What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 August 2020 12:13

ရခိုင်ပြည်နယ်မှ ရောက်သူများအားလုံး ၂၈ ရက်အတွင်း လိုက်နာအပ်သည့် အချက်များ အသိပေးကြေညာ

ရခိုင်ပြည်နယ်မှပြန်လာသူများအားလုံးမှာ ​ရောဂါပျိုးချိန် ၁၄ ရက်နှင့် ၂ဆ ၂၈ ရက်အတွင်း လိုက်နာအပ်သည့် အချက်များနှင့်

ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

လူနာအမှတ် ၅၈၄ သည် ​တောင်ဒဂုံ တွင် ​နေထိုင်ပြီး ရန်ကုန်မှစစ်​တွေမြို့သို့ ​လေ​ကြောင်းဖြင့် ၁၂.၈..၂၀၂၀ ရက်​နေ့တွင်သွား​ရောက်ခဲ့ပြီး ၁၄ရက်​နေ့တွင် ရန်ကုန်သို့ ပြန်လည်​ရောက်ရှိခဲ့ပါသည်။
၎င်းမှာ ၂၂ ရက်​နေ့တွင် အနံ့​ပျောက်ခြင်းလက္ခဏာ စတင်ခံစားရပြီး ၂၆ ရက်နေ့တွင် ​တောင်ဒဂုံမြို့နယ် ဖျားနာကုသမှု​ဆေးခန်းတွင် သွား​ရောက်ပြသခဲ့ပါသည်။
ဆေးခန်းမှ သင်္ဃန်းကျွန်း​ဆေးရုံကြီးသို့လွှဲ​ပြောင်းခဲ့ရာမှ သံသယလူနာအဖြစ်ကုသမှု​ပေး ဓါတ်ခွဲစစ်​ဆေးရာ ပိုး​တွေ့လူနာအဖြစ် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ထိုဖြစ်စဥ်ကိုကြည့်လျှင် လူနာမှာ ပြန်လာပြီး​နောက် ၈ ရက်​မြောက်​နေ့မှသာ ​ရောဂါလက္ခဏာစတင်ခံစားရသည့်အတွက် ထိုရက်မတိုင်ခင် ပထမ​နေ့များ၌ မူလအတိုင်း မိမိ၏​နေ့စဥ်လုပ်ငန်များ​ဆောင်ရွက်​နေသည့်အတွက် ညွန်ကြားချက်များ မလိုက်နာခဲ့လျှင် အခြားသူများကူးစက်နိုင်ပါသည်။

သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်မှပြန်လာသူများအားလုံးမှာ ​ရောဂါပျိုးချိန် ၁၄ ရက်နှင့် ၂ဆ ၂၈ ရက်အတွင်း ​
မိမိတို့၏​နေအိမ်များတွင် ၂၁ရက်​နေထိုင်ကြပါရန်၊
၂၁ ရက်ပြည့်​မြောက်ပြီး​နောက် မလိုအပ်ဘဲအပြင်မထွက်ရန်နှင့်
Mask တပ်ခြင်း၊
၆​ပေအကွာမှ ​ပြောဆိုဆက်ဆံခြင်း၊
လက်ခဏခဏ​ဆေးခြင်း တို့ကို ​ဆောင်ရွက်​ပေးပါရန်​ တိုက်တွန်းအပ်ပါသည်။


ဩဂုတ်လ ၁၀ရက်​​နေ့ ​နောက်ပိုင်း ရခိုင်ပြည်နယ်မှပြန်လာသူများအ​နေဖြင့် မိမိ မြို့နယ်ရှိကျန်းမာ​ရေးဌာနကို အ​ကြောင်းကြား​ပေးကြပါ။


လက္ခဏာ တစ်ခုခုခံစားရပါကလည်း ကျန်းမာ​ရေးဌာနကိုအ​ကြောင်းကြားပါက ​ဆေးရုံလွှဲ​ပြောင်းနိုင်ရန်စီစဥ်​​ပေးပါမည်။လမ်းတွင် အခြားသူများအား ကူးစက်မှုမရှိ​စေရန်အတွက် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအ​နေဖြင့်လည်း ၁၀ ရက်​နေ့မှစ၍ ရခိုင်မှပြန်လာသူများအား Home Quarantine ​နေရန် အ​ကြောင်းကြားခြင်း၊ ဓါတ်ခွဲနမူနာစစ်​ဆေး​ပေးခြင်းများ ​ဆောင်ရွက်လျက်ရှိပါသည်။
ပိုး​တွေလူနာများနှင့် ထိ​တွေ့မှုရှိသူများအားလည်း ရှာ​ဖွေပြီး Quarantine Center များတွင်အသွားအလာကန့်သတ်ခြင်း၊ ဓါတ်ခွဲစစ်​ဆေးခြင်းများ ​ဆောင်ရွက်လျက်ရှိပါ​ကြောင်း တင်ပြအပ်ပါသည်။

 

ထို့ပြင် မိဘပြည်သူများထံ ပန်ကြားချက် (၃)ချက် ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါသည်။

(၁) COVID-19 ​ရောဂါသည် ​လေမှတဆင့်ကူးစက်တတ်​သော​ရောဂါ (Air borne disease)ဖြစ်နိုင်​ခြေများ​သော​ကြောင့် အလွန်ကူးစက်မြန်သော ​ရောဂါဖြစ်ပါသည်။
(၂) ​သင်ကိုယ်တိုင် ​ရောဂါပိုးရှိသူဖြစ်​နေနိုင်​သော​ကြောင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ​သင်၏ ရောဂါပိုးရှိသူများနှင့် ထိ​တွေ့မှုရာဇဝင်၊ ခရီးသွားရာဇဝင်နှင့်၊ ​ရောဂါလက္ခဏာ ပြသမှု ရာဇဝင်များကို နီးစပ်ရာကျန်းမာ​ရေးဌာနများထံ အချိန်မီ သတင်းပို့ခြင်းဖြင့် မိမိချစ်ခင်ရ​သော မိသားစုများနှင့် မိတ်​ဆွေ၊ သူငယ်ချင်းများထံ ​ရောဂါပြန့်ပွားမှု မရှိရ​အောင် တားဆီးနိုင်ပါသည်။
(၃) ယခုရရှိ​သော သတင်းစကားအား လက်လှမ်းမီသ​ရွေ့ ပြန်လည်လက်ဆင့်ကမ်းခြင်းအားဖြင့် မိမိ၏ ပတ်ဝန်းကျင်တွင် COVID-19 ​ရောဂါပြန့်ပွားမှုထိန်းချုပ်ရာတွင် ပူး​ပေါင်းပါဝင်​ပေးကြပါ။

 

Read times Last modified on Friday, 28 August 2020 12:29
Rate this item
(0 votes)