What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 13:34

ကိုယ်ခန္ဓာနဲ့ အရာဝတ္ထုတွေပေါ်က ကိုရိုနာဗိုင်းရပ်စ်တွေကို သုတ်သင်ပေးနိုင်မယ့် scanner

ကိုယ်ခန္ဓာနဲ့ အရာဝတ္ထုတွေပေါ်က ကိုရိုနာဗိုင်းရပ်စ်တွေကို သုတ်သင်ပေးနိုင်မယ့် scanner Google

ကိုယ်ခန္ဓာနဲ့ အရာဝတ္ထုတွေပေါ်က ကိုရိုနာဗိုင်းရပ်စ်တွေကို သုတ်သင်ပေးနိုင်မယ့် scanner


ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ GM က ventilator တွေထုတ်နေသလို ZG group အနေနဲ့ကလည်း mask နဲ့ လက်ဆွေးရည်တွေထုတ်လုပ်ပြီး ကမ္ဘာကြီးရဲ့ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်နေရေးအတွက် တစ်ထောင့်တစ်နေရာက နေပါဝင်နေသလိုပဲ

အခြားသောထုတ်လုပ်ရေးကုမ္ပဏီအများစုကလည်း တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ပေး လျှက်ရှိပါတယ်။

 

ယခုလည်း BIO-SEA ballast water treatment system ကိုမိတ် ဆက်ပေးခဲ့တဲ့ BIO-UV Group ကနေပြီး သင်္ဘောသားများအတွက် အထူးရည်ရွယ်တဲ့ scanner ကို စမ်းသပ်နေပြီပဲဖြစ်ပါတယ်။ Ultra-violet light နည်း ပညာကို

အသုံးပြုပြီး အဏ္ဏာဝါပိုးမွှားများအမြောက်အများကို သန့်စင်တဲ့နည်းကိုအခြေခံလို့ လူ့ကိုယ်ပေါ်က ဗိုင်းရပ်စ် သတ်ပေးနိုင်အောင် အဆင့်မြှင့်တင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေတိုက်

ထုတ်ပေးနေတဲ့သူတွေအတွက် ကူးစက်မှုကိုဟန့်တားလျှော့ချပေးနေနိုင်ပြီပဲဖြစ်ပါတယ်။

 

UV1.jpg

 

အခုလည်း နဂိုရှိပြီးသား UV-C reactor နည်းပညာကိုသုံးလို့ scanner တစ်ခုကိုအကောင်အထည်ဖော်နေပြီး ရှေ့ပြေးအဆင့်ကိုတောင် ရောက်နေပြီလို့သိရပါတယ်။ အမြောက်အများထုတ်လုပ်မှုကိုတော့ မေလကုန်လောက်မှာ ထုတ်လုပ်ပေးနိုင်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါထုတ်လုပ်မှုအဆင့်ကို မရောက်ခင်မှာ UV-C reactor ကိုသုံးလို့ထုတ်လုပ်ထားတဲ့ scanner က ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လောက်တောင်သုတ်သင်နိုင်တယ်ဆိုတာကို စမ်းသပ်ရဦးမှာဖြစ်ပါတယ်။
အလားတူပင် BIO-UV Group ၏အခွဲတစ်ခုဖြစ်သော TRIOGEN က အိုဇုန်းကိုအသုံးပြုလို့ စိုစွတ်တဲ့မျက်နှာပြင် တွေပေါ်က ပိုးသတ်ပေးနိုင်မယ့်နည်းပညာကို စမ်းသပ်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

Zawgyi


ကိုယ္ခႏၶာနဲ႔ အရာ၀တၳဳေတြေပၚကကို႐ိုနာဗိုင္းရပ္စ္ေတြကို သုတ္သင္ေပးႏိုင္မယ့္ scanner


ကားထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ GM က ventilator ေတြထုတ္ေနသလို ZG group အေနနဲ႔ကလည္း mask နဲ႔ လက္ေဆြးရည္ေတြထုတ္လုပ္ၿပီး ကမာၻႀကီးရဲ႕ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေနေရးအတြက္ တစ္ေထာင့္

တစ္ေနရာက ေနပါ၀င္ေနသလိုပဲ အျခားေသာထုတ္လုပ္ေရးကုမၸဏီအမ်ားစုကလည္း တတ္ႏိ္ုင္တဲ့ဘက္ကေန ေထာက္ပံ့ေပး လွ်က္ရွိပါတယ္။

 

ယခုလည္း BIO-SEA ballast water treatment system ကိုမိတ္ ဆက္ေပးခဲ့တဲ့ BIO-UV Group ကေနၿပီး သေဘၤာသားမ်ားအတြက္ အထူးရည္ရြယ္တဲ့ scanner ကို စမ္းသပ္ေနၿပီပဲျဖစ္ပါတယ္။ Ultra-violet light န

ည္း ပညာကိုအသံုးျပဳၿပီး အဏၰာဝါပိုးမႊားမ်ားအေျမာက္အမ်ားကို သန္႔စင္တဲ့နည္းကိုအေျခခံလို႔ လူ႔ကိုယ္ေပၚက ဗိုင္းရပ္စ္ သတ္ေပးႏိုင္ေအာင္ အဆင့္ႁမွင့္တင္ႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းမာေ

ရး၀န္ထမ္းေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကို ေရွ႕တန္းကေနတိုက္ထုတ္ေပးေနတဲ့သူေတြအတြက္ ကူးစက္မႈကိုဟန္႔တားေလွ်ာ့ခ်ေပးေနႏိုင္ၿပီပဲျဖစ္ပါတယ္။

 

အခုလည္း နဂိုရွိၿပီးသား UV-C reactor နည္းပညာကိုသံုးလို႔ scanner တစ္ခုကိုအေကာင္အထည္ေဖာ္ေနၿပီး ေရွ႕ေျပးအဆင့္ကိုေတာင္ ေရာက္ေနၿပီလို႔သိရပါတယ္။ အေျမာက္အမ်ားထုတ္လုပ္မႈကိုေတာ့ ေမလကု

န္ေလာက္မွာ ထုတ္လုပ္ေပးႏိုင္ဖို႔ ရည္မွန္းထားခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါထုတ္လုပ္မႈအဆင့္ကို မေရာက္ခင္မွာ UV-C reactor ကိုသံုးလို႔ထုတ္လုပ္ထားတဲ့ scanner က ကို႐ိုနာဗိုင္းရပ္စ္ကို ဘယ္ေလာက္ေတာင္သုတ္သ

င္ႏိုင္တယ္ဆိုတာကို စမ္းသပ္ရဦးမွာျဖစ္ပါတယ္။

အလားတူပင္ BIO-UV Group ၏အခဲြတစ္ခုျဖစ္ေသာ TRIOGEN က အိုဇုန္းကိုအသံုးျပဳလို႔ စိုစြတ္တဲ့မ်က္ႏွာျပင္ ေတြေပၚက ပိုးသတ္ေပးႏိုင္မယ့္နည္းပညာကို စမ္းသပ္လုပ္ေဆာင္ေနၿပီပဲျဖစ္ပါတယ္။

Read times
Rate this item
(0 votes)