What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 24 October 2021 17:15

ဟီမိုဂလိုဗင် မနည်းအောင် ဘယ်လို ထိန်းသလဲ

ဟီမိုဂလိုဗင် အားမနည်းအောင် ဘယ်လို ထိန်းသလဲ


ဟီမိုဂလိုဗင်ဆိုတာ သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင် ပေးသော၊ သံဓာတ် ပါသောပရိုတင်းဆဲလ်တစ်မျိုး ဖြစ်ပါတယ်။

ဟီမိုဂလိုဗင်က အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးတဲ့အပြင် ဆဲလ်တွေထံမှ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို ရယူပြီး အဆုဆ်ဆီကို ပို့ပေးပါတယ်။ အဆုတ်ထဲ ရောက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေက ထွက်လေနဲ့အတူ အပြင်ကို စွန့်ထုတ်ခံရတယ်။

ဒီတော့ ဟီမိုဂလိုဗင် ရှိသင့်တာထက် နည်းနေရင် ကိုယ်ခန္ဓာက အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေး ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ စွန့်ထုတ်ပစ်ဖို့ကိုလည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး။

ဟီမိုဂလိုဗင် နည်းနေလို့ မဖြစ်ဘူး။ နည်းနေရင် ပြန်များလာအောင် ဘယ်လို လုပ်ရမလဲ။ သဘာဝအလျောက် ပုံမှန်ရေချိန် ပြန်ရောက်အောင် ဘယ်လို လုပ်ရမလဲ။ ရောက်မရောက် ဘယ်လို သိနိုင်မလဲ။ ဘယ်လို စစ်ဆေးကြည့်ရမလဲ။ ဘယ်လို ရလဒ်တွေ ပြသရမှာလဲ။


သံဓာတ်ပါတာတွေ စားသောက်ပါ။

ဟီမိုဂလိုဗင်က သွေးနီဉဆဲလ်ရဲ့ အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နည်းနေလို့ မဖြစ်ဘူး။ ဟီမိုဂလိုဗင်နည်းနေရင် သံဓာတ်များများပါတာတွေ စားသောက်ပါ။ သံဓာတ်က ဟီမိုဂလိုဗင် ထုတ်လုပ်မှု အားကောင်းစေပါတယ်။ သွေးနီဉဆဲလ်တွေ ဖွဲ့စည်းတာကိုလည်း ထောက်ကူတယ်။

သံဓာတ်များများပါသော အစားအစာများ
အသား၊ ငါး
ပဲပုပ်ပဲ ပါတဲ့ စားစရာများ။ တိုဟူး။
စွန်ပလွံသီးခြောက်၊ ကတွတ်ယို၊ သဖန်းသီး။
ပန်းဂေါ်ဖီစိမ်း
ကိုက်လံ၊ အရွက်အစိမ်းစား ဟင်းရွက်၊ ဟင်းနုနွယ်ရွက်
မြေပဲထောပတ်

ဖောလစ်အက်စစ်ပါတဲ့ဆေး ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပါ။
ဖောလစ်က ဗီတာမင်ဘီ အမျိုးအစား တစ်ခု ဖြစ်ပြီး ဟီမိုဂလိုဗင် ထုတ်လုပ်ရေးမှာ အရေးပါတယ်။ ကိုယ်ခန္ဓာက ဖောလစ်ကို သုံးပြီး ဟီမိုဂလိုဗင်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ heme ကို ထုတ်လုပ်တယ်။ ဟီမိုဂလိုဗင်မှာ ပါဝင်တဲ့ heme က အောက်ဆီဂျင် သယ်ယူဖို့ ကူညီပေးတယ်။

ဖောလစ်ချို့တဲ့ရင်
သွေးနီဥဆဲလ်တွေက ပြီးပြည့်စုံတဲ့အဆင့်အထိ မရောက်နိုင်တော့ဘူး။
ဟီမိုဂလိုဗင် ရေချိန်နိမ့်ကျနေမယ်။

ဖောလစ်များများပါသော အစားအစာများ
အမဲသား
ဟင်းနုနွယ်ရွက်
ဆန်
မြေပဲ
ပဲလွန်းဖြူ
မြေထောက်နီပဲ
ထောပတ်သီး
ဆလတ်ရွက်

သံဓာတ်ပါတာတွေ စားရုံနဲ့ မပြီးဘူး။ စားလိုက်တဲ့ သံဓာတ်ကို ကိုယ်ခန္ဓာက အများဆုံးရယူဖို့ လိုတယ်။ သံဓာတ်များများ စုပ်ယူအောင် ဗီတာမင်စီ စားပေးရမယ်။ သံပုရာ၊ လိ‌ေမ္မော်၊ ရှောက်သီး၊ ရှောက်ချိုသီး။ စတောဘယ်ရီ၊ သရက်သီးအစိမ်း စတာတွေ စားပေးပါ။
ဗီတာမင်စီ အားဆေးသောက်ပါ။
ဗီတာမင်အေ ကလည်း သံဓာတ် စုပ်ယူဖို့နဲ့ သုံးစွဲဖို့ ထောက်ကူပေးတယ်။
ဗီတာမင်အေများများပါသော အစားအစာများ
ငါး အသည်း ကစွန်းဥ ကိုက်လန်

သတိပြုရမှာက

ဗီတာမင်အေက တန်ဆေးလွန်ဘေး ဖြစ်ပါတယ်။ လွန်သွားရင် hypervitaminosis A ဖြစ်တယ်။ အရိုးအဆစ်‌ေတွ ကိုက်တယ်။ ခေါင်းတအားကိုက်တယ်။ ဦးနှောက် သွေးတိုးတယ်။

သံဓာတ်ကလည်း တန်ဆေးလွန်ဘေး ဖြစ်ပါတယ်။ လွန်သွားရင် hemochromatosis ဖြစ်ပွားတယ်။ အသည်းကို ဒုက္ခပေးတယ်။ အော့အန်တယ်။ ဝမ်းအကြီးအကျယ် ချုပ်တယ်။ ပျို့ချင်အန်ချင် ဖြစ်တယ်။ မူးဝေတယ်။ တောက်တယ်။


ဟီမိုဂလိုဗင် ရေချိန်
သွေးစစ်ကြည့်ပြီး
အမျိုးသားမှာ 13.5 grams per deciliter (g/dL) အောက်မှာ ရောက်နေရင်
အမျိုးသမီးမှာ 12 g/dL အောက်မှာ ရောက်နေရင်
နည်းနေပြီလို့ သတ်မှတ်ပါတယ်။

ဟီမိုဂလိုဗင် နည်းရတာဟာ

သံဓာတ်ချို့တဲ့ လို့
ကိုယ်ဝန်ဆောင်ဖြစ်နေလို့
အသည်း ကျောက်ကပ် ပြဿနာ ရှိနေလို့
နာတာရှည်ရောဂါ

သဘာဝအလျောက် နည်းနေတာမျိုးလည်းရှိတယ်။ ဘာအကြောင်းမှ မရှိဘဲ ပင်ကိုသဘာဝအရ နည်းနေတာ ဖြစ်ပြီး ဘာလက္ခဏာ မပြဘူး။

ပုံမှန်အားဖြင့်
အမျိုးသား ဆိုရင် 13.5 ~ 17.5 g/dL
အမျိုးသမီး ဆိုရင် 12 ~ 15.5 g/dL
ရေချိန်ရှိပါတယ်။

Read times
Rate this item
(0 votes)