ကျောက်ကပ်ရောင်ရသည့် အကြောင်းအရင်းများမှာ ရုတ်တရက် ကျောက်ကပ်ရောင်ရမ်းခြင်း ၊ နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်း ၊ ဆီးအိမ်ဆိုင်ရာ ကျောက်ကပ်ရောင်ရမ်းခြင်း နှင့် ကျောက်ကပ်ရှိ သွေးကြောငယ်တို့ ရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်စေပါသည်။
ကျောက်ကပ်ရောင်ရမ်းမှုဆိုင်ရာ လက္ခဏာများ
- ခန္ဓာကိုယ်တွင်းမှာရှိသော တစ်သျှူးအတွင်းအရည်စုပုံမှုမှ ဖြစ်စေခြင်း။
- ခြေထောက် ၊ ခြေကျင်းဝတ် ၊ ခြေဖမိုး နှင့် လက် စသည်တို့မှာ ဖြစ်ခြင်း။
- ဆီးသွားသော အကြိမ်ရေနှင့် ဆီးသွားသည့် ပမာဏနည်းတာ ၊ များတာ ဖြစ်ခြင်း။
- ဆီးအရောင်ပြောင်းခြင်း။
- အလွန်အမင်းနှံး ၊ အားနည်းခြင်း။
- အသက်ရှုရခက်ခဲခြင်း ၊ သွေးတိုးခြင်း ၊ ဆီးထဲသွေးပါခြင်း ၊ အရေပြားယားယံခြင်း။
- ပျို့အန်ချင်ဖြစ်ခြင်း နှင့် အန်ခြင်း စသည်တို့ဖြစ်သည်။
ကျောက်ကပ်ရောင်ချိန်လိုက်နာသင့်သော အချက်များ
- တစ်နေ့မှာ ရေ ၈-၁၂ ခွက်သောက်ပါ။
- အုန်းရေကို လတ်လတ်ဆတ်ဆတ်သောက်ပါ။
- ဟင်းသီးဟင်းရွက်ဖျော်ရည်များများသောက်ပါ။
- ပရိုတင်းပါဝင်မှုများသော ဟင်းသီးဟင်းရွက်များကိုလျှော့စားပါ။
- ဆားပါဝင်မှုများသော အစာကိုရှောင်ပါ။
- ဖော့စ်ဖရပ်စ်နှင့် အောက်ဇဲလစ်အက်ဆစ်ပါဝင်သော အစာတို့ကိုရှောင်ပါ။
- သစ်သီးများများစားပါ။ေ
Myanmar Health Products Guide