What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 August 2021 10:17

အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ကာကွယ်ဆေးအတုတွေ အရေးယူမည်

အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ကာကွယ်ဆေးအတုတွေ အရေးယူမည်

ကိုဗစ်ကာကွယ်ဆေးတွေကို အွန်လိုင်းကနေတစ်ဆင့် ရောင်းဝယ်သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက ခေါ်ယူမေးမြန်းပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးတွေကို ဖော့ပုံးထဲမှာထည့်ပြီး ရေခဲချောင်းရောင်းသလို ရောင်းနေသူတွေကို စုံစမ်းဖော်ထုတ် ပြီးအရေးယူဖို့လုပ်နေတယ်လို့လည်း သူကပြောပါတယ်။

ဒီကာကွယ်ဆေးတွေကို ဘယ်ကရတာလဲ၊ ဘယ်လမ်းကြောင်းကဝင်လာတာလဲ၊ အတုတွေလား၊ အစစ်တွေလား စတာတွေကိုလည်း စုံစမ်းနေတယ်လို့ ပြောပါတယ်။

အွန်လိုင်းမှာ အခုရောင်းဝယ်နေကြတဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးဟာ တရားဝင်လမ်းကြောင်းက တင်သွင်းလာတဲ့ ဆေးမဟုတ်ဘူးလို့ သူကပြောပါတယ်။

အခုရက်ပိုင်း အွန်လိုင်းမှာရောင်းဝယ်နေကြတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးအမှတ်တံဆိပ်ပုံစံဖြစ်ပြီးတော့ နယ်စပ်က တင်သွင်းလာတယ်လို့ ယူဆနေကြပါတယ်။

ဆိုရှယ်မီဒီယာ ဓာတ်ပုံတွေမှာ တွေ့ရတဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးတွေမှာ ရိုက်နှိပ်ထားတဲ့စာသားတွေအရ အရင်တင်သွင်းခဲ့တဲ့ ဆေးနဲ့မတူပဲ ကွဲလွဲနေတာကြောင့် အတုလို့ထင်ကြောင်းလည်း သူကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ အိန္ဒိယက ကိုဗစ်ရှီး သန်း ၃၀ ဝယ်ထားခဲ့တဲ့အနက် ၂ သန်း ရထားတာရှိပြီး ကျန်တာတွေ ဆက်ရနိုင်ဖို့ အိန္ဒိယအစိုးရနဲ့ညှိနိုင်းမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုဗစ်ရှီး သန်း ၃၀ အတွက် ဆေးဖိုးလည်း ကျသင့်‌ငွေ တစ်ဝက်လောက်ပေးထားပြီးဖြစ်ပြီးတော့ ကျန်ရှိတဲ့ ‌ငွေပေးပြီး ဆေးတရားဝင်ရဖို့ ကြိုးပမ်းနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကို အအေးလမ်းကြောင်းနဲ သယ်ရတာရှိသလို ကိုဗစ်ရှီးနဲ့ တရုတ်ကထုတ်တဲ့ ဆိုင်နိုဖမ်းတို့ဟာ အအေးမကြိုက်ကြောင်း၊ သေချာစနစ်တကျ မထိန်းသိမ်းတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးရင် ကာကွယ်ဆေးတွေဟာ ပျက်စီးပြီး လူတွေအတွက် အန္တရာယ်ရှိကြောင်း ဒေါက်တော ကျော်ကံကောင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေကို စနစ်တကျ တင်သွင်းခွင့်ပေးထားပြီးတော့ အဲ့ဒီဆေးတွေက မှာယူထားပေမယ့်‌ ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေးထောက်ပံ့ရေး ကိုဗက်စီမံကိန်းအရ ကမ္ဘာပေါ်က ချို့တဲ့တဲ့ နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်ပေးပို့ ပေးနေခဲ့ရာက ပြည်တွင်း လိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ရပ်ဆိုင်းထားခဲ့ပါတယ်။

အခုအွန်လိုင်းက ရောင်းချနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို သက်ဆိုင်ရာက စစ်ဆေးပြီးလို့ ဆေးဝါးအတုတွေဖြစ်ရင် ဆက်လက်ပြီးတရားစွဲဆို အရေးယူသွားမယ်လို့‌ ဒေါက်တာကျော်ကံကောင်းကပြောပါတယ်။


ဘီဘီစီ

 မြန်မာပြည်ထဲမှာ အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ရှီး ကိုဗစ်ကာကွယ်ဆေးဟာ စာလုံးပေါင်းလွဲနေပါတယ်။

 

Read times
Rate this item
(0 votes)