What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 18 April 2020 17:37

တောင်ဥက္ကလာ မိခင်နှင့်ကလေးဆေးရုံအသစ်တွင် Covid လူနာများစတင်ထားရှိ

COVID.png

 

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာများကို တောင်ဥက္ကလာ မိခင်နှင့်ကလေး ဆေးရုံအသစ်တွင် စတင်ထားရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ဖြေကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာများကို အဓိကလက်ခံကုသပေးနေသည့် ‌မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံတွင် လူနာထပ်မံလက်ခံရန်အတွက် ကုတင်မကျန်ရှိတော့ရာ တောင်ဥက္ကလာသို့ လွှဲပြောင်းကုသပေးရန်စီစဉ်ခဲ့ရခြင်းလည်းဖြစ်သည်။

 

ဝေဘာဂီဆေးရုံတွင် အတည်ပြုလူနာ ၉၀သာလက်ခံနိုင်ပြီး အတည်ပြုလူနာများကို မတ်လ ၂၂ရက်နေ့တွင် စတင်လက်ခံခဲ့ကာ ယင်းနောက်ပိုင်းတွင် လူနာတက်နှုန်းများပြားလာခဲ့ပြီး အဆောင်သုံးဆောင်တွင် အတည်ပြုလူနာများဖြင့်ပြည့်နေပြီဖြစ်ကြောင်း ဝေဘာဂီဆေးရံမှ အပူပိုင်းနှင့်ကူးစက်ရောဂါဌာန ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ အပါအဝင် ဝေဘာဂီဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဧပြီ ၁၇ရက်နေ့က ဆွေးနွေးသည့်အချိန် တွင်ထည့်သွင်းပြောကြားခဲ့သည်။

 

တောင်ဥက္ကလာ မိခင်နှင့်ကလေးဆေးရုံသစ်သည် အမှတ် ၁၀ရပ်ကွက် မေတ္တာလမ်းမကြီးပေါ်တွင်တည်ရှိပြီး COVID 19အတည်ပြုလူနာ ၆၈ဦးစာအတွက် ကုသနိင်ရန်ပြင်ဆင်ထားကြောင်း တောင်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာထားသည်။

 

မတ်လ ၂၃ရက်နေ့မှစတင်ပြီး ဧပြီလ ၁၈ရက်နေ့အထိ မြန်မာနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၉၄ဦးအထိရှိလာပြီး ၇၀ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်သည်။

HPD.png

The Voice Myanmar

Read times
Rate this item
(0 votes)