What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 20:35

ဝူဟန်ဗိုင်းရက်စ် ကို စတင်ရှာဖွေတွေ့ရှိခဲ့ Dr. Li Wenliang ရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်

ဝူဟန်ဗိုင်းရက်စ် ကို စတင်ရှာဖွေတွေ့ရှိခဲ့ Dr. Li Wenliang ရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက် BBC

ဇန်နဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ Wuhan မှ အာဏာပိုင်များက ကိုရိုနာဗိုင်းရက်စ် (coronavirus) အသစ်သတင်းကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။

ဆရာဝန်တစ်ဦးက ဆေးဝါးချင်းတွေကိုရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီးသတိပေးဖို့ကြိုးစားတဲ့အခါ ရဲကသူ့ကို လာလည်ပတ်ပြီးပြောဖို့တားမြစ်ခဲ့တယ်။ တစ်လခန့်အကြာ မှာ ကိုရိုနာဗိုင်းရက်စ် နဲ့ သတ်သက်ပြီး ပြောခဲ့တဲ့ဆရာဝန် ဆေးရုံအိပ်ရာ ကုတင် ပေါ်ရောက်ရှိသွားပြီးနောက် သူရဲကောင်းအဖြစ်ဂုဏ်ပြုခံခဲ့ရပါတယ်။

 

Wuhan ဗဟိုဆေးရုံမှမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ Li Wenliang ဘဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရက်စ် ဖြစ်ပွားမှုအစောပိုင်းရက်များအတွင်း Wuhan ရှိ ဒေသခံအာဏာပိုင်များရဲ့ စိတ်ရှုပ်ထွေးသောတုံ့ပြန်မှု သိမြင်ရမှာဖြစ်ပါတယ်။ ဒေါက်တာလီသည် ၂၀၀၃ ခုနှစ်က တမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးကို Sars နှင့်အလာတူ သူထင်သောဗိုင်းရပ်စ်ကူးစက်မှုခုနစ်ခုကို သတိပြုမိသောအခါ ဒီဇင်ဘာလတွင်ဖြစ်ပွားခဲ့တဲ့ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

 

အ့ကထဲက ဝူဟန်နဲ့ပတ်သက်ပြီး သူ့ ဆေးရုံရဲ့ ကူးစက်ရောဂါ သီးသန့်ခန်းမှာ လူနာတွေရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဆရာဝန်တွေရဲ့ chat ဂရုမှာ သူက ရောဂါကူးစက်မှုကို ရှောင်ရှားဖို့အတွက် အကာအကွယ် အဝတ်အစားတွေ ဝတ်ဆင်ကြဖို့ သတိပေးစာ ပေးပို့ခဲ့ပါတယ်။ အဒီအချိန်က ဒေါက်တာလီ ရှာဖွေ့တွေ့ရှိခဲ့တဲ့ ဗိုင်းရက်စ်က ကိုရိုနာဗိုင်းရက်စ်မှန် သူမသိခဲ့ပါဘူး။

 

လေးရက်လောက်အကြာမှာ သူက ပြည်သူ့လုံခြုံရေး ဗျူရိုမှ တာဝန်ရှိသူတွေဆီကို စာရေးသားပို့ခဲ့ပြီး သတိပေးခဲ့ပေးမယ့် တုံ့ပြန်မှုအနေနဲ့ ဒေါက်တာလီကို မှားယွင်းတဲ့ မှတ်ချက်ပေးတယ် ၊ လူမှုရေးဆိုင်ရာ အမိန့်တွေ နှောက်ယှက်တယ်ဆိုပြီး သတိပေးခြင်း ခံခဲ့ရပါတယ်။

 

