What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 17 January 2021 15:13

ဆေးရုံသုံးလက်အိတ် အများဆုံးထုတ်တဲ့ မလေးရှားကုမ္ပဏီမှာ ကိုဗစ်ကူးစက်နေ

ဆေးရုံသုံးလက်အိတ် အများဆုံးထုတ်တဲ့ မလေးရှားကုမ္ပဏီမှာ ကိုဗစ်ကူးစက်နေ BURMESE.VOANEWS.COM

ကမ္ဘာပေါ်မှာ ဆေးရုံသုံးအဆင့်လက်အိတ် အများဆုံးထုတ်လုပ်တဲ့ မလေးရှားကုမ္ပဏီ Top Glove Corp ပိုင်တဲ့ လက်အိတ်စက်ရုံ ၄ ရုံက အလုပ်သမားတွေ COVID-19 ကူးစက်ခံရတယ်လို့ အဲဒီကုမ္ပဏီက စနေနေ့က ကြေညာပါတယ်။

အလုပ်သမား ဘယ်နှစ်ယောက်နဲ့ ဘယ်တုန်းက ရောဂါစမ်းသပ် စစ်ဆေးခဲ့သလဲ ဆိုတာကို ကုမ္ပဏီက မပြောပေမယ့် မနှစ်တုန်းက ကုမ္ပဏီအလုပ်သမား ၅,၀၀၀ ကျော် ရောဂါကူးစက်ခံရပြီး တယောက်သေဆုံးတယ်ဆိုတဲ့သတင်း ထွက်ပေါ်အပြီးမှာ အခုလို ကြေညာခဲ့တာပါ။ ဒါက မလေးရှားနိုင်ငံအတွက်တော့ ရောဂါဖြစ်ပွားမှု အများဆုံး ကွင်းဆက်တခု ဖြစ်ပါတယ်။

အဲဒီစက်ရုံ ၄ ရုံစလုံးက အလုပ်သမားတွေကို ရောဂါစမ်းသပ် စစ်ဆေးပေးထားပြီး ရောဂါကူးစက်သူတွေကို သီးခြားခွဲထားတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ စနေနေ့မှာ နောက်ထပ် ရောဂါစမ်းသပ်မှု အကြီးအကျယ် ပြုလုပ်မယ်လို့လည်း ပြောပါတယ်။

ရောဂါခြေရာခံလိုက်တာနဲ့ စမ်းသပ်စစ်ဆေးတာတွေကို စက်ရုံ ၂ ရုံမှာ လုပ်နေပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ Top Glove ကုမ္ပဏီရဲ့ ရှယ်ယာ ၁.၀၇ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ BlackRock Institutional Trust Co., က Top Glove ကုမ္ပဏီက အလုပ်သမားတွေကို ရောဂါရန်ကနေ ကာကွယ်ပေးဖို့ ဆိုးဆိုးရွားရွားကြီး ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ Top Glove ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တချို့ နုတ်ထွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

COVID-19 ကာကွယ်ရေး လုံလုံလောက်လောက် မလုပ်ဘူးဆိုပြီး တိုးတိုးတိတ်တိတ် ပြောဆိုခဲ့သူ အတွင်းလူတဦးကို ကုမ္ပဏီက အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းက ပြောပါတယ်။

အလုပ်သမား ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး အဆင့်အတန်း ပြည့်မီစေဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ကုမ္ပဏီက ဝန်ခံထားသလို အမှားအယွင်းတွေကိုလည်း ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

BURMESE.VOANEWS.COM

Read times Last modified on Sunday, 17 January 2021 15:22
Rate this item
(1 Vote)