မိမိခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ထားခြင်းဟာ တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် အရမ်းကို အရေးကြီးပါတယ်။
အမျိုးသမီးရယ်လို့ ဖြစ်လာပြီဆိုကတည်းက တစ်လတစ်ခါ ရာသီလာခြင်း ဆိုတာကို ကြုံတွေ့ကြရပါတယ်။ ဒီလို ရာသီလာတိုင်းမှာလည်း သန့်စင်ဖို့အတွက် ဘယ်လိုတွေ နေထိုင်ရမယ် လုံခြုံမှု ရှိဖို့ ဘယ်လိုတွေ ပြုမူကြရမယ်ဆိုတာ ကရိကထတစ်ခုပါဘဲ။
သို့သော် တချို့သော ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက လိုအပ်တာထက် ပိုပြီး အလွန်အကျွံ သန့်စင်အောင် လုပ်တဲ့အခါ တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်း အန္တရာယ် ရှိတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလွန်အကျွံ မလုပ်ပဲ သင့်တော်ရုံသာ ပြုလုပ်သင့်ပါတယ်။
ယောနိ (မိန်းမကိုယ်) ကနေ အနံ့ဆိုးထွက်တိုင်း သင့်ခန္ဓာကိုယ်က ညစ်ပတ်တာ မဟုတ်ပါဘူး။ အမျိုးသမီးတချို့ဟာ ဒီလို အနံ့ဆိုး ထွက်တဲ့အခါ ရှက်ပြီး ယောနိကို အလွန်အကျွံ သန့်စင်အောင် ပြုလုပ်တတ်ကြပါတယ်။
အထူးသဖြင့် အမျိုးသမီးသုံး သန့်စင်ဆေးရည်မှာ ယောနိရဲ့ ဆီလျော်တဲ့ pH level နဲ့ မကိုက်ညီရင် အခြေအနေက ပိုမို ဆိုးရွားနိုင်ပါတယ်။
တကယ်လို့ မဖြစ်မနေ သုံးချင်တယ်ဆိုရင်တော့ နူးညံ့ပြီး အနံ့ပါဝင်မှု နည်းတဲ့ အမျိုးသမီးသုံး သန့်စင်ဆေးရည်ကို ဘယ်လို ရွေးချယ်မလဲ ဆိုတာကတော့ စဉ်စား စရာတစ်ခုလဲ ဖြစ်လာပြန်ပါတယ်။
ဒါကြောင့် ရွေးချယ်စရာတစ်ခုအဖြစ် ဘီတာဒင်း (Betadine) လို့ခေါ်တဲ့ အမျိုးသမီးသုံး သန့်စင်ဆေး အကြောင်းကို ရှင်းပြပေးချင်ပါတယ်။
ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်ကို ဘသာဝပစ္စည်းများမှ ထုတ်လုပ်ထားပြီး ပရီဘိုင်းအိုးတစ် ပါဝင်တာမို့ ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေကို ထိန်းသိမ်းပေးလို့ သဘာဝအတိုင်း နူးညံ့တဲ့ ကာကွယ်မှုကို ပေးနိုင်ပါတယ်။
ယောနိ (မိန်းမကိုယ် အင်္ဂါ ) မှ အနံဆိုးများထွက်ခြင်း၊ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်ခြင်း ၊ ယားယံခြင်း ၊ ဘက်တီးရီးယားပိုးဝင်ခြင်း ၊ ငါးညှီနံလို ညှီစို့စို့ အနံ့မျိုး ထွက်ခြင်း ၊ ဓာတ်မတည့် ယားယံမှု မဖြစ်စေခြင်း စတဲ့ လက္ခဏာ တွေအတွက် ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်ကို အသုံးပြုလို့ ရပါတယ်။
ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်မှာ ယားယံမှုများကို တားဆီးပေးသည့် Avena Oat ပါဝင်ခြင်း ၊ အနံဆိုးထွက်ခြင်းများ နှင့် ဘက်တီးရီးယား များကို ကာကွယ်ပေးပြီး ပိုမိုသန့်စင်စေသည့် Lactic Acid များပါဝင်ပါတယ်။
ဒါပြင် Anti itch Avena Oats ( သဘာဝနှံစားပြောင်းတစ်မျိုး) သည် အမျိုးသမီး အင်္ဂါကို နူးညံ့စွာ သန့်စင်စေပြီး ယားယံမှုများကို တားဆီးပေးပါတယ်။
ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်ကို အမျိုးသမီးများ နေ့စဉ်မိန်းမကိုယ် သန့်စင်မှု လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်ထားပြီး အကျိုးပြုဘက်တီးရီးယားများကို ထိန်းသိမ်းပေးသော ပရီဘိုင်အိုးတစ် ပါဝင်တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်စွမ်းကို ကာကွယ်တားဆီးပေးပါတယ်။
ရေဓာတ်အဆင့် ၃.၅ မှ ၄.၅ အတွင်း ထိန်းသိမ်းပေးသောကြောင့် ခြောက်သွေ့ ယားယံခြင်း နှင့် အနံဆိုးထွက်ခြင်းကို သက်သာစေပါတယ်။
ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည်ကို အမြုပ်ပုံစံဖြင့် ထုတ်လုပ်ထားတာကြောင့် အသုံးပြုရာတွင် အလုပ်မရှုပ်စေဘဲ အဆင်ပြေ လွယ်ကူစေပါတယ်။
နောက်ထပ် ဆီလျော်ကောင်းမွန်တဲ့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေအကြောင်းကိုလည်း အလျဉ်းသင့်ရင် တင်ပြပေးပါဦးမယ်။
Writting By: Health Products Directory