What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 February 2020 20:11

(၁၀-၂-၂၀၂၀ ရက်နေ့၊ ည (၈း၀၀) နာရီ) 2019 Novel Coronavirus လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်မှ အသက်(၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဉီးနှင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ (၂၉-၁-၂၀၂၀)ရက်နေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဆိုပါအသက်(၁၉)နှစ်အရွယ် အမျိုးသမီးသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ အသက် (၁၆) နှစ်အရွယ် အမျိုးသမီးသည် (၁-၂-၂၀၂၀) ရက်နေ့တွင် လည်းကောင်း ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို အသီးသီးစတင်ခံစားခဲ့ရပါသည်။ (၉-၂-၂၀၂၀)ရက်နေ့တွင် မောက်မယ်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများသည် တာဝန်ရှိသူများနှင့်အတူ ၎င်းတို့နေထိုင်ရာကျေးရွာအထိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသမီး (၂) ဦးနှင့် အတူနေထိုင်သော မိသားစုဝင်များအနက် အသက် (၄၄) နှစ်အရွယ် မိခင်တော်စပ်သူ နှင့် အသက် (၄၄) နှစ်အရွယ် ဖခင်တော်စပ်သူတို့သည် ဖျားနာခြင်းနှင့် ‌ချောင်းဆိုးခြင်း‌ ဝေဒနာများ ခံစားနေရကြောင်းတွေ့ရှိခဲ့ရသဖြင့် ၎င်းတို့ (၄) ဦးအား စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်၍ မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုများ ပေးလျက်ရှိပါသည်။ အဆိုပါ လူနာများအား စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိခဲ့ပါ။ ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။

 

၃။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ (၅-၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သော အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၈-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ပင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရ သဖြင့် (၁၀-၂-၂၀၂၀) ရက်နေ့တွင် အဆိုပါလူနာအား‌ မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ် ကြည့်ရှု ကုသမှုများပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် အခြား ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများမတွေ့ရှိခဲ့ပါ။

 

၄။ စင်္ကာပူနိုင်ငံမှ (၅-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာဖြစ်လာခဲ့သူ (၁) ဦး နှင့် စင်ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ်က အနီးကပ်ထိတွေ့ခဲ့သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသမီးအား (၉-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ရာ (၁၀-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် ၎င်းအားစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်းတွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိခဲ့ပါ။

 

၅။ ယနေ့ (၁၀-၂-၂၀၂၀) ရက်နေ့၊ ညနေ (၈း၀၀) နာရီအချိန်အထိ သံသယလူ(၁)ဉီး အပါအဝင် လူနာ (၂၀) ဉီးတို့အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

 

(Zawgyi)

-----------

(၁၀-၂-၂၀၂၀ ရက္ေန႕၊ ည (၈း၀၀) နာရီ) 2019 Novel Coronavirus လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံႏွင့္ ကမာၻ႔နိုင္ငံ အခ်ိဳ႕တြင္ ကူးစက္ပ်ံ့ႏွံ႕လ်က္ရွိသည့္ 2019-nCoV လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားအား အျပည္ျပည္ ဆိုင္ရာ ဝင္ထြက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထု အေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍ လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။ 

 

