What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 10 October 2020 13:59

မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး Positive လူနာ အင်းစိန်သူ အသက် ၁၀၀ အဖွား ဆေးရုံက ကျန်းမာစွာပြန်ဆင်းနိုင်ခဲ့ပြီ

မြေးဖြစ်သူ Positive လူနာ၏ Contact person အဖြစ် ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရရှာသော အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ရဲဘော် ၁လမ်းမှ အသက် ၁၀၀ အရွယ်ရှိ အဖွားဒေါ်သိန်းခင် ကျန်းမာစွာဖြင့် ဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပြီဖြစ်ပါသည်။

 

အင်းစိန် GTI Quarantine Center 1 သို့ Quarantine ဝင်ရန် ရောက်ရှိလာသူ အဖွားဒေါ်သိန်းခင်သည် Swab test စစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့က MOHS ကြေညာချက်တွင် Positive လူနာအဖြစ် ပါဝင်သွားခဲ့ပါသည်။

 

ထို့‌နောက် အင်းစိန်မှ ရိုးမရိပ်သာကုသရေးစင်တာသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ရာ ယနေ့ ၈-၁၀-၂၀၂၀ ရက်နေ့တွင် Negative ပြန်ဖြစ်ပြီး ကျန်းမာရွှင်လန်းစွာ အင်းစိန်ရှိဖော့ကန် ရဲဘော် ၁လမ်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်ပါသည်။

 

အဖွားဒေါ်သိန်းခင်သည် အသက် ၁၀၀ ဖြစ်၍ မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး Positive လူနာအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး အောင်မြင်စွာ ပြန်လည်ဆင်းလာနိုင်သည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါကြောင်း ဝမ်းသာဂုဏ်ယူစွာ အသိပေးအပ်ပါသည်။

 

အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာနိုင်ကြပါစေ။

 

ဝေဒနာခံစားနေကြရသူအပေါင်း၊ ကူညီဆောင်ရွက်ပေးနေကြသူအပေါင်း ဘေးဘယာဝေးကွာနိုင်ကြပါစေ။

 

(အဖွား၏ ဓါတ်ပုံနှင့် ဆေးထောက်ခံချက်ကို မိသားစုဝင်၏ သဘောတူညီချက်ဖြင့် တင်ပြပေးလိုက်ရပါသည်။)

MRTV

Read times
Rate this item
(0 votes)