What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 September 2020 14:03

ကိုဗစ် ဓာတ်ခွဲနမူနာ စမ်းသပ်ရေး ကိရိယာ ၄၅၀၀၀ ရောက်ရှိ

ဒီနေ့အတွက် သတင်းထူးတစ်ခုကတော့ ကိုဗစ် ဓာတ်ခွဲနမူနာ စမ်းသပ်ရေး ကိရိယာ အရေအတွက် စုစုပေါင်း ၄၅၀၀၀ မှာယူထားတာ

 

ဒီမနက်မှာ ရောက်ရှိလာပါပြီ။ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါပိုး စမ်းသပ်စစ်ဆေးအဖြေရှာမှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့က Real-time reverse transcription polymerase chain reaction tests (RT-PCR) စမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်နိုင်မည့်

Image may contain: one or more people and people standing

ဓာတ်ခွဲစက်ပစ္စည်းကိရိယာများကို ဝယ်ယူပံ့ပိုးပေးခဲ့ပါတယ်။ အဲ့ဒီ စမ်းသပ်ရေးပစ္စည်းတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ဒီမနက်မှာပဲ လွှဲပြောင်းပို့ဆောင်ပေးလိုက်ပြီ ဖြစ်ပါတယ်။

 

အခုလို ခက်ခဲတဲ့အခြေအနေတွေမှာ COVID-19 ဓာတ်ခွဲစမ်းသပ်စစ်ဆေးကုသမှုတွေကို ပြုလုပ်ပေးနေတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့်တကွ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့

 

ကျန်းမာရေးဝန်ထမ်းတွေအားလုံး၊ ကျရာနေရာမှ တတပ်တအား ပါဝင်ကူညီပေးကြတဲ့ ကျန်းမာရေးလုပ်အားပေး အားလုံးကို အထူးပင်ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု

 

လက်လှမ်းမီရရှိရေး ရန်ပုံငွေကို ဗြိတိန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှာ ရန်ပုံငွေထောက်ပံ့ပေးထားပါတယ်။

Read times
Rate this item
(0 votes)