What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 April 2022 09:41

ကလေးငယ်လေးတွေကို ဒူးရင်းသီးစားရင်တားသင့်လား ?

ကလေးငယ်လေးတွေ အစားစစားတတ်ပြီ ဆိုတာနဲ့ မေမေတို့က တစ်ခုပြီးတစ်ခုကလေးတွေကို

စမ်းသပ်ကျွေးကြည့်ချင်ကြပါတယ်။သစ်သီးတွေ ဇွန်းလေးတွေနဲ့ ခြစ်ကွေး သရေစာတွေကျွေးပြီး ကလေးကို အာဟာရတိုးစေကြပါတယ်။

 ဒီနေရာမှာ အခုချိန်ရာသီပေါ်စာအနေနဲ့ ဒူးရင်းသီးကို ကလေးတွေ ကျွေးသင့် မကျွေးသင့် ကိုပြောပြပေးချင်ပါတယ် ။ဒူးရင်းသီးကို ကြိုက်တဲ့သူများတာကြောင့် ကလေးကိုလည်း စားကောင်းပါစေ ဆိုတဲ့ စိတ်နဲ့ ကျွေးတတ်ကြပါတယ်။

ကျွေးလို့ရလားဆိုတော့ ရပါတယ်။ အများကြီးတော့ မကျွေးမိ ပါစေနဲ့ ။ ဘာလို့လဲဆိုတော့ ဒူးရင်းသီးမှာ သကြားဓာတ် ပါဝင်မူက အင်မတန်မြင့်တာကြောင့်ပါ

ဒူးရင်းသီးမှာ ပရိုတင်း၊ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

အမှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီ အမျှင်ဓာတ်ကပဲရေကို အလွယ်တကူ စုပ်ယူနိုင်ပြီး အူတွေ အစာအိမ်တွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့်အူပိတ်တာ ဝမ်းချုပ်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ အပူစာ ဖြစ်တာကြောင့် ကလေးအနေနဲ့ ဒူးရင်းသီးကို အများကြီး စားမိမယ်ဆိုရင် အပူကန်ပြီး လည်ချောင်းနာတာ၊ အစာမကြေတာ နဲ့ အိပ်မပျော်တာလိုမျိုး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါ​ကြောင့် ကလေးကို ဒူးရင်းသီး စားပြီးတိုင်း ရေသေချာ တိုက်ပေးပါ။

ကလေးက တစ်နှစ် မပြည့်သေးဘူးဆိုရင်တော့ ဒူးရင်းသီးကို လုံးဝမကျွေးတာ အကောင်းဆုံးပါ။ ဒူးရင်းသီးက အစာကြေဖို့ ခက်သလို အနံ့အရသာ ပြင်းတာ၊ သကြားဓာတ် ပါဝင်မှုမြင့်တာတွေကို ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးခိုင်းရခြင်းကတော့ ကလေးက သွားတွေ စုံအောင်မထွက်သေးတာကြောင့်ပါ ။ ဒီလို သွားပမာဏ နည်းနည်းလေးက အမျှင်ဓာတ်များတဲ့ ဒူးရင်းသီးကို သေချာ ကြိတ်ဝါးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 

ဒီတော့ ကလေးက အလွယ်တကူ မျိုချလိုက်ပါမယ်။ ဒီလိုမျိုချတာက လည်ချောင်းမှာ အစာနင်တာ၊ လေပြွန်ပိတ်တာလိုမျိုး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။

အသက် ၁ နှစ်အောက် ကလေးရဲ့ လည်ချောင်း၊ လေပြွန်၊ အစာရေမျိုတွေက တော်တော်လေး သေးငယ်ပါသေးတယ်။ ဒါ​ကြောင့် အသက် ၁ နှစ်အောက် ဘေဘီလေးကို အသက်ရှူကြပ်တဲ့ ပြဿနာမျိုး မဖြစ်စေဖို့ ဒူးရင်းသီး မကျွေးသင့်ပါဘူး။

Read times Last modified on Tuesday, 17 May 2022 21:59
Rate this item
(0 votes)