What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 November 2021 08:04

Sinovac ကိုဗစ်ကာကွယ်ဆေး မြန်မာပုဂ္ဂလိက ကုမ္ပဏီ Sea Lion Group ပထမဆုံး တင်သွင်းခွင့်ရရှိ

Sinovac ကိုဗစ်ကာကွယ်ဆေး မြန်မာပုဂ္ဂလိက ကုမ္ပဏီ Sea Lion Group ပထမဆုံး တင်သွင်းခွင့်ရရှိ


မြန်မာနိုင်ငံမှာ တရုတ် Sinovac ကာကွယ်ဆေးကို ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီတခုက တင်သွင်းခွင့်ရလိုက်ပြီး ဘယ်သူမဆို စစ်ကောင်စီ အစီအစဉ်နဲ့ မဟုတ်ဘဲ လုံခြုံစွာ ထိုးခွင့်ရတော့မယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ အခု သောကြာနေ့မှာ ပထမဆုံးအသုတ် ရောက်လာပြီး ကာကွယ်ဆေးထိုးခွင့်ရ နေရာတွေကို ဆက်လက်ဖြန့်ဖြူးပေးကာ အချိုသာဆုံးဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးဖို့ ရှိတယ်လို့ Sea Lion Group ကုမ္ပဏီ ပြောခွင့်ရက ဆိုပါတယ်။

Sea Lion Group ကုမ္ပဏီ ကာကွယ်ဆေးများ ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဒေါက်တာရတနာကို ကိုဝင်းမင်း မေးရာမှာ ထူးခြားမှုကို အခုလို စရှင်းပြပါတယ်။

ဒေါက်တာရတနာ - “COVID-19 Sinovac CoronaVac ကာကွယ်ဆေးကို Private အနေနဲ့ ကျမတို့အနေနဲ့ ပထမဆုံး တင်သွင်းရောင်းချခွင့်ရတာ။ FDA က ကျမတို့ကို နိုဝင်ဘာ ၁ ရက်နေ့မှာ ခွင့်ပြုခဲ့တာပါ။ ပြီးတော့ MOHS က တရားဝင်ခွင့်ပြုထားတဲ့ ဆေးထိုးစင်တာ၊ ဆေးရုံ ဆေးခန်းတွေကို ရောင်းခွင့်ရှိတာပေါ့။ သူတို့တွေကမှတဆင့် ပြည်သူလူထုကို ပြန်ပြီး ရောင်းချမှာပေါ့။”


ကိုဝင်းမင်း - နောက်ရော ထူးခြားမှုရှိသေးလား။
ဒေါက်တာရတနာ - “ပြည်သူလူထုအနေနဲ့လည်း ဒါက Private ပေးတာ ဖြစ်တဲ့အတွက် ဘယ်သူမဆို ထိုးနှံနိုင်တယ်။ နောက်တခုက Sinovac ရဲ့ ထူးခြားမှုအနေနဲ့ အခုက တရုတ်နိုင်ငံနဲ့ ၆ နိုင်ငံမှာ ကလေးတွေကို ၃ နှစ်ကနေစပြီးတော့ ထိုးပေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၂ နှစ်နဲ့အထက်တွေကို ထိုးပေးနေတယ်ပေါ့။ ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် ထိုးနှံနိုင်ခွင့် မြန်မာနိုင်ငံမှာ ရရှိတာပေါ့၊ ဒီ Sinovac အနေနဲ့ကြတော့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာကြတော့ Pfizer တို့ဘာတို့ မရသေးဘူးဆိုတော့ လောလောဆယ် ကလေးတွေအတွက်ကတော့ Sinovac ထိုးဖို့ Chance ရတာပေါ့။”

ကိုဝင်းမင်း - ရောက်ရှိနိုင်မှု အနေအထား ပမာဏအားဖြင့်ရော ထူးခြားမှုရှိလား။
ဒေါက်တာရတနာ - “Sinovac ကို Private အနေနဲ့ဆိုရင်တော့ ၁၂ ရက်နေ့မှာ ပထမဆုံး ရောက်မယ်။ Sinovac တရားဝင်တင်သွင်းခွင့် ရထားတယ်ဆိုတော့ ပမာဏအနေနဲ့ သူတို့ဘက်ကလည်း သတ်မှတ်ထားတာမျိုးတော့ မရှိဘူး။ ကိုယ့်ဘက်ကလည်း Demand တက်ရင် တက်သလောက် ထိုးဦးမှာပေါ့။ ဈေးနှုန်းအနေနဲ့ဆိုရင်တော့ ညီမတို့က ပြည်သူလူထုအနေနဲ့ အသက်သာဆုံး အဆင်ပြေဆုံး ထိုးနှံခွင့်ရမယ့် ဈေးနှုန်းမျိုးကို ဖြစ်နိုင်အောင် စီစဉ်ပေးထားတယ်။”

ကိုဝင်းမင်း - မြန်တာပေါ့နော်၊ အခုက ရက်ပိုင်းအတွင်း ရောက်လာမှာဆိုတော့။
ဒေါက်တာရတနာ - “ကျမတို့စင်တာအနေနဲ့က ၁၂ နှစ်နဲ့အထက်ကို မြန်မာနိုင်ငံမှာလည်း အစိုးရအစီအစဉ်နဲ့ မဟုတ်ဘဲနဲ့ Private အနေနဲ့ ထိုးနှံချင်တဲ့သူတွေ အတွက်ကို စောင့်စရာမလိုအောင် ညီမတို့က တဖက်က ကြိုးစားထားတာပေါ့။”

