What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 June 2022 15:38

အာရုံကြော အားနည်းသူများ စားပေးသင့်သောအစားအစာများ

အာရုံကြော အားနည်းသူများ စားပေးသင့်သောအစားအစာများ health.com

အာရုံကြောစနစ် အားနည်းတဲ့သူတွေဆိုရင် အခြားကျန်းမာရေးဆိုးကျိုးတွေ ဝင်ရောက်လာနိုင်ပြီး ရေရှည်အသက်ရှည်ဖို့ မလွယ်ပါဘူး။

ထို့ကြောင့် အာရုံကြောအားနည်းရင် အထူးပြုစားပေးသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ပဲအမျိုးမျိုး

ပဲမှာ ဗီတာမင်၊ ပရိုတင်း၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ကယ်လ်စီယံဓာတ်တွေ ပါဝင်ပါတယ်။ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ထိခိုက်ဒဏ်ရာရခြင်းအတွက်လည်း ဆဲလ်အသစ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၂. အသီးအရွက်အမျိုးမျိုး

အသီးအရွက်အမျိုးမျိုးမှာလည်း တစ်ခုချင်းဆီအလိုက် အာရုံကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အက်စစ်ဓာတ်တွေ ပါဝင်ပါတယ်။ အာရုံကြောချို့ယွင်းနေသူတွေအတွက် အားဖြည့်သဘာဝဆေးတွေ ဖြစ်ပြီး နေ့စဉ်ပုံမှန်စားသောက်ပေးရမှာ ဖြစ်ပါတယ်။

၃. ငါးအမျိုးမျိုး

များသောအားဖြင့်တော့ ဆော်လမွန်ကဲ့သို့သော သမုဒ္ဒရာအအေးပိုင်းဇုန်မှာ ကျက်စားတဲ့ ငါးမျိုးတွေက ပိုသင့်တော်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလို ငါးမျိုးမရနိုင်တဲ့အတွက် ငါးသလောက်ကလွဲရင် ကျန်တဲ့ငါးတွေကို စားလို့ရနိုင်တယ်လို့ ဆိုပါတယ်။

၄. အသားအမျိုးမျိုး

အသားအမျိုးမျိုးထဲမှာ ဝက်သားကိုတော့ ဖယ်ထုတ်စေချင်ပါတယ်။ ကျန်တဲ့ အသားတွေထဲမှာတောင် အလွန်အမင်းကြီး စားတာထက် နေ့စဉ် အနည်းငယ်စားပေးရုံနဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

၅. ဥအမျိုးမျိုး

ကြက်ဥအစရှိတဲ့ ဥအမျိုးမျိုးမှာလည်း ပရိုတင်းဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အာရုံကြောစနစ်ကို တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ပေးပြီး မိမိစားနိုင်သလောက် စားပေးလို့ရတယ်လို့ သိရပါတယ်။

Read times
Rate this item
(0 votes)