What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 06 June 2020 15:09

၁၀၃ နှစ်အဖွားအို ကိုဗစ်ပျောက်၍ ဘီယာဖြင့်အောင်ပွဲခံ

မက်ဆာချူးဆက်မြို့မှ အသက် ၁၀၃ နှစ်ရှိပြီဖြစ်တဲ့ အဖွားအိုဟာ သူမ ကိုဗစ်ပျောက်၍ ပြန်လည်ကျန်းမာလာသဖြင့် သူမ အကြိုက်ဆုံး ဘီယာ ခပ်အေးအေးလေးတစ်ခွက်နဲ့ အောင်ပွဲခံခဲ့ပါတယ် လို့ သူမ မိသားစုမှ CNN ကို ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်ဟာ အသက် ၅၅ နှစ် အထက်လူတွေကိုတောင် မပြောနိုင်ပါဘူး သေဆုံးတဲ့ အထိ ဖြစ်စေပါတယ် ထို Jennie Stejna ဆိုတဲ့ အဖွားအိုဟာ ဧပြီလ နှောင်းပိုင်းထဲက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားခဲ့တာဖြစ်ပြီး သူမ ရဲ့ မိသားစုဝင်တွေအနေနဲ့ သူမ အသက်ဆုံးရှုံး သွားတဲ့ အခါ ခံနိုင်ရည်ရှိအောင်တစ်မိသားစုလုံးက ပြင်ဆင်ထားခဲ့ကြပါတယ်လို့ သူမရဲ့ မြေးဖြစ်သူ Shelley Gunn ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ထိုအဖွားဟာ ရောဂါဝေဿနာဖြစ်ပွားခဲ့စဉ်သူမအနေနဲ့ အသက်ကလည်းကြီး ကိုဗစ်ပိုးကလည်းများမှု့ကြောင့် မစား ၊ မသောက်တော့ဘဲ နေသည်ကို သူမ မိသားစုဝင်များမှ အဖွားကို အသက်ဆုံးရှုံးရတော့မယ် အဖွား ကနှုတ်ဆက်တော့မယ်လို့ ထင်ခဲ့တာပါ။ဒါပေမယ့်လည်း ထိုအဖွား ရဲ့ မြေး ဖြစ်သူလက်ထပ်ယူထားတဲ့ အမျိုးသား ( ရေတပ်ပင်စင်စား ) က အဖွားကို အဖွားက မသေနိုင်ပါဘူး အေးဆေးလေးကျော်ဖြတ်နိုင်မှာပါလို့ပြောတဲ့ အပေါ် အဖွားမှ သိပ်သေချာတာပေါ့ ၊ ငါမသေဘူးဆိုကာပြောခဲ့ပါတယ်။

 

သူမဟာ ကိုဗစ်ကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး မှာရှိနေတာဖြစ်ပြီး မေလ ၈ ရက်နေ့က ဖုန်းတစ်ကောလ်လာပါတယ် အဖွား ဆေးစစ်ချက် ရောဂါမရှိကြောင်း Negative ပြတယ် အဖွားကိုတိုင်က ပြောတယ် ငါဘာရောဂါမှ မရှိတော့ ဘူး ဒီအခန်းထဲမှာ ငါမနေနိုင်တော့ဘူး ငါ့ကို အပြင်ထုတ်ပေးတော့လို့ပြောလာပါသတဲ့။

 

မြေးဖြစ်သူ Shelley Gunn ရဲ့ ထက်မံပြောကြားချက်ကတော့ အဖွားက အမြဲသွက်လပ် တက်ကြွနေတဲ့ သူပါ အခုတော့ ကိုဗစ်ပျောက်လို့ ဘီယာ တစ်ဗူးနဲ့ အေးဆေး သာယာနေလေရဲ့ဆိုကာ ပြောပြပါတယ်။ထိုအချင်းအရာကို ကြည့်ချင်းအားဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ဟာ လူတွေကို သေစေနိုင်ပါတယ် သို့ပေမယ့် စိတ်ဓာတ် မာကျောတဲ့ သူတွေကိုတော့ မသတ်နိုင်ပါဘူး။

 

<<< Zawgyi >>>

 


------------------------------------------------

 


 


 


 


 


 


 Ref : CNN

Read times
Rate this item
(0 votes)