What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 October 2021 20:39

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းက Oxygen Cylinder အလုံးရေ ၃၀၀ အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်း ထိုင်းဘတ်လေးသန်းကျော်ဖိုးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်း

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းက Oxygen Cylinder အလုံးရေ ၃၀၀ အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်း ထိုင်းဘတ်လေးသန်းကျော်ဖိုးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်း news-eleven.com

မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကာကွယ်တားဆီး တိုက်ဖျက်မှုကို ကူညီရန်အတွက် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းတို့ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံရှိ

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း (Thai Business Association of Myanmar)က Here With You ကမ်ပိန်း အမည်ဖြင့် ထိုင်းဘတ်ငွေ ၄ ဒသမ ၈ သန်း (မြန်မာကျပ်ငွေ ၂၇၂၆၄၀၀၀၀) ဝန်းကျင်တန်ဖိုးရှိ Oxygen Cylinders အလုံး ၃၀၀၊ Oxygen Cylinders ငါးလစာ ပြန်လည်ဖြည့်ပေးခြင်းနှင့် PPE များ ၊ Masks များ အစရှိသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ု လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းက တရားဝင်လှူဒါန်းခြင်း Virtual အခမ်းအနားကို မကြာသေးမီက ပြုလုပ်ခဲ့ကြောင်း ထိုင်းသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလှူဒါန်းမှု အခမ်းအနားသို့ မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr.Sorasak Keeratichokechaikul ၊ ထိုင်းနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး H.E. Mr. Tej Bunnag ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာထင်ဇော်စိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mrs.Suphatra Srimaitreephithak နှင့် အခြားတာဝန်ရှိ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက “ယခုစီမံကိန်း အောင်မြင်ရေးအတွက် ကြီးမားတဲ့အထောက်အပံ့များနဲ့ ဝင်ရောက်ကူညီပါဝင် ပံ့ပိုးပေးခဲ့ကြတဲ့ အသင်းအဖွဲ့ဝင်များ၊ ကျွန်တော်တို့ရဲ့ ထိုင်းလူမျိုး မိတ်ဆွေသူငယ်ချင်းများနှင့်၊ မိတ်ဖက်များကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီ Here With You က စီမံကိန်းမှာ တစ်တပ်တစ်အား ထောက်ပံ့ကူညီအားပေးခဲ့ကြတဲ့ ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ထိုင်းသံရုံးတို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း တရားဝင်ပြောကြားလိုပြီး၊ တဖက်မှာလည်း ဒီလှူဒါန်းမှုနဲ့မျှဝေမှုကို လက်ခံပေးခဲ့တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြချင်ပါတယ်” ဟု‌ ပြောကြားသည်။

မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်း ကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော အောက်ဆီဂျင် လိုအပ်မှုအား ဖြေရှင်းနိုင်ရန် Oxygen Cylinders များ လှူဒါန်းခြင်း၊ Oxygen ပြန်လည် ဖြည့်ပေးခြင်းနှင့် အခြားလိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ရန် သြဂုတ်တတိယအပတ်မှ စတင်ပြီး ရန်ပုံငွေရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးက “COVID-19 ဟာ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံအကြား တည်တံ့ခိုင်မြဲပြီး မပြိုလဲနိုင်တဲ့ ချစ်ကြည်ရေးကို စမ်းသပ်တယ်လို့ ကျွန်မတို့ဝန်ခံရမှာ ဖြစ်ပါတယ်။ ဘယ်စိန်ခေါ်မှုတွေနဲ့ အတားအဆီးတွေ ရင်ဆိုင်နေရတာ ဖြစ်ပါစေ ကျွန်မတို့ဟာ မြန်မာလူမျိုးများနဲ့ အတူရှိနေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် သူငယ်ချင်းများ ဖြစ်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်အတိုင်း မြန်မာနိုင်ငံရှိ ပြည်သူများ လူမှုဘဝတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုလိုခက်ခဲနေတဲ့ အချိန်ကာလအတွင်းမှာ ပြည်သူကျန်းမာရေးကဏ္ဍကို အထူးအလေး‌‌ပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။


မိမိတို့နှစ်နိုင်ငံအကြား ပိုမိုခိုင်မာနီးကပ်သော ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်စွာ တိုင်းပြည်ပြန်လည် တည်ဆောက်နိုင်စေရန် မဆုတ်မနစ်ထောက်ပံ့ရန် အမြဲအဆင်သင့်ရှိကြောင်းလည်း ထိုင်းသံအမတ်ကြီးက ပြောကြားသည်။

ထိုင်းကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူးက “Here With You စီမံကိန်းက ထိုင်းနဲ့မြန်မာနိုင်ငံက နှစ်နိုင်ငံကြား ဆက်သွယ်တဲ့ သဘောတရားပေါ်မှာ အခြေခံတဲ့ ရည်ရွယ်ချက်ဟာ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ထိုင်းကြက်ခြေနီအသင်းဟာဆိုရင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့အတူ ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ ဘေးဒဏ်သင့်လူများကို သက်သာချောင်ချိစေရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တာဝန်များကို တတ်နိုင်သမျှ ကူညီလုပ်ဆောင်ရန် အမြဲအဆင်သင့်ရှိနေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသို့ Oxygen Cylinders ပို့ဆောင်ခြင်းသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးများနှင့် ပံ့ပိုးကူညီမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုးက “အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနဲ့ထိုင်းနိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ရင်းနှီးခင်မင်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာတဲ့အခါတိုင်းမှာလည်း လူသားချင်းစာနာထောက်ထားမှုကို ရပ်တည်ကိုင်စွဲပြီး နှစ်နိုင်ငံကြားရင်းနှီးခင်မင်စွာ နိုင်ငံအချင်းချင်း အပြန်အလှန်ထောက်ပံ့ ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်အနေနဲ့လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကိုယ်စား ယခုလိုခက်ခဲသောကာလအတွင်း မြန်မာနိုင်ငံသားများအား လူသားချင်းစာနာ ထောက်ထားကူညီမှုများအတွက် ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းစီးပွားရေးအသင်းနှင့် ထိုင်းကြက်ခြေနီအသင်းတို့အား အထူးကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ထိုင်းနိုင်ငံမှ လှူဒါန်းရရှိသော Oxygen Cylinders များနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို ခရိုင်သုံးခုရှိ ကြက်ခြေနီရုံးများနှင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Source: news-eleven.com

Read times
Rate this item
(0 votes)