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေမာက္မယ္ၿမိဳ႕နယ္မွ အသက္(၁၆) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဉီးႏွင့္ အသက္ (၁၉) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔သည္ တ႐ုတ္ျပည္သူ႕ သမၼတနိုင္ငံ၊ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕မွ (၂၉-၁-၂၀၂၀)ရက္ေန႕တြင္ ေနရပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး အဆိုပါအသက္(၁၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ (၃၁-၁-၂၀၂၀) ရက္ေန႕တြင္လည္းေကာင္း၊ အသက္ (၁၆) ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ (၁-၂-၂၀၂၀) ရက္ေန႕တြင္ လည္းေကာင္း ဖ်ားနာျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းတို႔ကို အသီးသီးစတင္ခံစားခဲ့ရပါသည္။ (၉-၂-၂၀၂၀)ရက္ေန႕တြင္ ေမာက္မယ္ၿမိဳ႕နယ္ျပည္သူ႕က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမႉးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားသည္ တာဝန္ရွိသူမ်ားႏွင့္အတူ ၎တို႔ေနထိုင္ရာေက်း႐ြာအထိ ကြင္းဆင္းစစ္ေဆးျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ အဆိုပါ အမ်ိဳးသမီး (၂) ဦးႏွင့္ အတူေနထိုင္ေသာ မိသားစုဝင္မ်ားအနက္ အသက္ (၄၄) ႏွစ္အ႐ြယ္ မိခင္ေတာ္စပ္သူ ႏွင့္ အသက္ (၄၄) ႏွစ္အ႐ြယ္ ဖခင္ေတာ္စပ္သူတို႔သည္ ဖ်ားနာျခင္းႏွင့္ ‌ေခ်ာင္းဆိုးျခင္း‌ ေဝဒနာမ်ား ခံစားေနရေၾကာင္းေတြ႕ရွိခဲ့ရသျဖင့္ ၎တို႔ (၄) ဦးအား ေစာင့္ၾကည့္လူနာမ်ားအျဖစ္ သတ္မွတ္၍ ေမာက္မယ္ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈမ်ား ေပးလ်က္ရွိပါသည္။ အဆိုပါ လူနာမ်ားအား စစ္ေဆးရာတြင္ အျခားျပင္းထန္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာလကၡဏာမ်ား မေတြ႕ရွိခဲ့ပါ။ ၎တို႔ထံမွ ဓာတ္ခြဲနမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫြန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။

 

၃။ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ မိုင္းခတ္ၿမိဳ႕တြင္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ၊ ကူမင္းၿမိဳ႕မွ (၅-၂-၂၀၂၀) ရက္ေန႕တြင္ ျပန္လည္ေရာက္ရွိခဲ့ေသာ အသက္ (၃၆) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၈-၂-၂၀၂၀) ရက္ေန႕မွစတင္၍ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ပင္းနာျခင္း လကၡဏာမ်ား ခံစားခဲ့ရ သျဖင့္ (၁၀-၂-၂၀၂၀) ရက္ေန႕တြင္ အဆိုပါလူနာအား‌ မိုင္းခတ္ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံတြင္ ေစာင့္ၾကပ္ ၾကည့္ရႈ ကုသမႈမ်ားေပးလ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫြန္း ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။ အဆိုပါလူနာအား စစ္ေဆးရာတြင္ အျခား ျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာလကၡဏာမ်ားမေတြ႕ရွိခဲ့ပါ။

 

၄။ စကၤာပူနိုင္ငံမွ (၅-၂-၂၀၂၀) ရက္ေန႕တြင္ ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး စင္ကာပူနိုင္ငံမွ 2019 Novel Coronavirus (2019-nCoV) ဓာတ္ခြဲအတည္ျပဳလူနာျဖစ္လာခဲ့သူ (၁) ဦး ႏွင့္ စင္ကာပူနိုင္ငံတြင္ ေနထိုင္ခဲ့စဥ္က အနီးကပ္ထိေတြ႕ခဲ့သည့္ အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသမီးအား (၉-၂-၂၀၂၀) ရက္ေန႕မွစတင္၍ ေဝဘာဂီအထူးကုေဆး႐ုံတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးခဲ့ရာ (၁၀-၂-၂၀၂၀) ရက္ေန႕၊ နံနက္ပိုင္းတြင္ ကိုယ္အပူခ်ိန္ ျမင့္တက္လာသျဖင့္ ၎အားေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားခန္းတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသေပးလ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫြန္း ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။ အဆိုပါလူနာအား စစ္ေဆးရာတြင္ အျခားျပင္းထန္အသက္ရႉ လမ္းေၾကာင္းဆိုင္ရာလကၡဏာမ်ား မေတြ႕ရွိခဲ့ပါ။

 

၅။ ယေန႕ (၁၀-၂-၂၀၂၀) ရက္ေန႕၊ ညေန (၈း၀၀) နာရီအခ်ိန္အထိ သံသယလူ(၁)ဉီး အပါအဝင္ လူနာ (၂၀) ဉီးတို႔အား သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါသည္။

 

Read times
Rate this item
(0 votes)