What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 June 2022 13:37

အစာအိမ်ရောဂါ စတင်ဖြစ်ပွားပုံ အဆင့်ဆင့်

အစာအိမ်ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုး( Helicobacter pylori ) ဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာ ကိုတော့ တိတိကျကျ မသိသေး ပါဘူး။

ဖြစ်နိုင်တာက ပိုးပါသောရေနဲ့အစာတွေကတစ်ဆင့်ကူးဆက် တယ်လို့ယူဆပါတယ် ။ ရောဂါပိုးရှိသူရဲ့တံတွေးမှ တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်းစုပ်နမ်းခြင်းမှလည်း ကူးဆက်နိုင်တယ်လို့ယူဆ ကြပါတယ် ။ ကမ္ဘာ့ လူဦးရေရဲ့၅၀% မှာပိုးတွေရှိနေတာတွေ့ပါတယ် ။ အထူးသဖြင့်ဖွံ့ဖြိုးဆဲတိုင်းပြည် တွေမှာပိုမိုတွေ့ရှိရပါတယ် ။ ဒါပေမဲ့ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိ တိုးတက်ဖြစ်ပွါးတာ တွေ့ရပါတယ်။

ဒါကြောင့်ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှကင်ဆာဖြစ်အောင်မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ် ။ ထိုပိုးဟာအစာအိမ်မှထုတ်သော ကားရဲ့ဘက်ထရီနီးပါးပြင်းတဲ့ အက်စစ် ထဲမှာ နေနိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင် တာကြောင့်ဖြစ်ပါတယ် ။ အဲ့ဒီအင်ဇိုင် း ကြောင့်အက်စစ်ကိုခြေဖျက်နိုင်တဲ့ အပြင်အစာအိမ်မှာရှိတဲ့ဆဲလ်တွေကိုလည်း သေစေနိုင်ပါတယ် ။

ဒါကြော င့်အစာအိမ်ရောင်ခြင်းနဲ့ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါ တယ် ။ အစာအိမ်ထဲမှာဖြစ်တဲ့ အနာကိုအစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင် း (Duodenum) ဒူအိုဒီနန်မှာအနာဖြစ်ရင်အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ် ။

မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ် ။ အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့ အနာလိုပါပဲ။ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကြော်လှော် စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ်ရောဂါရဲ့လက္ခဏာ တွေပိုမိုခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျ ိုးမှာ အစာအိမ်အနာမှသွေး ထွက်ခြင် း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင် း သွားပြီးအစာအိမ်နံရံပေါက်သည် အထိဖြစ်နိုင်ပါတယ်။ ထိုဘက်တီးရီးယားပိုးများအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါ တယ် ။ အဲ့ဒါတွေက ကိုရီးယားအနီရောင် ဂျ င်ဆင် း ၊ ရေနွေးကြမ် း၊ ဝိုင်အနီ၊ ကြက်သွန်ဖြူ နှင့်ပန်းဂေါ်ဖီစိမ် း တို့ဖြစ်ပါတယ် ။ Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည်တို့သောက်ခြင်းနဲ့အစာအိမ်ကင်ဆာတို့ကြောင့်ဖြစ်ပါတယ် ။ ဒါကြောင့်ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့လိုအပ်ပါတယ် ။ Helicobacter pylori ပိုးကို သွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နို င်ပါတယ် ။

health care

Additional Info

  • Sidebar Banner: ads-sample
Read times Last modified on Tuesday, 14 June 2022 17:21
Rate this item
(0 votes)