What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 May 2019 13:48

ဆေးသောက်ပါရဲ့နဲ့ ဘာလို့ ကိုက်တယ် နာတယ် ဖြစ်တာလဲ (ဂေါက်ရောဂါ)

ဂေါက် (Gout) ရောဂါဆိုတာက လူတိုင်းလိုလို သိရှိပြီးဖြစ်တဲ့ ရောဂါတစ်မျိုး ၊ နောက်တော့ ပြင်းထန်တဲ့ အဆစ်နာခြင်း ၊ ရောင်ခြင်း ၊ ကိုက်ခဲခြင်း ဖြစ်တဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။

ဂေါက်ရောဂါဖြစ်လို့ ဆေးခန်းပြရတယ်။ ဆေးပုံမှန်သောက်တယ် ၊ ဆေးပတ်လည်အောင် အမြဲသောက်တယ် ၊ ဒါပေမယ့် မသက်သာဘူး။ အဲ့လိုဖြစ်လာရင် ပထမဆုံးအတွေးတစ်ခုဝင်တာလာက ဒီဆရာဝန် ဆေးပေးတာ မကောင်းဘူးဆိုတာပါပဲ။

 

ဒီလိုနဲ့ သံယသလည်နေရတဲ့သူတွေ အများကြီးရှိမယ်ထင်ပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဂေါက် (Gout) ရောဂါဆိုတာက Uric acid များတာကြောင့် ကိုက်ခဲတာကို ပိုဖြစ်တာဖြစ်ပါတယ်။ တခြားသောအကြောင်း အမျိုးမျိုးကြောင့် နာကျင် ၊ ကိုက်ခဲတာတွေ ရှိနိုင်သလို ၊ အများဆုံးအဖြစ်များတာက Uric Acid များလို့ ကိုက်တာ ၊ နာကျင်တာ ဖြစ်ပါတယ်။

 

ဒီလို ကိုက်တယ် ၊ နာကျင်တယ် ၊ တဆစ်ဆစ်ကိုက်လို့ နေလို့ထိုင်လို့မရ ၊ ဒီကြားထဲ ဆေးသောက်တာကလဲ မသက်သာ ဆိုတော့ ဝေဒနာရှင် တစ်ယောက်အနေ နဲ့ အတော်ကို ခံရခက်တယ်လို့ ပြောလို့ရပါတယ်။ ဆေးကိုလဲ နေ့စဉ်ပုံမှန် သောက်တယ် ၊ မသက်သာဘူးဆိုရင် စစ်ဆေးဖို့လိုတာ တစ်ခုကတော့ အစားအသောက်ပဲ ဖြစ်ပါတယ်။ ဂေါက် (Gout) ရောဂါမှာ အစားအသောက် ဘယ်လောက်ထိ အရေးပါလဲဆိုတာကို ဥပမာ အနေဖြင့် ပြောရမယ်ဆို လိုတာထက်ပိုရင်ဘေးဖြစ်တယ်ဆိုတဲ့ အတိုင်းပါဘဲ။

 

Read More: နှလုံးရောဂါအတွက် သိထားသင့်တဲ့ အရေးကြီး လက္ခဏရပ်များ

နှလုံးရောဂါအတွက် သိထားသင့်တဲ့ အရေးကြီး လက္ခဏရပ်များ

 

ဥပမာ - Uric Acid ပါဝင်တဲ့ အစားသောက်ကို တစ်ခုစားလို့ ဘာမှမဖြစ်နိုင်ဘူးဆိုပေမယ့် လိုတာထက်ပိုစားမိရင် Uric Acid ကို တိုးစေပြီး နာကျင် ၊ ကိုက်တာကို ပိုဖြစ်စေပါတယ်။ ဆေးသောက်တယ်ဆိုတာက မိမိမှာ ဒီရောဂါဖြစ်နေလို့ဆေးသောက်တာ ၊ ကိုယ်ခံအားကောင်းဖို့အတွက် အစားစားတာ ဖြစ်တဲ့အတွက် အစားအသောက်ကို မဆင်ခြင်ရင်တော့ ဆေးသောက်နေပေမဲ့လည်း ထိရောက်မှု ရှိမှာ မဟုတ်တော့ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် အစာက ဆေးကို ဖျက်နေတယ်လို့ပဲ ပြောရမှာပေါ့။

 

ဂေါက်ရောဂါမှာ Uric Acid က လူတစ်ယောက်မှာ ဘယ်လောက်ရှိသင့်လဲဆိုတာက ရှိပြီးသာဖြစ်ပါတယ်။ ကိုယ်က အစားအသောက်ကို မဆင်ခြင်ရင် Uric Acid ကို အားပေးရာရောက်မယ် နောက်တော့ ဆေးသောက်ရင် ဆေးမတိုးတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

 

" Uric Acid များတဲ့ ဝေဒနာရှင်များ အနေနဲ့ အစားအစာ တွေ မှာ purine ပါဝင်တဲ့ ပမာဏ ကို အထူးဂရုပြုသင့်ပါတယ်။ Purine 400 mg ထက်ပိုပါက က purine အရမ်းများတဲ့ အစားအစာ ဖြစ်ပြီး uric acid များတဲ့ သူများ အနေနဲ့ ရှောင် ကိုရှောင်သင့်ပါတယ်။ Purine 100 mg - 400 mg ကြားပါ ပါက Purine အတော်အတန်များတယ်လို့ ယူဆပြီး uric acid များတဲ့ သူများ အနေဖြင့် သတိထား ဆင်ခြင် စားပေးဖို့လိုပါတယ်။ Purine 100 mg အောက်ပါရင်တော့ Purine ပါဝင် မှု့ နည်းတဲ့ အစားအစာ လို့ သတ်မှတ်တဲ့ အတွက် uric acid များတဲ့ ဝေဒနာရှင် များ အနေနဲ့ စားဖို့ သင့်တော်ပါတယ်။ "

 

" ပုံမှန်အတိုင်းဆို တနေ့ကို 600-1000 mg အထိ စားလေ့ရှိကြပါတယ်။ ဒါပေမယ့် Uric acid များပြီး ဂေါက် (Gout) ရောဂါ ရှိသူများ အနေနဲ့ ဆိုရင် ရောဂါ အခြေအနေပေါ် မူတည်ပြီး 600 mg ထက်ကို လျှော့စားပေးရပါမယ်။ တချို့ဆို Purine 150 mg လောက်ပဲ စားရတဲ့ အခြေ အနေ ထိအောင် ရှိတတ်ပါတယ်။ ဒါတွေ က အရင်တည်း က Purine ပမာဏကို သေချာ တွက်ချက်ပြီး မစားမိခဲ့လို့ နောက်ပိုင်းမှာ ပိုခံစားရတာမျိုးပါ။ (Dr.Nyi Nyi Kyaw)"

 

Uric Acid များတဲ့ Gout (ဂေါက်) ရောဂါ ဝေဒနာရှင်များ ဆင်ခြင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

 

Photo Source : Dr.Nyi Nyi Kyaw

Writting By : A.Win (Health Products Directory)

Read times
Rate this item
(3 votes)