What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 23 October 2021 10:50

ပြီးခဲ့သည့်တစ်ပတ်အတွင်း Delta ဗိုင်းရပ်စ်က နိုင်ငံငါးနိုင်ငံသို့ ထပ်တိုးကူးစက်ခဲ့

ပြီးခဲ့သည့်တစ်ပတ်အတွင်း ကူးစက်မြန် COVID-19 မျိုးရိုးဗီဇကွဲ Delta က နိုင်ငံငါးနိုင်ငံသို့ ထပ်တိုးကူးစက်ပျံ့နှံ့နေပြီး

အောက် တိုဘာ ၁၉ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် COVID-19 မျိုးဗီဇပြောင်းပိုးများဖြစ်သည့် Alpha လည်း ထပ်တိုးကူးစက်ခဲ့ပြီး COVID-19 မျိုးဗီဇပြောင်းပိုးများဖြစ်သည့် Alpha က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံ၊ Beta က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၊ Gamma က နိုင်ငံပေါင်း ၉၉ နိုင်ငံနှင့် Delta Virus က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိ Delta အပါအဝင် Variant of Concern ထဲတွင် ပါဝင်သည့် ဂရုုစိုက်ရမည့် မျိုးဗီဇကွဲလေးမျိုးရှိပြီး လေးခုစလုံးသည် ကူး စက်မှုမြန်ကြောင်းနှင့် ၎င်းမျိုးဗီဇကွဲများမှာ အယ်လ်ဖာ၊ ဒယ်လ်တာ၊ ဘီတာ၊ ဂါမာတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ဗီဇ ပြောင်းပိုးလေးမျိုးအထိ တွေ့ရှိထားပြီး Variant of Concern VOC သုံးမျိုးဖြစ်သည့် Alpha၊ Beta၊ Delta အပြင် Variant of Interest ထဲမှ တစ်မျိုးဖြစ်သည့် Kappa စုစုပေါင်း လေးမျိုးတွေ့ရှိထားကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအဖြစ် WHO က သတ်မှတ်ကြေညာထားသည့် ဗိုင်းရပ်စ်လေးမျိုးထဲမှ ဗြိတိန်ဗိုင်းရပ်စ် မျိုးကွဲ B.1.1.7 ကို အယ်လ်ဖာ၊ တောင်အာဖရိက ဗိုင်းရပ်စ်မျိုးကွဲ B.1.351 ကို ဘီတာ၊ ဘရာဇီးဗိုင်းရပ်စ်မျိုးကွဲ P.1 ကို ဂမ်မာ၊ နှစ်မျိုးနှစ်စားရှိသည့် အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1.617 ထဲမှ စိုးရိမ်ဖွယ်ဗိုင်းရပ်စ်ဖြစ်သည့် B.1.617.2 ကို ဒယ်လ်တာနှင့် နောက်တစ်မျိုး B.1.617.1 ကို ကက်ပါဟု အမည်ပေးခဲ့သည်။

 

news-eleven.com

Read times
Rate this item
(0 votes)