What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 September 2017 11:09

ခရမ်းသီးက ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၉) ချက်

ခရမ်းသီးက ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၉) ချက် google.com

ခရမ်းသီးရဲ့ကောင်းကျိုးကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက် စားတာပဲဖြစ်ဖြစ် မျိုးစုံ စားသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချ အသားကျစ်လျစ်ဖို့ အတွက်လည်း အသုံးဝင်မှာ ဖြစ်ပါတယ်။

ခရမ်းသီးရဲ့ကောင်းကျိုးများ

(၁) နှလုံးရဲ့လုပ်ဆောင်ချက်ကောင်းစေ

နှလုံးကျန်းမာရေးအတွက် ကိုလက်စထရော ပမာဏနဲ့ သွေးဖိအားကို မှန်ကန်တဲ့အဆင့်မှာ ထိန်းထားနိုင်ဖို့ လိုပါ တယ်။ သည်လိုမှ မထိန်းနိုင်ရင် ဆိုးရွားတဲ့နှလုံး ရောဂါအခြေအနေတွေ ဖြစ်နိုင်ခြေပိုများ စေပါတယ်။ ခရမ်းသီးဟာ phytonutrients လို့ခေါ်တဲ့ နှလုံးကို ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင် ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေတယ်။

ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရော ပါဝင်မှု ပမာဏလည်း နည်းပါးတာကြောင့် နှလုံးသွေးကြောပိတ်ဆို့မှု ဖြစ်စေ နိုင်တဲ့ အဆီချေးတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၂. ဦးနှောက်ကိုကာကွယ်

ခရမ်းသီးအခွံမှာပါတဲ့ nasunin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင် ဖြစ်နေတာပါ။ nasunin ဟာ ဦးနှောက်ထဲက အဆီဓာတ်တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဦးနှောက်ဆဲလ်အမြှေးတွေထဲမှာတွေ့ရတဲ့ သည်အဆီတွေက အာဟာရဓာတ်တွေကို စုပ်ယူပေးတာဖြစ်ပါတယ်။
ဒါ့ကြောင့် ခရမ်းသီးကို ချက်မယ်ဆိုရင် အခွံက
အရေးပါတာကြောင့် အခွံခွာ မပစ်ပါနဲ့။

READ - ခရမ်းချဉ်သီးဖြင့် အစာအိမ်ကင်ဆာကို တိုက်ဖျက်နိုင်

၃.အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်

အာဟာရဓာတ်တွေ အပြည့်အဝပါတဲ့ အပြင် အမျှင်ဓာတ်ပါဝင်မှုများပြီး ပျော်ဝင်လွယ်တဲ့ကာဘိုဟိုက်ဒရိတ်တွေလည်း နည်းပါးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေဟာ ထမင်းစားရင် ခရမ်းသီးတစ်ခွက်တော့ ထည့်သွင်း စားသုံးသင့်ပါတယ်။

ခရမ်းသီးမှာ ဂလူးကို့စ်စုပ်ယူမှုကို ထိန်းချုပ်ပေးတဲ့ဒြပ်ပေါင်းတွေဖြစ်တဲ့ alpha- glucosidase နဲ့ angiotensin နဲ့ phenols တို့ ပါဝင်မှုမြင့်မားတာကြောင့် ဆီးချိုကာကွယ်ပြီး ထိန်းချုပ်နိုင်တယ်လို့ သုတေသနက ဆိုပါတယ်။ phenols  ဆိုတဲ့ဓာတ် ကြောင့်လည်း အင်ဆူလင်က ကာဘို ဟိုက် ဒရိတ်တွေကို ဖြိုခွဲမှုနှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။

၎. ကိုယ်အလေးချိန်ကို ကျစေ

ဝိတ်ချဖို့စဉ်းစားနေသူဖြစ်ရင် ခရမ်းသီးက အကူအညီပေးပါလိမ့်မယ်။ အမျှင်ဓာတ်များလို့ သင့်ကို အချိန်အတော်ကြာ ဗိုက်ပြည့်နေစေပြီး ကယ်လိုရီကလည်း နည်းပါတယ်။ခရမ်းသီးအစိမ်း ၁၀ဝ ဂရမ် မှာ ၂၄ ကယ်လိုရီသာပါရှိပါတယ်။

