What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 09 February 2020 21:02

(၉-၂-၂၀၂၀ ရက်နေ့၊ ည (၉:၀၀) နာရီ) မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးတွင် (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၇:၃၀) တွင် တက်ရောက်ကုသခဲ့သော လူနာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ

ကျေးရွာတွင်နေထိုင်သူ အသက်(၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် (၆-၂-၂၀၂၀) ရက်နေ့တွင် ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် မောခြင်းရောဂါလက္ခဏာများခံစားခဲ့ရပြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၃:၃၀) ခန့်တွင် တက်ရောက်ကုသခဲ့ပြီး မကွေးပြည်သူ့ဆေးရုံကြီးသို့ (၉-၂-၂၀၂၀) ရက်နေ့၊ နံနက်(၇:၃၀) ခန့်တွင် လွှဲပြောင်းညွှန်းပို့ခဲ့ပါသည်။

 

အဆိုပါ လူနာသည် ထိုင်းနိုင်ငံတွင် (၃)နှစ်ခန့်နေထိုင်ခဲ့ရာမှ လွန်ခဲ့သော (၂) လခန့်က တောင်တွင်းကြီးမြို့နယ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ရောဂါရာဇဝင်အား မေးမြန်းရာ လူနာတွင် နာတာရှည်ရောဂါဖြစ်သော အရေပြားလေးဖက်နာ (Systemic Lupus Erythematosus – SLE) ရောဂါဖြစ်ပွားနေသည်မှာ (၃) နှစ်ခန့်ရှိပြီ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကလည်း အဆိုပါ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ဖူးသော ရာဇဝင်ရှိကြောင်း စိစစ်သိရှိရပါသည်။

 

၎င်းလူနာ ဆေးရုံသို့ရောက်ရှိချိန်တွင် သွေးပေါင်ချိန်များကျဆင်းလျက်ရှိပြီး လတ်တ လော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် လိုအပ်သော ကုသမှုများပေးနေစဉ် (၉-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၁၅) ခန့်အချိန်တွင် သေဆုံးသွားကြောင်း သိရှိရပါသည်။

 

၂။ အဆိုပါလူနာ သေဆုံးခြင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာတွင် လူနာ၏ ခရီးသွားရာဇဝင်မှာ ထိုင်းနိုင်ငံသို့သာ သွားရောက်ခဲ့ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်မှာလည်း (၂) လခန့် ကြာမြင့်ခဲ့ပြီဖြစ်ခြင်းကြောင့် (2019 – nCoV) Virus ၏ အများဆုံးရောဂါပျိုးရက်ဖြစ်သော (၁၄) ထက် ကျော်လွန်ပြီဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသော 2019 Novel Coronavirus (2019-nCoV) သံသယလူနာ၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါကြောင်း နှင့် လူနာသေဆုံးရခြင်းအကြောင်းအရင်းမှာ နာတာရှည်ရောဂါဖြစ်သော သွေးလေးဖက်နာရောဂါ အခြေအနေမှာဆိုးဝါးလာပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် သွေးဆိပ်တက်ခြင်းတို့ခံစားရကာ သေဆုံးရခြင်းဖြစ် ကြောင်း သိရှိရပါသည်။

 

(Zawgyi)

----------

(၉-၂-၂၀၂၀ ရက္ေန႔၊ ည (၉:၀၀) နာရီ) မေကြးတိုင္းေဒသႀကီး၊ မေကြးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၉-၂-၂၀၂၀) ရက္ေန႔၊ နံနက္(၇:၃၀) တြင္ တက္ေရာက္ကုသခဲ့ေသာ လူနာႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း