ကိုဝင်းမင်း - အခုလို ရောက်ရှိလာတဲ့အတွက် အဓိက အကျိုးသက်ရောက်မှု ဘာကို ထောက်ပြချင်လဲ။
ဒေါက်တာရတနာ - “ကိုဗစ်ဆိုတာကလည်း အကုန်လုံး ကာကွယ်ဆေးထိုးထားမှ Safe ဖြစ်မှာလေ။ တစုံတယောက် ကျန်နေတာနဲ့လည်း အချိန်မရွေး ပြန်ကူးစက်နိုင်တာ ဖြစ်တဲ့အတွက် ဒါ ကာကွယ်ဆေးထိုးလိုက်ရင် ရာနှုန်းပြည့် ကာကွယ်တယ် မဟုတ်ဘူး ဆိုပေမယ့်လည်း သေဆုံးနှုန်းတို့ ရောဂါပြင်းထန်နှုန်းတို့ လျော့ကျလာအောင် အဲဒီရည်ရွယ်ချက်နဲ့ အဓိက သွင်းတာပေါ့။ နောက်ပိုင်းလည်း အဲဒီလိုပဲ ဒီဆေးကိုထုတ်လုပ်တဲ့ နိုင်ငံ တရုတ်ပြည်ကကျတော့ ၃ နှစ်ကနေ စထိုးတာဆိုတော့။ အဲာ့တော့ နောက်ပိုင်း National Level က ခွင့်ပြုသွားမယ်၊ သူ့ထက်ငယ်တဲ့ ၁၂ နှစ်အောက် ခွင့်ပြုသွားမယ်ဆိုလည်း ထိုးနှံလို့ရအောင်ပေါ့။ အသင့်ဖြစ်နေအောင် ကာကွယ်ဆေးကို စီစဉ်ထားတာပါ။”

ကိုဝင်းမင်း - ကာကွယ်ဆေးကို အာနိသင်မပြယ်အောင် ထိန်းသိမ်းနိုင်မှု အနေအထားရော ကုမ္ပဏီအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ထားလဲ။
ဒေါက်တာရတနာ - “အဓိကတော့ Cold Chain ပေါ့၊ အအေးထိန်းတဲ့ဟာ၊ အအေးထိန်းတဲ့ဟာ အရေးကြီးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒါအတွက်ကို ညီမတို့ဆီက Sea Lion ရဲ့ ဆက်စပ်ကုမ္ပဏီဖြစ်တဲ့ SLDS ပေါ့၊ အဲဒါက ၂၀၂၀ နှစ်ကုန်ကနေ စပြီးတော့ ပြင်ဆင်တယ်။ ပြင်ဆင်ခဲ့ပြီးတော့ ဒီကြားထဲမှာ တရုတ်ကုန်သည်ကြီးများအသင်းက Sinopharm ပေ့ါ သွင်းလာတဲ့ ဆေးတွေကိုလည်း နယ်မြို့တွေကို ဝေးလံတဲ့နယ်မြို့တွေကို Cold Chain မပျက်အောင် ဆေးအာနိသင် မပျက်အောင် ထိန်းသိမ်းပေးရတာလည်း ရှိတယ်၊ သယ်ယူပို့ဆောင်ပေးရတာလည်း ရှိတယ်။ Dose ၂၅၀,၀၀၀ အတွက်ကို မြို့ပေါင်း ၃၀ ကျော်ကို ပို့ဆောင်ပေးခဲ့ရတယ်။”

ကိုဝင်းမင်း - အခုတခေါက်မှာလည်း မကြာခင် သောကြာနေ့မှာ ရောက်လာတော့မယ်ပေါ့။ အဲဒါတွေအတွက်ရော ဘယ်လိုပို့ဆောင်ဖို့ အစီအစဉ်ရှိလဲ။ ပြည်သူတွေအတွက် ဘယ်လောက်အစောဆုံး ကာကွယ်ဆေး ထိုးလို့ရနိုင်မလဲ၊ ဘယ်လိုဆက်သွယ်ရမလဲ။
ဒေါက်တာရတနာ - “ပထမဆုံးအသုတ် အနေနဲ့ကတော့ ညီမတို့က ရန်ကုန်မြို့က အဓိက။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျန်းမာရေးဝန်ကြီးဌာနက ဆေးထိုးနှံခွင့် ခွင့်ပြုချက် ရထားတဲ့ ဆေးရုံ ဆေးခန်းတွေကို အရင်ပို့ဆောင်မှာပေါ့။ ပြီးတော့မှ နောက်ပိုင်း ခွင့်ပြုမိန့်ရထားတဲ့ ဆေးရုံ စင်တာ နယ်တွေမှာရှိတယ်ဆိုလည်း အဲဒီဟာတွေပေါ့၊ ဆက်လက်ပြီးတော့ ပို့ပေးမှာပေါ့။”

 

VOABurmese

Read times
Rate this item
(0 votes)