What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 July 2022 10:56

အစားစားပြီးတိုင်း ရင်ပူတာ ၊ ရင်ခေါင်း ပူစပ်စပ်ဖြစ်တဲ့ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

အစားစားပြီးတိုင်း ရင်ပူတာ ၊ ရင်ခေါင်း ပူစပ်စပ်ဖြစ်တဲ့ ပြဿနာ ကတော့ တနည်းပြောရင်တော့ လေချဉ်တက်တာလို့ ပြောလို့ရပါတယ်။

လေချဉ်တက်တဲ့ ဘယ်လိုမျိုးတွေ ခံစားနိုင်သလဲဆိုရင် ရင်ပူခြင်း ၊ ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက်အလယ်ပိုင်းတွင် အက်ဆစ်ပြန်တက်ခြင်းကြောင့် ပူစပ်ပူလောင်ခံစားရပါတယ်။

ဒီလိုဖြစ် ခံစားမှုမျိုးကိုတော့ အစာအလွန်အကျွံစားသောက်ပြီးနောက် လှဲလှောင်ခြင်း၊ ကိုယ်ခန္ဓာကွေးညွတ်ခြင်း သို့မဟုတ် အလေးအပင်မခြင်းတို့ပြုလုပ်သည့်အခါ ဖြစ်ပေါ်တတ်ပါတယ်။

အက်ဆစ်ပြန်တက်ခြင်း၏ အခြားသောလက္ခဏာများမှာ အစာအိမ်မှအက်ဆစ်က အစာပြွန်တွင်း တက်လာသောကြောင့် လည်ချောင်းနောက်ဖက်ပိုင်းတွင် ချဉ်သော သို့မဟုတ် ခါးသောအရသာခံစားရခြင်း ဖြစ်ပါတယ်။

viber1.jpg

အကြောင်းအရင်းမရှိ ချောင်းဆိုးခြင်းကလည်း အက်ဆစ်ပြန်တက်ခြင်း၏ လက္ခဏာများဖြစ်ပါတယ်။ လည်ချောင်းနာခြင်း သို့မဟုတ် အသံကွဲအက်ခြင်းတို့မှာလည်း အစာအိမ်မှအက်ဆစ်သည် လည်ချောင်းနှင့်အသံအိုးတို့အထိ တက်လာကာ အသံအိုးအား ရောင်ရမ်းစေခြင်းကြောင့်ဖြစ်ပါတယ်။

စိုးရိမ်စရာဖြစ်လာမည့် လက္ခဏာများကတော့ အစာမျိုရခက်ခြင်း၊ စားနေချိန်နင်ခြင်း၊ အစာပြွန်ထဲတွင် အစာတစ်နေသကဲ့သို့ ခံစားရခြင်း ၊ သွေးအံခြင်း သို့မဟုတ် ဝမ်းအရောင်နီခြင်း၊ မည်းခြင်း တို့ဖြစ်ပါက ဆရာဝန်ပြသဖို့လိုပါတယ်။

အစိုပါ လက္ခဏာတွေက အသက်အရွယ်အပိုင်းအခြားမရွေး လူကြီး ၊ လူငယ်တိုင်းတွင် ဖြစ်တက်ပါတယ်။

လေချဉ်တက်ခြင်း၏ မပြင်းထန်သေးသောလက္ခဏာများကို ဆေးဆိုင်မှ ဆေးဝယ်သောက်ခြင်းဖြစ် သက်သာစေနိုင်ပြီး ပျက်စီးသွားသောတစ်ရှုးများလည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်ပါတယ်။

အစာနည်းနည်းသာစားခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ခြင်း၊ လက္ခဏာများဖြစ်ပေါ်စေသည့် အစားအစာများရှောင်ရှားခြင်းတို့ဖြင့် လေချဉ်တက်ခြင်း ပြဿနာကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

အစာအိမ်အက်ဆစ်ထွက်နည်းစေရန် သို့မဟုတ် ထွက်ခြင်းကိုဟန့်တားရန်ဆေးများ သောက်ခြင်းသည်လည်း မှန်ကန်သောကုသမှုများဖြစ်ပါတယ်။

Myanmar Health Products Guide

viber.jpg

Read times Last modified on Wednesday, 27 July 2022 11:00
Rate this item
(0 votes)