ဒေါက်တာလီရဲ့ စာအောက်တွင် ပြန်ရေးပေးခဲ့တာကတော့ '“ မင်းကိုဒီလိုသတိကြီးစွာနဲ့သတိပေးနေတယ် - အကယ်၍ မင်းဟာခေါင်းမာမာနဲ့၊ ဒီလိုမခိုင်မာဘဲဆက်လက်ပြီးဒီတရားမဝင်လှုပ်ရှားမှုတွေကိုဆက်လုပ်နေမယ်ဆိုရင်မင်းကိုတရားစီရင်ခြင်းခံရလိမ့်မယ်၊ နားလည်ပြီလား” ဟု ပြန်လည်တုံ့ပြန်ခြင်းကို ခံခဲ့ရပါတယ်။

 

ဒါ့အပြင် ဒေါက်တာလီက ဇန်နဝါရီလကုန်ပိုင်းလောက် သူရဲ့ Weibo မှာ သူသတိပေးခဲ့တဲ့ စာကို ပြသခဲ့ပြီး ပြည်သူများက တောင်ပန်းခဲ့ကြပေးမယ့်လည်း ဒီတောင်ပန်းခြင်းတွေက နောိကျခဲ့ပါပြီး။

 

ဒေါက်တာလီရဲ့ Weibo မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ သူဘယ်လို ချောင်းဆိုးတယ် ၊ ပြီးတော့ဖျားတယ် ၊ နောက်တော့ ဆေးရုံကို ရောက်တယ် ဆိုတာကိုက အစ ရေးသားဖော်ပြခဲ့ ပါတယ်။

များမကြာမီပင် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာ ဝူဟန်ဗိုင်းရက်စ် ရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ် ကြေညာခဲ့ရပါတယ်။ ဒေါက်တာလီက ဝူဟန် ဗိုင်းရက်စ်ကို အကြိမ်ပေါင်းများစွာ စမ်းသပ်လေ့လာခဲ့ပါတယ်။

 

ဇန်နဝါရီ ၃၀ ရက်နေ့မှာ သူက ပိုစ့်တစ်ခုဖြစ်ဖြင့် သရော်ရေးသားခဲ့ပါတယ်။ 'ဒီ စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ရလာဒ်ကောင်းတွေ ရလာပြီး ၊ ဖုန်မှုန့်တွေ က လက္ခဏာ ပြလာပြီး ' ဆိုပြီး သူပိုစ့်မှာ ရေးသား သရော်ခဲ့ပါတယ်။ ဒီပိုစ်ကို မြောက်များစွာသော လူတွေ ထောက်ခံမှုကို ရရှိခဲ့ပြီး ထောင်ချီတဲ့ လူတွေ ရဲ့ မှတ်ချက်ပေးတာကိုလည်း ရရှိခဲ့ပါတယ်။

 

သူရဲကောင်း ဒေါက်တာ လီ က ' အနာဂတ်မှာ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဆရာဝန်တွေ သတိပေးဖို့ ကြောက်လာကြလိမ့်မယ်လို့ ' ပြောကြားခဲ့ပါတယ်။

သန်းပေါင်းများစွာ လူတွေရဲ့ လုံခြုံစိတ်ချရတဲ့ ပြည်သူ့ကျန်းမာရေးအတွက် ဒေါက်တာ Li Wenliang လိုအပ်တယ်ဆိုတာ ထင်ရှာ ပေါ်လွင်စေပါတယ်။

Written By Health Products Directory

Ref:BBC

 

 

(Zawgyi)

------------

ဝူဟန္ဗိုင္းရက္စ္ ကို စတင္ရွာေဖြေတြ႕ရွိခဲ့ Dr. Li Wenliang ရဲ႕ ဝမ္းနည္းစရာ အျဖစ္အပ်က္

 

ဇန္နဝါရီလ အေစာပိုင္းတြင္ တ႐ုတ္နိုင္ငံ Wuhan မွ အာဏာပိုင္မ်ားက ကိုရိုနာဗိုင္းရက္စ္ (coronavirus) အသစ္သတင္းကို ဖုံးကြယ္ဖို႔ႀကိဳးစားခဲ့ၾကပါတယ္။ ဆရာဝန္တစ္ဦးက ေဆးဝါးခ်င္းေတြကိုေရာဂါျဖစ္ပြားမႈနဲ႕ပတ္သက္ၿပီးသတိေပးဖို႔ႀကိဳးစားတဲ့အခါ ရဲကသူ႕ကို လာလည္ပတ္ၿပီးေျပာဖို႔တားျမစ္ခဲ့တယ္။ 

