What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 November 2020 17:37

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာက ကျောက်ကပ်၊ ဆီးပြွန် နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်ခြင်းကြောင့် ဖြစ်စေပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်လျှင် ဖြစ်ပွားမည့်လက္ခဏာများ

ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း။ ဆီးပူ ဆီးကျင်ခြင်း ။ ဆီးသွားသည့် ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း။ ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း။

 

ဆီးလမ်းကြောင်း ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာများ

ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း ၊ ကျောအောင့်ခြင်း ၊ အပြင်းဖျားခြင်း ၊ ချမ်းတုန်ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်း။ ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း ၊ ဆီးစပ်နေရာတွင် နာကျင်ခြင်း ၊ ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း ၊ အဖျားသွေးငွေ့ငွေ့ရှိခြင်း။ ဆီးလမ်းကြောင်း ယောင်ခြင်း ၊ ဆီးပူဆီးကျင်ခြင်း။

 

ဖြစ်ပွားရသည့် အကြောင်းများ

ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ခြင်းကြောင့် ဖြစ်စေပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိသော အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။

 

ဘယ်လိုလူတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်စေ အမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ခြင်း။ လိင်ဆက်ဆံမှုများခြင်းသည် ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်းကြောင့် ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်း။

 

ဇရာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း။ ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေခြင်း။ ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ။ ဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရခြင်း။

 

ကုသနည်း

ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း။ ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေခြင်း။

 

public health in Myanmar

Read times
Rate this item
(1 Vote)