နေ့စဉ်ပြုမူဆောင်ရွက်ရတဲ့ လုပ်ငန်းဆောင်တာများကို ခွန်အားပြည့်ဝစွာ ဆောင်ရွက်နိုင်ဖို့က ညဘက်မှာ အိပ်ရေးဝဖို့ အရေးကြီးတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ညဘက်မှာကောင်းမွန်စွာ အိပ်စက်ဖို့အတွက် အရေးကြီးသလို အိပ်စက်ပုံ မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။
၁. ခန္ဓာကိုယ် သွေးဖြူကြောစနစ် လှုပ်ရှားမှုကို ကောင်းမွန်စေတယ်။
သွေးဖြူကြောစနစ်ဟာ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းများနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းများကို ဖယ်ရှားပေးရာမှာ အဓိကကျတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ သွေးဖြူကြော စနစ်ရဲ့ အဓိက အကြောမကြီး ဖြစ်တဲ့ thoracic duct ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့အတွက် ဘယ်ဘက်ခြမ်းကို စောင်းအိပ်ပေးခြင်းက သွေးဖြူကြော စနစ်ရဲ့ လုပ်ဆောင်ခြင်းကို ပိုပြီး မြန်ဆန်စေပါတယ်။
၂. သရက်ရွက်ကို အလုပ်လုပ်နှုန်း ပိုကောင်းမွန်စေတယ်။
သရက်ရွက်ဟာ သွေးဖြူကြော စနစ်မှာ အကြီးဆုံး အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သူလည်းပဲ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ထို့ကြောင့် သင့်ရဲ့ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းကို စောင်းအိပ်တဲ့ အခါမှာ မြေဆွဲအားကြောင့် သရက်ရွက်ထဲကို သွေးများစီးဆင်းစေပြီး အညစ်အကြေးများကို စစ်ထုတ်နိုင်စေပါတယ်။
၃. အညစ်အကြေးများကို ပိုမို လွယ်ကူစွာ စစ်ထုတ်စေနိုင်တယ်။
အူမကြီးနဲ့ အူသိမ်ဆုံရာ နေရာဟာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ထို့ကြောင့် သင်ညာဘက်ခြမ်းကို စောင်းအိပ်မယ်ဆိုရင် အူသိမ်မှာ အစာ အညစ်အကြေးများဟာ ကမ္ဘာ့မြေဆွဲအားကြောင့် ပိုမိုလွယ်ကူစွာ ရွေ့လျားနိုင်တဲ့အတွက် သင့်ရဲ့ အူမကြီးဟာ အညစ်အကြေးများကို ပိုမိုလွယ်ကူစွာ စွန့်ပစ်နိုင်စေမှာ ပဲဖြစ်ပါတယ်။
၄. ညဘက် ရင်ပူရင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း။
ညာဘက်ကို စောင်းအိပ်လိုက်ရင် သင့်ရဲ့ အစာအိမ်ဟာ အစာရေမျိုပြွန်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ ကြွက်သားအောက်ကို ရောက်နေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဘယ်လက်ကို အိပ်စက်ခြင်းဟာ အစာအိမ်ထဲမှာ အစာများကို အစာရေမျိုပြွန်ထဲ ပြန်လည်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၅. သင့်ရဲ့ အသည်းကို အလွန်အကျွံ အလုပ်လုပ်ခြင်းမှာ ကာကွယ်ပေးတယ်။
အသည်းဟာ ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းမှာ တည်ရှိတဲ့အတွက် ဘယ်ဘက်သို့ စောင်းအိပ်ခြင်းဟာ အသည်းကို ဖိမိထားခြင်းမှ ကာကွယ်ပေးပါတယ်။ ဘယ်ဘက်ကို စောင်း အိပ်ခြင်းဟာ အဆိပ်အတောက်ဓာတ်တွေ အသည်းထဲကို မဝင်စေဖို့ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
၆. သင့်ရဲ့ နှလုံးအတွက် ကောင်းမွန်တယ်။
ဘယ်ဘက်ခြမ်းကို စောင်းအိပ်ခြင်းဟာ သင်ရဲ့ နှလုံး ဘယ်ဘက်ခြမ်းကို လွယ်ကူစွာ အလုပ်လုပ်စေနိုင်ပြီး ပင်မသွေးလွှတ်ကြော (နှလုံးဘယ်ဘက်ခန်းက) ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။
Myanmar Health Products Guide