 

တစ္လခန႔္အၾကာ မွာ ကိုရိုနာဗိုင္းရက္စ္ နဲ႕ သတ္သက္ၿပီး ေျပာခဲ့တဲ့ဆရာဝန္ ေဆး႐ုံအိပ္ရာ ကုတင္ ေပၚေရာက္ရွိသြားၿပီးေနာက္ သူရဲေကာင္းအျဖစ္ဂုဏ္ျပဳခံခဲ့ရပါတယ္။ Wuhan ဗဟိုေဆး႐ုံမွမ်က္စိအထူးကုဆရာဝန္ႀကီး ေဒါက္တာ Li Wenliang ဘဲျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရက္စ္ ျဖစ္ပြားမႈအေစာပိုင္းရက္မ်ားအတြင္း Wuhan ရွိ ေဒသခံအာဏာပိုင္မ်ားရဲ႕ စိတ္ရႈပ္ေထြးေသာတုံ႕ျပန္မႈ သိျမင္ရမွာျဖစ္ပါတယ္။

 

ေဒါက္တာလီသည္ ၂၀၀၃ ခုႏွစ္က တမာၻလုံးဆိုင္ရာ ကပ္ေရာဂါျဖစ္ပြားေစသည့္ ဗိုင္းရပ္စ္ပိုးကို Sars ႏွင့္အလာတူ သူထင္ေသာဗိုင္းရပ္စ္ကူးစက္မႈခုနစ္ခုကို သတိျပဳမိေသာအခါ ဒီဇင္ဘာလတြင္ျဖစ္ပြားခဲ့တဲ့ ေရာဂါျဖစ္ပြားမႈနဲ႕ ပတ္သက္ၿပီး တာဝန္ထမ္းေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

 

အ့ကထဲက ဝူဟန္နဲ႕ပတ္သက္ၿပီး သူ႕ ေဆး႐ုံရဲ႕ ကူးစက္ေရာဂါ သီးသန႔္ခန္းမွာ လူနာေတြရွိခဲ့ပါတယ္။ ဒီဇင္ဘာလ ၃၀ ရက္ေန႕မွာ ဆရာဝန္ေတြရဲ႕ chat ဂ႐ုမွာ သူက ေရာဂါကူးစက္မႈကို ေရွာင္ရွားဖို႔အတြက္ အကာအကြယ္ အဝတ္အစားေတြ ဝတ္ဆင္ၾကဖို႔ သတိေပးစာ ေပးပို႔ခဲ့ပါတယ္။ အဒီအခ်ိန္က ေဒါက္တာလီ ရွာေဖြ႕ေတြ႕ရွိခဲ့တဲ့ ဗိုင္းရက္စ္က ကိုရိုနာဗိုင္းရက္စ္မွန္ သူမသိခဲ့ပါဘူး။

 

ေလးရက္ေလာက္အၾကာမွာ သူက ျပည္သူ႕လုံၿခဳံေရး ဗ်ဴရိုမွ တာဝန္ရွိသူေတြဆီကို စာေရးသားပို႔ခဲ့ၿပီး သတိေပးခဲ့ေပးမယ့္ တုံ႕ျပန္မႈအေနနဲ႕ ေဒါက္တာလီကို မွားယြင္းတဲ့ မွတ္ခ်က္ေပးတယ္ ၊ လူမႈေရးဆိုင္ရာ အမိန႔္ေတြ ေႏွာက္ယွက္တယ္ဆိုၿပီး သတိေပးျခင္း ခံခဲ့ရပါတယ္။

 

