ္ေစ ေသြးပါတယ္ ဆိုရင္လည္း သတိထားရပါမယ္။ အထူးသျဖင့္ ဒီလိုေသြးပါတာ ရက္နဲ႔ခ်ီၿပီး ၾကာေနမယ္ဆိုရင္ ပိုသတိထားသင့္ပါတယ္။ ဝမ္းသြားရင္း ေသြးပါတာက လိပ္ေခါင္လည္း ျဖစ္တတ္ေပမဲ့ အူမႀကီး ကင္ဆာကိုလည္း ထည့္စဥ္းစာ ၿပီး သတိထားသင့္ပါတယ္။ ဆီးထဲမွာ ေသြးပါတာက ေက်ာက္ကပ္ကင္ဆာ၊ ဆီးအိမ္ကင္ဆာ ေတြကို သတိထားရပါမယ္။
အက်ိတ္ေတြ ထြက္လာျခင္း ခႏၶာကိုယ္မွာ ပဲေစ့ပုံစံ ရွိတဲ့ ေသးေသး Lymph Nodes ေခၚ Glands ေလးေတြ ရွိပါတယ္။ ဒီ Glands ေလးေတြ က ပိုးဝင္တဲ့ အခါ ပုံေျပာင္းတတ္ပါတယ္၊ ေယာင္လာတာ ႀကီးလာတာမ်ိဳးပါ။
ဒါေပမဲ့ ဒီလိုျဖစ္လာတိုင္း ႐ိုး႐ိုးပိုးဝင္တာလို႔ သတ္မွတ္ လို႔မရပါ။ Leukemia ေခၚ ေသြးကင္ဆာ ေတြ၊ Lymphoma ေတြမွာလည္း ဒီ Lymph Node ေလးေတြ ႀကီးလာ၊ေယာင္လာ တတ္ပါတယ္။ အေကာင္းဆုံးကေတာ့ ကိုယ္မွာ အလုံး၊အက်ိတ္ေတြ ထြက္လာတယ္၊ တစ္လႏွစ္လာက္အထိလည္း မေပ်ာက္သြားဘူးဆိုရင္ေတာ့ ဆရာဝန္ တစ္ေယာက္ေယာက္ဆီမွာ သြားေရာက္ျပသသင့္ပါတယ္။
တံေတြး မ်ိဳခ်ရတာ ခက္ခဲျခင္း တခါတေလ တံေတြးမ်ိဳခ်ရခက္ခဲတာ ျပသနာမဟုတ္ေပမဲ့ အခ်ိန္အၾကာႀကီး ျဖစ္ေနမယ္၊ အန္လာမယ္၊ ပိန္က်သြားမယ္ ဆိုရင္ေတာ့ ဆရာဝန္ နဲ႔ ျပသင့္ပါတယ္။ ဒါက လည္ေခ်ာင္းကင္ဆာ သို႔မဟုတ္ အစာအိမ္ကင္ဆာ ျဖစ္တတ္လို႔ပါ။
အမ်ိဳးသမီး အမ်ားစု ကေတာ့ ဘာမွမလုပ္ရပဲ ပိန္က်သြားတာကို လိုခ်င္ၾကပါတယ္။ ဒါေပမဲ့ တကယ္ပဲ အစားလည္း မေလွ်ာ့၊ အားကစား လည္း မလုပ္ပဲ နဲ႔ ၁၀ ေပါင္ေလာက္ က်သြားရင္ေတာ့ စဥ္းစားစရာပါ။ ဒီလိုပိန္က် သြားတိုင္း ကင္ဆာ ေတာ့ မဟုတ္ပါ။
လည္ပင္းမွာ ရွိတဲ့ Thyroid ေရာဂါေတြ မွာလည္း ဝိတ္ အတက္အက် အေျပာင္းအလည္း ရွိတတ္ပါတယ္။ ကင္ဆာ ဆိုရင္ေတာ့ ပန္ကရိယ ကင္ဆာ၊ အစာအိမ္ကင္ဆာ နဲ႔ အဆုတ္ကင္ဆာ ေတြ ျဖစ္တတ္ပါတယ္။ ဆရာဝန္ က လိုအပ္တဲ့ ေသြးစစ္တာ၊ ဓာတ္မွန္႐ိုက္တာ ေတြ လုပ္ပါလိမ့္မယ္။ ဆက္လက္ေဖာ္ျပပါမည္။
ေဒါက္တာၿဖိဳးကိုကို