၅. အသားအရေလှစေ

ခရမ်းသီးမှာ ဗီတာမင်စီနဲ့ အီး ကြွယ်ဝတာကြောင့် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ဒဏ်ကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေ၊ အမည်း စက်တွေအပြင် အိုမင်းရင့်ရော်မှုလက္ခဏာတွေကို နှေးကွေးစေပါတယ်။

Nasunin ဟာ ဆဲလ်အမြှေးပါးတွေ ထိခိုက်ရောင်ရမ်းစေတဲ့ (ဝက်ခြံနဲ့ psoriasis မှာ လိုမျိုး) အခြေအနေတွေ မဖြစ်စေဖို့ ကာကွယ်တဲ့ free radical တားဆီးရေး ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ်။ အသားအရေ လှပစေဖို့အတွက်လိုအပ်တဲ့ niacin, folate နဲ့ manganese ဓာတ်တို့ ကိုလည်း ခရမ်းသီးမှာ တွေ့ရပါတယ်။

၆. အရိုးသန်မာစေ

သင့်မှာ အရိုးပွရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်ဆိုရင်လည်း ခရမ်း သီးကို မကြာခဏ စားသုံးပေးဖို့လိုပါတယ်။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ phytonutrients, iron, manganese နဲ့ vitamin K တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ သည်ဓာတ်တွေက ကယ်လ်ဆီယမ်ကို ထိရောက်စ∑ာအသုံးချနိုင်ဖို့ ထောက်ကူပေးတာဖြစ်လို့ နောက်ဆုံးမှာ အရိုးသန်မာမှုကို အားပေးတာဖြစ်ပါတယ်။

၇. သံဓာတ်လွန်ကဲခြင်းကို လျှော့ချပေး

Nasunin ကြောင့်ပါပဲ။ Nasunin က သင့်ရဲ့ခန္ဓာကိုယ်စနစ်ထဲက ပိုလျှံနေတဲ့ သံဓာတ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ သံဓာတ်လွန်ကဲတဲ့အခါ ရုတ်တရက် နှလုံး ခေတ္တရပ်ခြင်း၊ ကင်ဆာတို့နဲ့ ဆက်နွယ်စေ ပြီး free radical ထွက်ရှိမှုကို တိုးစေနိုင်ပါ တယ်။ အထူးသဖြင့် သွေးဆုံးခါနီး အမျိုးသမီးတွေမှာ သံဓာတ်လွန်ကဲမှု ပိုဖြစ်စေနိုင်ပါတယ်။

. စိတ်ကျရောဂါလက္ခဏာတွေကိုသက်သာလျော့ပါးစေ

Serotonin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ချို့တဲ့တဲ့အခါ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုကိုဖြစ်စေတယ်လို့ သုတေသီတွေက ပြောကြပါတယ်။ ခရမ်းသီးမှာ serotonin အတွက် အရေးပါတဲ့ scopoletin ဓာတ်တစ်ခုပါဝင်တာကြောင့် စိတ်ကျရောဂါအတွက် သက်သာလျော့ပါးစေပါတယ်။

၉. အစာချေစနစ်ကို ကောင်းစေ

ရေဓာတ်နဲ့အမျှင်ဓာတ်ပါဝင်မှုများတဲ့ ခရမ်းသီးတွေဟာ အစာချေစနစ်အတွက် ကောင်းတာကြောင့် စားသုံးသင့်တဲ့ အသီးဖြစ် ပါတယ်။ ခရမ်းသီးကို ချက်စား၊ မီးဖုတ်စား၊ ပေါင်းစားလို့ရပေမဲ့ ကြော်စားရင် တော့ ခရမ်းသီးက ဆီ အရမ်းစုပ်တာကို သတိပြုသင့်ပါတယ်။

READ - ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်သောအစားအစာ(၆)မျိုး

Source: kumudranews

Read times Last modified on Wednesday, 20 September 2017 11:15
Rate this item
(1 Vote)