ေဒါက္တာလီရဲ႕ စာေအာက္တြင္ ျပန္ေရးေပးခဲ့တာကေတာ့ '“ မင္းကိုဒီလိုသတိႀကီးစြာနဲ႕သတိေပးေနတယ္ - အကယ္၍ မင္းဟာေခါင္းမာမာနဲ႕၊ ဒီလိုမခိုင္မာဘဲဆက္လက္ၿပီးဒီတရားမဝင္လႈပ္ရွားမႈေတြကိုဆက္လုပ္ေနမယ္ဆိုရင္မင္းကိုတရားစီရင္ျခင္းခံရလိမ့္မယ္၊ နားလည္ၿပီလား” ဟု ျပန္လည္တုံ႕ျပန္ျခင္းကို ခံခဲ့ရပါတယ္။

 

ဒါ့အျပင္ ေဒါက္တာလီက ဇန္နဝါရီလကုန္ပိုင္းေလာက္ သူရဲ႕ Weibo မွာ သူသတိေပးခဲ့တဲ့ စာကို ျပသခဲ့ၿပီး ျပည္သူမ်ားက ေတာင္ပန္းခဲ့ၾကေပးမယ့္လည္း ဒီေတာင္ပန္းျခင္းေတြက ေနာိက်ခဲ့ပါၿပီး။ ေဒါက္တာလီရဲ႕ Weibo မွာ ဇန္နဝါရီလ ၁၀ ရက္ေန႕ သူဘယ္လို ေခ်ာင္းဆိုးတယ္ ၊ ၿပီးေတာ့ဖ်ားတယ္ ၊ ေနာက္ေတာ့ ေဆး႐ုံကို ေရာက္တယ္ ဆိုတာကိုက အစ ေရးသားေဖာ္ျပခဲ့ ပါတယ္။

 

မ်ားမၾကာမီပင္ ဇန္နဝါရီ ၂၀ ရက္ေန႕မွာ တ႐ုတ္နိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာ ဝူဟန္ဗိုင္းရက္စ္ ေရာဂါနဲ႕ ပတ္သက္ၿပီး အေရးေပၚ ေၾကညာခဲ့ရပါတယ္။

 

ေဒါက္တာလီက ဝူဟန္ ဗိုင္းရက္စ္ကို အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ေလ့လာခဲ့ပါတယ္။ ဇန္နဝါရီ ၃၀ ရက္ေန႕မွာ သူက ပိုစ့္တစ္ခုျဖစ္ျဖင့္ သေရာ္ေရးသားခဲ့ပါတယ္။ 'ဒီ စမ္းသပ္ခ်က္နဲ႕ ပတ္သက္ၿပီး ရလာဒ္ေကာင္းေတြ ရလာၿပီး ၊ ဖုန္မႈန႔္ေတြ က လကၡဏာ ျပလာၿပီး ' ဆိုၿပီး သူပိုစ့္မွာ ေရးသား သေရာ္ခဲ့ပါတယ္။

 

ဒီပိုစ္ကို ေျမာက္မ်ားစြာေသာ လူေတြ ေထာက္ခံမႈကို ရရွိခဲ့ၿပီး ေထာင္ခ်ီတဲ့ လူေတြ ရဲ႕ မွတ္ခ်က္ေပးတာကိုလည္း ရရွိခဲ့ပါတယ္။ သူရဲေကာင္း ေဒါက္တာ လီ က ' အနာဂတ္မွာ ကူးစက္ေရာဂါနဲ႕ ပတ္သက္ၿပီး ဆရာဝန္ေတြ သတိေပးဖို႔ ေၾကာက္လာၾကလိမ့္မယ္လို႔ ' ေျပာၾကားခဲ့ပါတယ္။

 

သန္းေပါင္းမ်ားစြာ လူေတြရဲ႕ လုံၿခဳံစိတ္ခ်ရတဲ့ ျပည္သူ႕က်န္းမာေရးအတြက္ ေဒါက္တာ Li Wenliang လိုအပ္တယ္ဆိုတာ ထင္ရွာ ေပၚလြင္ေစပါတယ္။

 

Written By Health Products Directory

Ref:BBC

Read times
Rate this item
(0 votes)