What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 22 February 2020 09:10
လက်သည်းပေါ်က အဖြူရောင်အစက်ထွက်ပေါ်ခြင်း (လက်သည်း ဆန်းပွင့်ခြင်း ) က ကျန်းမားရေးကို ဖော်ပြနေ
လက်သည်းပေါ်တွင် အဖြူရောင်အစက်ပွင့်ခြင်း ဖြစ်ပေါ်မှုကို လူတိုင်းဖြစ်ပေါ်ဖူးပါတယ်။
လက်သည်းပေါ် အဖြူရောင် အစက်ပွင့်လာခြင်းကို လက်သည်းဆန်းပွင့်ခြင်းလို့ ခေါ်ဝေါ် တတ်ကြပါသေးတယ် ။ တစ်ကယ်တော့ လက်သည်းဆန်းပွင့်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေး ချို့ယွင်းချက်များ ရှိနေတဲ့အကြောင်းကိုဖော်ပြ နေခြင်းဖြစ်တဲ့အတွက် ကျန်းမာရေးကို စီစစ်တိုင်းတာမှုများ ပြုလုပ်ပေးသင့်ပါတယ်။ လက်သည်းဆန်းပွင့်ခြင်းက ဘယ်လိုကျန်းမာရေးကို ဖော်ပြနေတာလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ တခါတလေမျိုးရိုးဗိဇကြောင့်လည်း လက်သည်းပေါ်အဖြူစက်များ ဖြစ်ပေါ်စေနိုင်ပါတယ်။
ပထမအချက်အနေဖြင့် လက်သည်းဆန်းပွင့်ခြင်းက Calcium Deficiency - ခန္ဓာကိုယ်တွင်းထုံးဓာတ်လျော့နည်းတာ နဲ့ ဇင့်ဓာတ်များ ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါတယ် ။ ဒါကြောင့် ကယ်လ်ဆီယမ် ၊ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပေးတာ ၊ ငါး ၊ အသီးအရွက်များ ၊ နို့ထွက်ပစ္စည်းများ နဲ့ အမျှင်ဓာတ်ပါ အစေ့အဆန်များကို စားသုံးပေးတာများကို ပြုပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။
ဒုတိယအချက် လက်သည်းဆန်းပွင့်ခြင်းက အမြဲလိုလိုပွင့်နေရင်တော့ အစာအိမ် ၊ နှလုံးခုန်နှုန်း ၊ သွေးခုန်နှုန်းများ ချို့ယွင်းချက်များရှိခြင်ကြောင့် ဖြစ်ပေါ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ စစ်ဆေးတိုင်းတာပေးပြီး ကုသမှုခံယူပါ။
X-Ray & Ultrasound (ရောဂါရှာဖွေ နှင့် ဓာတ်ခွဲခန်းပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for X-Ray & Ultrasound
တတိယအချက်အနေဖြင့် လက်သည်းဆန်းပွင့်ခြင်းက လက်သည်းထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တတ်ပါတယ်။ ထိခိုက်မှုကြောင့်ဆိုရင် ဆိုးရိမ်စရာမလိုအပ်ဘဲ အလိုလို ပျောက်ကင်းသွားပါလိမ့်မယ်။
နောက်ဆုံးအချက်အနေဖြင့် လက်သည်းဆန်းပွင့်ခြင်းက ခန္ဓာကိုယ်တွင် အာာဟာရဓာတ်ချို့ခြင်းကြောင့်ဖြစ်ပြီး လက်သည်းကို သန့်ရှင်းစွာထားတာ ၊ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အသီးအရွက်များ ၊ အသားငါးများကို စားသုံးပေးတာများ နဲ့ လိုအပ်ရင်ဆရာဝန်နှင့်တိုင်ပင်ပြီး ကုမှုများကို ခံယူနိုင်ပါတယ်။
Burma irrawaddy
(Zawgyi)
=====
Burma irrawaddy
Read times
Rate this item
(1 Vote)