What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 01 November 2021 09:20

ထိုင်းနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ကွာရန်တင်းဝင်စရာမလို ပြည်ဝင်ခွင့်ပေးမယ့် စာရင်းထဲ မြန်မာပါဝင်လာ

ထိုင်းနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ကွာရန်တင်းဝင်စရာမလို ပြည်ဝင်ခွင့်ပေးမယ့် စာရင်းထဲ မြန်မာပါဝင်လာပါတယ်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားပြီး လေကြောင်းခရီးစဉ်မတိုင်ခင် Covid-19 ဆေးစစ်ချက်မှာ negative ဖြစ်တဲ့သူတွေ ထိုင်းနိုင်ငံသို့ ဆိုက်ရောက်တဲ့အါ (q) ဝင်ဖို့ မလိုတဲ့ အစီအစဉ်ကို နိုဝင်ဘာလ ၁ ရက် စတင်မှာ ဖြစ်ပြီး အစီအစဉ်မှာ အကျုံးဝင်တဲ့ နိုင်ငံစာရင်းမှာ နောက်ထပ် ၁၇ နိုင်ငံ ထပ်တိုးပေးပါတယ်။
စုစုပေါင်း ၆၃ နိုင်ငံ ဖြစ်သွားပါပြီ။

ကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Thani Thongphakdi က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစီအစဉ်ကို ကြေညာခဲ့ရာမှာ အကျုံးဝင်တဲ့နိုင်ငံ ၄၆ နိုင်ငံ သတ်မှတ်ထားပြီး မြန်မာနိုင်ငံ မပါဝင်ပါ။
ထပ်တိုးတဲ့ ၁၇ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူအနေဖြင့် free visa ၁၄ ရက် ရရှိမှာ ဖြစ်ပါတယ်။

ထပ်တိုး ၁၇ နိုင်ငံ

အိန္ဒိယ၊ ထိုင်ဝမ်၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ခရိုအေးရှား၊ အင်ဒိုနီးရှား၊ ကူဝိတ်၊ မော်လဒိုက်၊ မွန်ဂိုလီးယား၊ နီပေါ၊ အိုမန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ သီရိလင်္ကာ၊ ဗီယက်နမ်နှင့် လူဇင်ဘတ်။

မူလ ၄၆ နိုင်ငံ
ဩစတေးလျ၊ သြစတြီးယား၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဘူတန်၊ ဘရူနိုင်း၊ ဘူလ်ဂေးရီးယား၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ချီလီ၊ တရုတ်၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ အိုက်စလန်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မလေးရှား၊ မော်လ်တာ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ စင်္ကာပူ၊ စလိုဗေးနီးယား၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူကေ နှင့် အမေရိကန် ပြည်ထောင်စု။


သတ်မှတ်ချက်များ

လေယာဉ်ဖြင့်သာ လာရောက်ရမည်

ခရီးမသွားခင် အနည်းဆုံး ၁၄ ရက်မတိုင်ခင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများဖြစ်ရမည်

လေယာဉ်ပေါ် မတက်ခင်၇၂နာရီအတွင်း ကိုဗစ်စစ်ဆေးပြီး ကင်းစင်ကြောင်းလက်မှတ် ( RT-PCR ဓာတ်ခွဲခန်းရလဒ် )ပါရှိရမည်

ကိုဗစ်-၁၉ ကျန်းမာရေးအာမခံ ပါရှိရမည်

ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ Thailand Pass လျှောက်ထားရမည်

Read times Last modified on Monday, 01 November 2021 09:27
Rate this item
(0 votes)