What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 July 2020 19:42

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ (Toxoplasmosis)

အဆိုပါရောဂါသည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရိစ္ဆာန်များမှ လူသို့ကူးစက်သောရောဂါ (Zoonotic disease) တစ်မျိုးဖြစ်ပါသည်။ Toxoplasmosis ရောဂါကြောင့်ကိုယ်ဝန်ဆောင်မိခင်များနှင့် အကြောင်း အမျိုးမျိုးကြောင့်ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သောနောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာခံစားရစေ နိုင်ပါသည်။

 

ရောဂါကူးစက်နိုင်သောနည်းလမ်းများမှာ - ကြောင်၏မစင်(သို့မဟုတ်) အဆိုပါ မစင်ပါဝင်သောမြေကြီးအားကိုင် တွယ်ထားသောလက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသောလက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့်ပင်လယ်စာများစားခြင်း၊ ကပ်ပါးပိုးပါဝင်သည့် မသန့်ရှင်းသည့်ရေအားသောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်အင်္ဂါအစားထိုးခြင်း နှင့် သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါသည်။

 

‌ရောဂါကူးစက်ခံရသူတိုင်းတွင် ရောဂါလက္ခဏာပေါ်ပေါက်လေ့မရှိသော်လည်း လူအချို့တွင်ဖျားခြင်း၊ ကြွက်သား နာကျင်ခြင်း၊ ပြန်ရည်ကျိတ်များကြီး၍ အောင့်ခြင်းတို့ကို ခံစားရတတ်ပါသည်။

 

အမြင်ဝေဝါးခြင်း၊ အလင်းအား ကြည့်မိပါက မျက်လုံးနာကျင်ခြင်း၊ မျက်စိကွယ်ခြင်း၊ မျက်စိနီရဲခြင်းတို့ကိုလည်း ခံစားရတတ်ပါသည်။ ရောဂါ ပြင်းထန်စွာခံစားရသူများတွင် ဦးနှောက်၊ မျက်လုံးနှင့် ကိုယ်တွင်းအင်္ဂါများကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပါသည်။

 

ကာကွယ်နိုင်သောနည်းလမ်းများမှာ- အိမ်မွေးကြောင်များ၏ မစင်များကို စနစ်တကျ ဆေးကြောခြင်း/ စွန့်ပစ် ခြင်း၊ ကြောင်မစင်များ၊ မြေကြီးများနှင့် အသားစိမ်းငါးစိမ်းများအား ကိုင်တွယ်မိပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့်(၂၀) သေချာစွာ စနစ်တကျဆေးကြောခြင်း၊ အသားငါးများကို ကျက်အောင်ချက် ၍ စားသုံးခြင်း၊ ရေကိုကျိုချက်၍သောက်ခြင်း၊ အစားအသောက်များအား သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ခြင်းတို့ ဖြစ်ပါသည်။

 

"အိမ်မွေးကြောင်များနှင့်ထိတွေ့လေ့ရှိသူများ(အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအားကျဆင်း နေသူများ) အနေဖြင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူပါ။"

MOHS

Read times
Rate this item
(0 votes)