What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 10 October 2020 15:35

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများက ငွေကျပ်သိန်း(၁၀,၀၀၀) ကနဦးမတည်လှူဒါန်းသည့် အင်းယားစင်တာအား လွှဲပြောင်းပေးအပ်

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများက ငွေကျပ်သိန်း(၁၀,၀၀၀) ကနဦးမတည်လှူဒါန်းသည့်အင်းယားစင်တာသည် တည်ဆောက်မှုလုပ်ငန်းများ(၁၀၀) ရာခိုင်နှုန်း ပြီးမြောက်အောင်မြင်သွားပြီဖြစ်သဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် လိုက်ပြီ ဖြစ်ပါသည်။

 

အင်းယားစင်တာ၏ တည်ဆောက်မှုလုပ်ငန်းများပြီးဆုံးပြီဖြစ်သဖြင့် ဆေးကုသရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက သက်ဆိုင်ရာ စာရွက်စာတမ်းများကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

အဆိုပါလွှဲပြောင်းပေးအပ်ပွဲတွင် အင်းယားစင်တာတည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်းပေါင်း (၁၀,၀၀၀)ကနဦး မတည်လှူဒါန်းခဲ့သော ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများကို ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

အင်းယားစင်တာတွင် လူနာကုတင် (၄၁၂)ကုတင်နှင့် Oxygen Therapy ကုတင် (၁၀၄)ကုတင် စုစုပေါင်း လူနာကုတင်(၅၁၆)ကုတင် ထားရှိကုသပေးသွားရန် ဆောင်ရွက်ထားသည်။

 

အင်းယားစင်တာကို အင်းယားစင်တာ စီမံအုပ်ချုပ်မှုအဖွဲ့မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း မိသားစုလိုက် ကူးစက်ခံရပါက အတူတကွနေထိုင်နိုင်ရေး အပါအဝင် လူနာအခန်းများ၊ ဆရာဝန်များ၊ သူနာပြုများ၊ လူနာများနှင့် စေတနာ့ဝန်ထမ်းများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် သီးခြား Food Court များနှင့် အထူးဆေးဝါများကိုလည်း တစ်ပါတည် လှူဒါန်ထားပါသည်။

 

အင်းယားစင်တာသည် လူနာနှင့်ဆရာဝန် တိုက်ရိုက်ထိတွေ့မှု အနည်းဆုံးဖြစ်အောင် IT နည်းပညာများဖြင့် ပံ့ပိုးဆောင်ရွက်ထားပြီး WHO စံနှုန်းအတိုင်း နိုင်ငံတကာ အဆင့်မီ Covid- 19 စင်တာ တစ်ခုဖြစ် ပါသည်။

 

ကမ္ဘောဇဘဏ်နှင့် ညီနောင်ကုမ္ပဏီများဖြစ်သော KBZ General Insurance၊ KBZ Life၊ MAI နှင့် Air KBZတို့သည် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ ကျပ်ငွေသိန်းပေါင်း (၇၇,၃၈၆) အထိ လှူဒါန်းထားပြီး နိုင်ငံတော်နှင့်ပြည်သူအတွက် ယနေ့အချိန်အထိ လူမျိုးဘာသာမရွေး နေရာဒေသမရွေး ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်း (၁၇၀)ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

Read times
Rate this item
(0 votes)