What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 February 2020 15:58

ခြေ ၊ လက် အကြောကပ်ခြင်းမှ ကုသနည်း

ခြေ ၊ လက် အကြောကပ်ခြင်းက တခါတလေ လှုပ်ရှားနေရင်း လက်ချောင်း ၊ ခြေချောင်းလေးများ ပူးကပ်ပြီး ထုံပြီးနာကျင်တာများ ဖြစ်ပေါ်တတ်ပါတယ်။

ခြေ ၊ လက် အကြောကပ်ခြင်းက တခါတလေအလွန်အမင်းနာကျင်ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။ ခြေ ၊ လက် အကြောကပ်ခြင်းဆိုတာ ခြေ ၊ လက် ကြွက်သားများကြားရှိ အရွတ်လေးများ တင်းမာလာပြီး လက်ချောင်းလေးများ လှုပ်ရှားမှုကို ထိခိုက်စေနိုင်ပါတယ်။

 

ခြေ ၊ လက် အကြောကပ်ရခြင်း လက္ခဏာများ

- ထုံကျင်တာ
-လက်ကောက်ဝတ်နာကျင်တာ
-တံတောင်ဆစ်အတွင်းအပြင် နာကျင်တာ
- ခြေ ၊ လက်ချောင်း များပူးကပ်ပြီး နာကျင်တာ
- အေးစက်တာ ၊ ရောင်းရမ်းတာ နဲ့
- လက်ချောင်းအဆစ်များနာကျင်တာ စတဲ့လက္ခဏာများ ဖြစ်ပေါ်နိုင်ပါတယ်။

 

Laboratory   (ဓာတ်ခွဲသုံး ပစ္စည်း ရောင်းချသော ဆိုင်ပေါင်း ၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Laboratory

 

ခြေ ၊ လက် အကြောကပ်ခြင်းမှ လျော့ချနည်း

လက်ကောက်ဝတ်အစည်း ဝတ်ပေးတာ ၊ အလေးအပင် မ ချိန်များမှာ လက်အနေအထားကို မှန်ကန်စွာထားတာ ၊ ခြေ ၊လက် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် ခြေ ၊ လက် အကြောကပ် ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ပါတယ်။ ဒါအပြင် မုန်ညင်းဆီ အနည်းငယ်ကို တောင်ဆိတ်ဆီနဲ့ ရောစပ်လိမ်းပေးခြင်းဖြင့် ခြေ ၊ လက် အကြောကပ်ခြင်းကို သက်သာနိုင်ပါတယ်။

 

အကြောကပ်ခြင်းကို ကုသနည်း

ခြေ ၊ လက် များအကြောကပ်ခြင်းဖြစ်ပေါ်လာလျှင် ချက်ခြင်းရေခဲကပ်တာ ၊ လက်ကောက်ဝတ်လှုပ်ရှားမှု ကိုရနားထားတာ ၊ လက်ကောက်ဝတ်စည်းကို ဝတ်ထားတာ ၊ နှိပ်နယ်ပေးတာ ၊ အကြောလိမ်းဆေးများ လိမ်းပေးတာ များပြုလုပ်ခြင်းဖြင့် ခြေ ၊ လက် အကြောကပ်ခြင်းကို သက်သာနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပြီး ဆေးဝါးကုသမှုခံယူပါ။

Written By Health Products Directory

 

(Zawgyi)

=====


 


 


- ထုံကျင်တာ
-လက်ကောက်ဝတ်နာကျင်တာ

 



 



 




Read times Last modified on Tuesday, 18 February 2020 16:14
Rate this item
(2 votes)