What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 March 2020 21:31

COVID-19 လူနာ၏ ခရီးသွား ရာဇဝင်မျာ: ထုတ်ပြန်ကြေညာ

(၂၄-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
 
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် (၂၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၂၄-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာအသစ် (၂၃) ဦး ရှိပါသည်။ (ဇယား -၁)
၃။ ယနေ့ (၂၄-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၅) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ထိုင်းနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၉၂) ဦးကို လွှဲပြောင်း လက်ခံခဲ့ရာ ၎င်းတို့အနက်မှ ကိုယ်အပူချိန် မြင့်တက်လျက်ရှိသူ (၁၁) ဦးတွေ့ရှိရသဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဆေးကုသမှုပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေး ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်ရှိသူ (၈၁) ဦးအား တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ တရားစခန်းတစ်ခုတွင် အသွားအလာကန့်သတ်ခြင်း (Quaratine) (၁၄) ရက်ပြုလုပ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၅။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသက် (၃၆) နှစ် အရွယ် အမျိုးသား၏ မိသားစုဝင်များ၊ ၎င်းနှင့် အနီးကပ်ထိတွေ့သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ခဲ့ပြီး ကပ်တဲလ်ကျေးရွာရှိ ပြည်သူလူထုအား တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ရန်နှင့် ကျေးရွာ ပြင်ပသို့ ဝင်/ထွက် သွားလာခြင်းများမပြုရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ ၎င်းအား အနီးကပ် ဆေးကုသမှုပေးခဲ့သူ PSI မှ ဆရာဝန်ဖြစ်သူအား ဆေးရုံတွင် အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။
အဆိုပါလူနာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှစတင်၍ သွားရောက်ခဲ့သော ခရီးသွား ရာဇဝင်များအရ ၎င်းနှင့် ထိတွေ့ခဲ့သူပြည်သူများ အနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ကျန်းမာရေးဌာန များသို့ အမြန်ဆုံး (အမြန်ဆုံး) အကြောင်းကြားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
- အဆိုပါလူနာသည် ၎င်း၏မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့မှ စတင်ထွက်ခွာခဲ့ပြီး၊ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတဆင့် (၁၅-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် British airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်သို့ မြန်မာ အမျိူးသားလေကြောင်းလိုင်း (UB – 503) ဖြင့် ထွက်ခွာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက်နေ့ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။
- ကလေးမြို့တွင် (၁၅-၃-၂၀၂၀) ရက်နေ့မှ (၁၇-၃-၂၀၂၀) ရက်နေ့ထိ တပ်ဦးသီတာ၊ ရတနာ ပုံလမ်း၌ တည်းခိုနေထိုင်ခဲ့ပြီး (၁၅-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့ကြောင်းနှင့် (၁၆-၃-၂၀၂၀) ရက်နေ့တွင် Cherry Photo Studio တွင် Pre-wedding photo ရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။
- (၁၇-၃-၂၀၂၀) ရက်နေ့တွင် ကလေးမြို့မှ တီးတိန်မြို့သို့ ပြည်ချစ်သားလိုင်းကားဖြင့် ထွက်ခွာ လာခဲ့ကြောင်းနှင့် ကားပေါ်တွင် လူ (၁၂) ဦးပါရှိကြောင်းသိရှိရပါသည်။
- တီးတိန်မြို့တွင် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုနေထိုင်ခဲ့ပြီး (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ AG အသင်းတော်ကားဖြင့် ထွက်ခွာခဲ့ကြောင်းသိရှိရပါ သည်။
- (၁၉-၃-၂၀၂၀) ရက်နေ့တွင် နံနက်ပိုင်းတွင် ဖျားခြင်းစတင်ခံစားခဲ့ရသဖြင့် ကပ်တဲလ် ကျေးရွာရှိ PSI ဆေးခန်းသို့ နံနက် (၈:၀၀) နာရီတွင် သွားရောက်ပြသခဲ့ကြောင်း သိရှိရပါ သည်။
- PSI ဆေးခန်းမှ ဆရာဝန်ဖြစ်သူအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ဆက်သွယ်တိုင်ပင်၍ ပြည်သူဆေးရုံဝင်းအတွင်းရှိ (၈) ခန်းတွဲ၊ (၂) ထပ် ဆောင်သစ်၊ အပေါ် ထပ်တွင် စနစ်တကျ အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ခဲ့ပါသည်။
- အဆိုပါလူနာသွားရောက်ခဲ့သည့် ခရီးစဉ်တလျှောက်တွင် ထိတွေ့ခဲ့သည့် ပြည်သူ လူထုအနေ ဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်း အပ်ပါသည်။
၆။ ယခုအခါ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ (၁၈၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားလျက်ရှိ သဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက် ရန် နှိုးဆော်အပ်ပါသည်။
Read times Last modified on Tuesday, 24 March 2020 21:40
Rate this item
(1 Vote)