What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 September 2021 09:02

COVID-19 ကာကွယ်ဆေးအား အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များ၊ ယာယီစခန်းများတွင် နေသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို ဦးတည်အုပ်စုအဖြစ် ထပ်မံတိုးချဲ့၍ ထိုးနှံပေးနေဟု ထုတ်ပြန်

COVID-19 ကာကွယ်ဆေးအား အသက် ၅၅ နှစ်နှင့်အထက်ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို ဦးတည်အုပ်စုအဖြစ် ထပ်မံတိုးချဲ့၍ စက်တင်ဘာ ၁၄ ရက်မှစတင်၍ ပထမအကြိမ် ထိုးနှံပေးနေကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထက်ပါအုပ်စုများအား ဦးစားပေးအုပ်စုများအဖြစ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယခင်သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု ၁၂ ခုမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် အသက် ၅၅ နှစ် မပြည့်သေးသော်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ထုတ်ပြန်မှုအရသိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ယခင်သတ်မှတ်ထားသည့် COVID-19 ကာကွယ် ဆေးထိုးနှံပေးမည့် အုပ်စု ၁၂ ခုမှာ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူလူထု၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ သက်ကြီးရွယ်အိုများ၊ ဘုန်ကြီးကျောင်း၊ သီလရှင်ကျောင်များနှင့် အခြားဘာသာရေးအသင်းအဖွဲ့များမှ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်များ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ဝန်ထမ်းများ၊ စူပါမားကတ်များနှင့် စျေးများမှဝန်ထမ်းများ ဖြစ်သည်။

ထို့ပြင် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့ပေါ်ဆေးထိုးစုရပ်များ သာမက ကျေးလက်ကျန်းမာရေးဌာနများကို အခြေပြု၍ ကျေးလက်နေပြည်သူများကိုလည်း COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် COVID-19 ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ အသက်အုပ်စုအလိုက်နှင့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးမည်ဖြစ်သောကြောင့် ဆေးထိုးစုရပ်များသို့လာရောက်၍ ကာကွယ်ဆေးထိုးနှံကြရန်၊ ထပ်မံချိန်းဆိုသည့်ရက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးကိုမပျက်မကွက် ထိုးနှံကြရန်လိုပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်တွင် မထိုးနှံနိုင်ပါက အနီးဆုံးသတ်မှတ်ကာလအတွင်း၌ နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးပါက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသော QR Code ပါသည့် COVID-19 ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများကို ကောင်းမွန်စွာသိမ်းဆည်းထားပြီး ခရီးသွားလာသည့်အခါ (သို့မဟုတ်) လိုအပ်သည့်အခါ စိစစ်မှုများခံယူနိုင်ရန်အတွက် ယူဆောင်သွားကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

 news-eleven.com

 

241970831_4396829387021953_5551319761400074100_n.jpg

Read times Last modified on Sunday, 19 September 2021 09:08
Rate this item
(0 votes)