What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 February 2020 10:36

ဆီးလမ်းကြောင်း ပိုးဝင်(Urinary Tract Infection)တာကို ဘယ်လို သိနိုင်မလဲ

ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသမီးတွေမှာ ပိုအဖြစ်များလေ့ရှိတာကို တွေ့ရပါတယ်။

ဘက်တီးရီးယား နဲ့ မှိုပိုးတွေကြောင့် ဆီးလမ်းကြောင်းပိုးဝင် ပြီဆိုရင် ဆီးပြွန် ၊ ဆီးအိမ် နဲ့ ကျောက်ကပ် တို့ကိုပါ ရောဂါပိုး ကူးစက်နိုင်တဲ့အပြင် နာကျင်ခြင်း ၊ ကိုက်ခဲခြင်း နဲ့ ယားယံခြင်းတို့ အနည်းဆုံး ၁၀ ရက်နီးပါးလောက်ကို ဝေဒနာခံစားရ တတ်လေ့ရှိပါတယ်။

 

အထူးသတိထားတဲ့ အချက်တွေက အမျိုးသားတွေကို အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက တိုလွန်းတာကြောင့် ရောဂါပိုး ကူးစက်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။ ရံဖန်ရံခါမှာ ဆီးလမ်းကြောင်း ပိုးဝင်တာကို လက္ခဏာ ပြလေ့မရှိပေးမယ့် အောက်ပါ လက္ခဏာတွေကို ခံစားနေရပြီး ဆီးလမ်းကြောင်း ပိုးဝင်နေပြီးဆိုတာ သေချာနေပါပြီး။

 

ဆီးမထိန်းနိုင်ခြင်း ၊ ဆီးခနခနသွားခြင်းစိတ် ဖြစ်ပေါ်ခြင်း ၊ ဆီးလမ်းကြောင်း ပူစပ်ပူလောင်ဖြစ်ခြင်း ၊ ဆီးထွက်နည်းခြင်း ၊ ဆီးအနံ့ ပြင်းခြင်း ၊ ဆီးအရောင်ပြောင်းခြင်း ၊ ဆီးလမ်းကြောင် နာကျင်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ခန္ဓာကိုယ်အောက်ပိုင်း အောင့်သီးအောင့်သက်ဖြစ်ခြင်း နဲ့ တင်ပါးဆုံရိုးများ အောင့်ခြင်း / နာကျင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။

 

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နဲ့ ပတ်သက်ပြီး ကာကွယ်နိုင်ဖို့အတွက် ရေများများသောက်ပေးခြင်း ၊ ဆီးပုံမှန် သွားခြင်း ၊ လိင်ဆက်ခံခြင်းပြီးနောက် ဆီးသွားပေးခြင်း ၊ လိင်ဆက်ခံပြုလုပ်တဲ့အခါ အကာအကွယ်များ အသုံးပြုခြင်း ၊ ဆီးအဖြေ သွေးအဖြေပေါ်တွင် ဆေးဝါးကုသမှု ခံယူခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) အတွက် အသုံးပြုနိုင်တဲ့ ပဋိဇီဝဆေးများကတော့ Amoxicillin ၊ Cefalexin ၊Nitrofurantoin ၊ Trimethoprim(Septrin) ၊ Ciprofloxacin တို့ကို ဆရာဝန်များနဲ့ တိုင်ပင်ပြီး ၃ ရက် မှာ ၅ ရက် အထိသောက်ပေးသင့်ပါတယ်။ 

 

အထူးသတိပြုသင့်တဲ့အချက်ကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ကို အစောဆုံးသိရှိဖို့ပြီး ဆေးဝါးကုသမှု ခံယူဖို့အရေးကြီးပါတယ်။

Written By Health Products Directory

 

(Zawgyi)

---------


 


 


 


 


 


 



Read times Last modified on Thursday, 06 February 2020 10:49
Rate this item
(1 Vote)