၁။ မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္ရွိ ေက်း႐ြာတြင္ေနထိုင္သူ အသက္(၂၇)ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ (၆-၂-၂၀၂၀) ရက္ေန႔တြင္ ဖ်ားနာျခင္း၊ အသက္ရႉၾကပ္ျခင္းႏွင့္ ေမာျခင္းေရာဂါလကၡဏာမ်ားခံစားခဲ့ရၿပီး ေတာင္တြင္းႀကီးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ (၉-၂-၂၀၂၀) ရက္ေန႔၊ နံနက္(၃:၃၀) ခန္႔တြင္ တက္ေရာက္ကုသခဲ့ၿပီး မေကြးျပည္သူ႔ေဆး႐ုံႀကီးသို႔ (၉-၂-၂၀၂၀) ရက္ေန႔၊ နံနက္(၇:၃၀) ခန္႔တြင္ လႊဲေျပာင္းၫႊန္းပို႔ခဲ့ပါသည္။

 

အဆိုပါ လူနာသည္ ထိုင္းႏိုင္ငံတြင္ (၃)ႏွစ္ခန္႔ေနထိုင္ခဲ့ရာမွ လြန္ခဲ့ေသာ (၂) လခန္႔က ေတာင္တြင္းႀကီးၿမိဳ႕နယ္သို႔ ျပန္လည္ ေရာက္ရွိခဲ့ေၾကာင္းႏွင့္ ေရာဂါရာဇဝင္အား ေမးျမန္းရာ လူနာတြင္ နာတာရွည္ေရာဂါျဖစ္ေသာ အေရျပားေလးဖက္နာ (Systemic Lupus Erythematosus – SLE) ေရာဂါျဖစ္ပြားေနသည္မွာ (၃) ႏွစ္ခန္႔ရွိၿပီ ျဖစ္ေၾကာင္းႏွင့္ ထိုင္းႏိုင္ငံတြင္ ေနထိုင္စဥ္ကလည္း အဆိုပါ ေရာဂါေၾကာင့္ ေဆး႐ုံတက္ေရာက္ကုသခဲ့ဖူးေသာ ရာဇဝင္ရွိေၾကာင္း စိစစ္သိရွိရပါသည္။

 

၎လူနာ ေဆး႐ုံသို႔ေရာက္ရွိခ်ိန္တြင္ ေသြးေပါင္ခ်ိန္မ်ားက်ဆင္းလ်က္ရွိၿပီး လတ္တ ေလာ ျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား ေတြ႕ရွိခဲ့ရသျဖင့္ လိုအပ္ေသာ ကုသမႈမ်ားေပးေနစဥ္ (၉-၂-၂၀၂၀) ရက္ေန႔၊ နံနက္ (၁၁:၁၅) ခန္႔အခ်ိန္တြင္ ေသဆုံးသြားေၾကာင္း သိရွိရပါသည္။

 

၂။ အဆိုပါလူနာ ေသဆုံးျခင္းျဖစ္စဥ္အား စုံစမ္းစစ္ေဆးရာတြင္ လူနာ၏ ခရီးသြားရာဇဝင္မွာ ထိုင္းႏိုင္ငံသို႔သာ သြားေရာက္ခဲ့ျခင္း၊ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာသည္မွာလည္း (၂) လခန္႔ ၾကာျမင့္ခဲ့ၿပီျဖစ္ျခင္းေၾကာင့္ (2019 – nCoV) Virus ၏ အမ်ားဆုံးေရာဂါပ်ိဳးရက္ျဖစ္ေသာ (၁၄) ထက္ ေက်ာ္လြန္ၿပီျဖစ္ျခင္းတို႔ေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕မွထုတ္ျပန္ထားေသာ 2019 Novel Coronavirus (2019-nCoV) သံသယလူနာ၏ အဓိပၸါယ္သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမႈမရွိပါေၾကာင္း ႏွင့္ လူနာေသဆုံးရျခင္းအေၾကာင္းအရင္းမွာ နာတာရွည္ေရာဂါျဖစ္ေသာ ေသြးေလးဖက္နာေရာဂါ အေျခအေနမွာဆိုးဝါးလာၿပီး ၎၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားျဖစ္ေသာ လတ္တေလာ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ားႏွင့္ ေသြးဆိပ္တက္ျခင္းတို႔ခံစားရကာ ေသဆုံးရျခင္းျဖစ္ ေၾကာင္း သိရွိရပါသည္။

Read times
Rate this item
(0 votes)