What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 February 2020 13:14

လက်သည်းခြေသည်း မှိုဆွဲခြင်း

လက်သည်းခြေသည်းများကို လှပအောင် အလှပြင်တာ လက်သည်းခြေသည်းညုပ်တာ များကိုပြုလုပ်ပေးယုံဖြင့် လက်သည်းခြေသည်းများကို မသန့်ရှင်းနိုင်ပါ။

အထူးသဖြင့်လက်ကို တစ်နေ့တာ လုပ်ကိုင်စားသောက်တဲ့နေရာမှာအများဆုံး အသုံးပြုတဲ့အတွက် လက်ကိုသန်ရှင်းစွာထားဖို့လိုတယ်။ လက်သည်းခြေသည်းများ ပုံမှန်အရောင်မဟုတ်ဘဲ ပြောင်းလဲခြင်းက ကျန်းမာရေး ချို့ယွင်းချက်တစ်ခုတစ်ခု ဖြစ်ပေါ်နေတယ်ဆိုတာ သတိထားဖို့တော့လိုအပ်တယ်။ လက်သည်းခြေသည်းမှိုစွဲခြင်းကို အသက်ရွယ်ကြီးသူများတွင် အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

 

ဒါအပြင်လက်သည်း ကိုက်ခြင်းဖြင့်လည်း လက်သည်းကို ပိုးများဝင်ရောက်နိုင်ပြီး ၊လက်သည်းကိုပျက်စီးစေပြီး လက်သည်းမှ ပါးစပ်ထဲသို့ ရောဂါပိုးမွှားများ ဝင်ရောက်နိုင်ပါတယ်။ လက်သည်းကိုက်ခြင်းက စိတ်လှုပ်ရှားတာကိုဖော်ပြပြီး ကလေးအများစုပြူမှုလေ့ရှိပါတယ်။

 

Indigenous Medicine (ပရဆေးဆိုင်ပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for indigenous medicine

 

လက်သည်းခြေသည်းမဲလာတာ ၊ ညိုလာတာ၊ ဝါလာတာ တို့က လက်သည်းခြေသည်းကြား ထိခိုက်မှုကြောင့် ပိုးဝင်တာဖြစ်နိုင်သလို ထိခိုက်မှုမရှိဘဲ ပိုးဝင်တာ ၊ နှလုံး ၊ အဆုတ် များချို့ယွင်းမှုတစ်ခုဖြစ်ပေါ်လာခြင်းကြောင့် လက်သည်းခြေသည်း အရောင်ပြောင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

လက်သည်းခြေသည်းမှိုဆွဲ သူအများစုက ဆီးချိုသွေးချို ၊ သွေးလည်ပတ်မှုအားနည်းတာ ၊ ခြေဗလာခြင့် ညစ်ညမ်းသောနေရာများကို လမ်းလျောက်တာ ၊ အရိုးအဆစ်များ ထိခိုက်လာတာ၊ စိုစွတ်သော နေရာများ တွင် အလုပ်လုပ်တာ ၊ ခုခံအားစနစ် ချို့ယွင်းတာ ၊ စတာတွေကြောင့် လက်သည်းခြေသည်း မှိုင်စွဲခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

လက်သည်းခြေသည်းများ မှိုစွဲခြင်းကို မှိုပိုးသတ်ဆေးလိမ်းတာ ၊ လက်သည်းခြေသည်များကိုခွဲစိတ်တာ ၊ ကြက်သွန်ဖြူစားပေးတာ၊ လက်သည်းခြေသည်းများကို တိုအောင်ညုပ်ထားတာ လိုအပ်ရင်ဆရာဝန်နဲ့ ပြသပြီး ကုသမှုကိုခံယူပါ။

Dr myanmar

 

(Zawgyi)

=====

 



 


 



 


 


 


Dr myanmar

Read times Last modified on Monday, 24 February 2020 13:31
Rate this item
(0 votes)