What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 15 February 2020 20:03

(၁၅-၂-၂၀၂၀ ရက်နေ့၊ ည (၈း၀၀) နာရီ) Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 
 
၂။ ထိုသို့ဆောင်ရွက်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လျန်ဟဲမြို့နေ၊ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၉-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး (၁၄-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ဝမ်းသွားခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေး လျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။ 
 
 
၃။ ယနေ့ (၁၅-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ လူနာ (၉) ဉီးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများ ထပ်မံရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
 
(Zawgyi)
======
(၁၅-၂-၂၀၂၀ ရက္ေန႔၊ ည (၈း၀၀) နာရီ) Coronavirus Disease 2019 (COVID-19) လတ္တေလာအသက္ရွူလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရွုမွုႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
 
 
 
၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံႏွင့္ ကမၻာ့နိုင္ငံ အခ်ိဳ့တြင္ ကူးစက္ပ်ံ႕ႏွံ့လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရွူလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမွုျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရွုျခင္း လုပ္ငန္းမ်ားအား အျပည္ ျပည္ဆိုင္ရာဝင္ ထြက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရွုျခင္း လုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍ လည္းေကာင္း ေဆာင္ရြက္လ်က္ရွိပါသည္။ 
 
 
၂။ ထိုသို့ေဆာင္ရြက္ရာ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ ယူနန္ျပည္နယ္၊ လ်န္ဟဲၿမိဳ့ေန၊ အသက္ (၃၈) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ (၉-၂-၂၀၂၀) ရက္ေန႔တြင္ ျမန္မာနိုင္ငံသို့ ေရာက္ရွိခဲ့ၿပီး (၁၄-၂-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ ဝမ္းသြားျခင္း လကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို့ သြားေရာက္ျပသခဲ့ရာ ေဝဘာဂီအထူးကုေဆး႐ုံသို့ ညႊန္းပို့ခဲ့ပါသည္။ အဆိုပါလူနာအား ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိကုသမွုေပး လ်က္ရွိၿပီး ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ ရည္ညြန္းဓါတ္ခြဲခန္းသို့ ေပးပို့စစ္ေဆးရန္ စီစဥ္ေဆာင္ရြက္ လ်က္ရွိပါသည္။ လူနာအား လတ္တေလာစစ္ေဆးခ်က္မ်ားအရ အျခားျပင္းထန္အသက္ရွူ လမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ား မေတြ႕ရွိရပါ။ 
 
 
၃။ ယေန႔ (၁၅-၂-၂၀၂၀) ရက္ေန႔၊ ည (၈း၀၀) နာရီအခ်ိန္အထိ လူနာ (၉) ဉီးတို့အား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရွုကုသမွုေပးလ်က္ရွိၿပီး ၄င္းတို့၏ က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါသည္။ လူနာမ်ား၏ ဓာတ္ခြဲအေျဖမ်ား ထပ္မံရရွိပါက အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။
Read times
Rate this item
(0 votes)