What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 November 2017 10:59

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၇) ချက်

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၇) ချက် google.com

ဆီးချိုရောဂါ ကြိုတင်ကာကွယ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တာတွေ ပိုစားသုံးတာ၊ ပိုပြီးလှုပ်ရှားတက်ကြွစွာ နေထိုင်တာ၊ ကိုယ်အလေးချိန် နည်းနည်းလျှော့ချလိုက်တာ၊ စတဲ့အခြေခံနည်းလမ်းတွေပါပဲ။ အခုမှလုပ်လို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။

ကိုယ့်ရဲ့နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့အပြောင်းအလဲလေးတွေ လုပ်လိုက်ရုံနဲ့ ကိုယ့်ဘဝတလျှောက်မှာ အာရုံကြော၊ ကျောက်ကပ်နဲ့ လုံးထိခိုက်ပျက်စီးမှုတို့လို ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။

ဆီးချိုဖြစ်လာနိုင်ခြေကို လျော့နည်းစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၇ ခုကတော့ –

၁. ခန္ဓာကိုယ်ရဲ့အဆီပိုတွေကိုလျှော့ချပါ။

ကိုယ်အလေးချိန်များနေပြီဆိုရင် ဆီးချိုဖြစ်လာတော့မယ့် အန္တရာယ်ကြီးနေပါပြီ။ ဒါ့ကြောင့် ကိုယ်အလေးချိန် ၂.၂ ပေါင် (တစ်ကီလို)လောက် ကျသွားတဲ့အခါတိုင်း ဆီးချိုဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် အစပျိုးလက္ခဏာတွေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါရှိနေပြီးသား လူတွေအတွက်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။

၂. အသီးအရွက်များများ၊ ကယ်လိုရီနည်းတဲ့အစားအစာတွေကိုစားပါ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို များများစားပါ။ ဒါပေမယ့် Trans fats များတဲ့အဆီ၊ ပြည့်ဝဆီ နဲ့ သကြားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။ ကိုယ့်ခန္ဓာကိုယ်က လိုအပ်သလောက်ကိုပဲစားဖို့ သတိပြုပါ (စိတ်ရှိတိုင်းမစားပါနဲ့) ။

အသီးအရွက်၊ သစ်သီးတွေနဲ့ ဂျုံပြောင်းနှံတို့ကိုများများစားပါ။ အဆီမပါတဲ့ နို့ထွက်ပစ္စည်းနဲ့ အဆီမပါတဲ့အသားတွေကိုပဲ ရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓာတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှုပမာဏကို သတိထားတွက်ဆပါ။

ထမင်း တစ်နပ်နဲ့တစ်နပ်ကို ပမာဏတူအောင် ချိန်စားပါ။ သင်က အင်ဆူလင်ထိုးဆေး သုံးနေရသူ ဒါမှမဟုတ် ဆီးချိုထိန်း ဆေးသောက်သုံးနေရသူဖြစ်ရင် ဒီအချက်က ပိုအရေးကြီးပါတယ်။

၃. ရေသောက်ပါ။

အချိုဓာတ်ကဲတဲ့ သောက်စရာတွေက အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ဒါတွေကိုသောက်မယ့်အစား ရေကိုပဲသောက်ပြီး အန္တရာယ်အဆင့်ကို လျှော့ချနိုင်ပါတယ်။

၎. လှုပ်လှုပ်ရှားရှားနေပါ။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက ဆီးချိုဖြစ်နိုင်ခြေကိုတိုးစေပါတယ်။ လှုပ်ရှားမှုက ဆဲလ်တွေကို အင်ဆူလင်အပေါ် တုံ့ပြန်မှု ပိုကောင်းစေပါတယ်။ ၂၀၀၆ ခုနှစ်က သုတေသနအရ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဥပမာ-ခပ်သွက်သွက် လမ်းလျှောက်ခြင်း။

၅. စိတ်ဖိစီးမှုကိုလျှော့ပါ။

စိတ်ဖိစီးမှုဟာ သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေတဲ့ ဟော်မုန်းတွေကို အများအပြားထွက်ရှိစေပါတယ်။ စိတ်ကိုနှစ်မြုပ်ပြီး တရားထိုင်ခြင်းက စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်စွမ်းကိုတိုးတက်စေ ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ လူမှုရေး အားပေးစောင့် ရှောက်မှုတို့ကလည်း စိတ်ဖိစီးမှုကိုသက်သာလျော့ပါး စေပါတယ်။

၆. အိပ်ရေးဝဝအိပ်ပါ။

ကာလတာရှည်အိပ်ရေးပျက်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

၇. ဆေးလိပ်ဖြတ်ပါ။

ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောထိခိုက်မှုရောဂါ၊နဲ့ ခြေထောက်ထိခိုက်မှုပြဿနာတွေဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်ကဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။

ဆရာဝန်နဲ့မှန်မှန်ပြပါ – အမျိုးအစား ၂ ဆီးချိုရောဂါရဲ့အန္တရာယ်လက္ခဏာတွေဟာ အမျိုးအစား ၁လောက် မသိသာဘဲ ရှိတတ်တာကြောင့် ဆရာဝန်နဲ့ပုံမှန်ပြဖို့ အရေးကြီးပါတယ်။

သင်က

- အသက် ၄၅ နှစ်နဲ့အထက်ရှိပြီး ကိုယ်အလေးချိန်များနေသူဖြစ်ရင်၊

- အသက် ၄၅ နှစ်အောက်ဖြစ်ပြီး ကိုယ်အလေးချိန်များတဲ့အပြင် အထိုင်များခြင်း၊ မိသားစုမှာ ဆီးချိုမျိုးရိုးရှိခြင်းတို့လို အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ချေ တစ်ခုနဲ့အထက် ရှိနေရင် သွေးတွင်းသကြားဓာတ်စစ်ဆေးကြည့်သင့်ပါတယ်လို့ အမေရိကန်ဆီးချိုရောဂါ အဖွဲ့အစည်းက အကြံပြုထား ပါတယ်။

READ - သွေးတိုးရင် ဒါတွေလုပ်ပါ

source: hellosayarwon

Read times
Rate this item
(1 Vote)